- ホーム
- なぜ就職できないのですか?ဘာကြောင့်အလုပ်မရနိုင်သေးတာလဲ?

なぜ就職できないのですか?ဘာကြောင့်အလုပ်မရနိုင်သေးတာလဲ?
ကျွန်မတို့တွေ အလုပ်အကိုင်ရှာဖွေနေရတဲ့အချိန်မှာ ကိုယ့်အသိမိတ်ဆွေ တော်တော်များများ က内定(အလုပ်ကြိုတင်ခန့်စာ)များရနေပြီး ကိုယ်က အလုပ်မရသေးရင် Stress(စိတ်ဖီစီးမှုတွေ)ရနေလိမ့်မယ်လို့ထင်ပါတယ်။就職活動ကို ကိုယ်တိုင်က ကြိုးစားပြီးအလုပ်ရှာဖွေနေပေမယ့်အခွင့်အရေးကကိုယ့်အတွက်ရောက်မလာသေးရင်၊ကိုယ်တိုင်မေးခွန်းထုတ်ဖို့လိုအပ်နေပြီလို့တွေးကြည့်ပါ။စာမေးပွဲတခုကိုဖြေနေရသလိုပါပဲကိုယ်တိုင်က ငါ အောင်ကို အောင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားရင် အခွင့်အရေးဆိုတာ ကိုယ့်ရဲ့ လက်တကမ်းမှာပဲရှိပါတယ်။ အောင်မြင်တဲ့လူတိုင်းက ကြိုးစားခဲ့ကျတဲ့သူတွေဖြစ်ပြီး သူတို့တွေ အောင်မြင်မှု မရခင်က အခက်အခဲတွေ စိတ်ဖီစီးမှုတွေကို မလွဲမသေ ကြုံခဲ့ ရတာပါ။ ဒါကြောင့် ကိုယ်ရဲ့ ကျနေတဲ့ စိတ်ကို ပြန်ကောက်တင်ပါ။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကြိုးစားနေပေမဲ့ ဘာကြောင့် အလုပ်မရတာလဲ ကိုယ်တိုင်က ဘာတွေမှားနေလဲ? ဆိုတာအရင်ဆုံးသိအောင်လုပ်ပါ။ ကိုယ့်မှာလိုအပ်နေတဲ့ အရာတွေကို ကိုယ်တိုင်သိအောင် ရှာဖွေပါ။ ဒါဆိုရင် အဖြေက ထွက်လာပါလိမ့်မယ်။
၁။ဘာကြောင့်လဲဆိုတဲ့ အားနည်းချက်း
အလုပ်ရှာတဲ့အခါမှာ ပထမဆုံးအနေနဲ့ အလုပ်မရသေးတာဟာ ဘာကြောင့်လဲဆိုတဲ့ အားနည်းချက်ကို သိထားမယ်ဆိုရင် အဲ့မေးခွန်းရဲ့ အဖြေကို နားလည်လာပြီဆိုရင် အလုပ်ရှာရတာပိုမိုလွယ်ကူလာပါလိမ့်မယ်၊၊
အလုပ်မရသေးတာကတော့တစ်ယောက်နှင့်တစ်ယောက် အကြောင်းအရင်းတွေတူချင်မှတူလိမ့်မယ်။အကြမ်းဖျင်းလေ့လာကြည့်သလောက်ကတော့
ဂျပန်လို အရမ်းကို စည်းစနစ် စည်းကမ်းကြီးပြီး စာအုပ်ကြီးလိုနိုင်ငံမှာ အလုပ်တခုရဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။
အင်တာဗျူးအောင်ခြင်း၊မအောင်ခြင်းဆိုတာကလဲ ကိုယ်ဖြေလိုက်တဲ့ အဖြေအပေါ်မှာ ၁၀၀%သက်ဆိုင်နေပါတယ်။ သူတို့မေးတဲ့မေးခွန်းတွေကို ဖြေတဲ့ အခါ အမှားအမှန်ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိပါဘူး။မေးခွန်းတစ်ခုနှစ်ခုလောက်မဖြေနိုင်တာနဲ့အင်တာဗျူးမအောင်ဘူးဆိုတာမျိုးမဟုတ်ပေမယ့် ကိုယ်တိုင်ကဒီအလုပ်ကို ဘာကြောင့်လုပ်ချင်ရတာလဲ?ဆိုတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ကောင်းမွန်စွာမပြောပြနိုင်ရင် အင်တာဗျူး အောင်ဖို့ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။
၂။အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်.........
ကိုယ့်ရဲ့အလုပ်လုပ်ချင်တဲ့ရည်ရွယ်ချက်ကိုဖြေတဲ့အခါဘာကြောင့်ဒီကုမ္ပဏီမှာအလုပ်လုပ်ချင်ရတာလဲ?
ကိုယ်ဘယ်လောက်ပဲတော်နေပါစေ ကိုယ့်ရဲ့ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နှင့်စိတ်အားထက်သန်မှုကိုကောင်းကောင်းမဖော်ပြနိုင်ရင်အင်တာဗျူးအောင်ဖို့ကရာခိုင်နှုန်းတော်တော်နည်းပါတယ်၊၊ကုမ္ပဏီတွေကလည်းအလုပ်ကြိုးစားချင်စိတ်မရှိတဲ့၊စိတ်အားထက်သန်မှုမရှိတဲ့ သူတွေကို အလုပ်မခန့်ချင်ကြပါဘူး၊၊ဒါကြောင့် အင်တာဗျူးတဲ့သူတွေကိုဒီကုမ္ပဏီမှာအလုပ်လုပ်ချင်ရတဲ့ရည်ရွယ်ချက်နှင့်ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကိုသူတို့နားလည်သဘောပေါက်အောင်ပြောပြခြင်း
နောက်တခုသတိပြုရမဲ့အချက်-အင်တာဗျူးတဲ့သူရဲ့ မေးခွန်းကို သေချာနားမထောင်ဘဲ ကိုယ်ပြောချင်တာဘဲဇွတ်ပြောနေတတ်တာမျိုးဆိုလည်း ဂျပန်တွေက သဘောမကျခြင်း လူမှုဆက်ဆံရေးလို့ပြောတဲ့အခါမှာစကားအပြောကောင်းတာမျိုးကိုဘဲဆိုလိုတာမဟုတ်ဘဲတစ်ယောက်နှင့်တစ်ယောက်အချိတ်အဆက်မိမိပြောဆိုခြင်း
တဖက်လူရဲ့စကားကိုကိုယ်ကသေသေချာချာနားလည်အောင်နားမထောင်ဘဲကိုယ်ကဘဲပြောနေရင်တဖက်သားကိုလေးစားမှုမရှိခြင်း
စတဲ့အချက်တွေက အင်တာဗျူးအောင်ဖို့အတွက် ရာခိုင်နှုန်းတော်တော်နည်းသွားနိုင်ပါတယ်၊၊
၃။ကုမ္ပဏီရဲ့ အကြောင်းကို သေချာလေ့လာထားခြင်း
အင်တာဗျူးသွားတဲ့အခါ ကုမ္ပဏီရဲ့ အလုပ်နှင့်ပတ်သတ်တဲ့ 情報တွေကိုသေသေချာချာမလေ့လာထားခြင်း
ကုမ္ပဏီအများစုကအလုပ်ခန့်ဖို့အတွက်လူဦးရေကိုသတ်မှတ်ထားပြီးသားပါ။ဒါကြောင့် ကိုယ်ကအခြားသူတွေနှင့်အလုပ်တခုကိုအပြိုင်ရယူဖို့ကြိုးစားတဲ့အချိန်မှာသူများထက်ခြေတလှမ်းစောနေမှကိုယ့်အတွက် チャンスကပိုရရှိနိုင်မှာဖြစ်ပါတယ်၊၊အဲ့ဒီအတွက်ကြောင့် အင်တာဗျူးမှာကုမ္ပဏီရဲ့အကြောင်းကုမ္ပဏီရဲ့လုပ်ငန်းတွေကိုကြိုတင်လေ့လာထားမယ်ဆိုရင်ကုမ္ပဏီရဲ့ 情報တွေကို ကောင်းမွန်စွာဖြေဆိုနိုင်မယ်ဆိုရင်ဒါဟာ ကိုယ့်အတွက် အားသာချက်အဖြစ်ပြောင်းလဲသွားပြီး အင်တာဗျူးအောင်နိုင်ခြေများပါတယ်။
၄။ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်
ဘာကြောင့်လဲဆိုရင်ကျွန်မတို့လူမျိုးတွေရဲ့အားနည်းချက်ကကြိုတင်ပြင်ဆင်မှုလုပ်တဲ့နေရာမှာအနည်းငယ်အားနည်းတယ်လို့ထင်ပါတယ်။ဒါကြောင့်အင်တာဗျူးဖြေဖို့အတွက်ကြိုတင်ပြီးလေ့ကျင့်ထားခြင်း၊အင်တာဗျူးသွားတဲ့အခါမှာလူကြောက်တဲ့စိတ်မဖြစ်အောင် မိမိရဲ့ အိမ်မှာပဲ မှန်ကြည့်ပဲဖြစ်ဖြစ်သူငယ်ချင်းအချင်းချင်း အပြန်အလှန်လေ့ကျင့်တာမျိုးကို လုပ်သင့်ပါတယ်။ တကယ်လို့အင်တာဗျူးသူတွေကမေးခွန်းတွေကိုမေးတဲ့အခါကိုယ့်ဘက်ကနေသူတို့မေးတာကိုမှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ဖြေဆိုပြီးအကျိုးကြောင်းဆီလျှော်စွာဘယ်လိုဖြေနိုင်မလဲဆိုတာကိုအကဲဖြတ်တက်ကျပါတယ်။အင်တာဗျူးမှာဘာမေးနိုင်လဲဆိုတာဘယ်သူမှကြိုမခန့်မှန်းနိုင်ပေမဲ့အများအားဖြင့်ကတော့မေးနိုင်မယ့်မေးခွန်းတွေကိုကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်အမှားအယွင်းနည်းနိုင်ပြီးကိုယ့်အတွက် အလုပ်ရနိုင်ဖို့အခြေအနေက များပါတယ်။
အလုပ်မရသေးတဲ့သူများလည်းစိတ်ဓါတ်ကျအားမငယ်ပါနဲ့။ပိုကောင်းတဲ့အခွင့်အလမ်းတွေက စောင့်နေလို့လဲဖြစ်နိုင်ပါတယ်။ကြိုးစားကျပါလို့အားပေးရင်းအားလုံးနဲ့အတူတူကြိုးစားချင်ပါတယ်ရှင့် ။
မိမိရဲ့ အတွေ့အကြုံနှင့် ဗဟုသုတလေးတွေကို တစိတ်တပိုင်းလောက် ပဲ ခွန်အားဖြစ်စေချင်တဲ့အတွက် ဝေမျှပေးလိုက်ပါတယ်ရှင့်
copyright 2019 ARBEIT-TIMES CO.,LTD