- ホーム
- Business Manner အပိုင်း (၂)
ဂျပန်တွေနဲ့အတူတူ အလုပ်လုပ်တော့မည်ဆိုလျှင် သတိထားရမည့် business manner အပိုင်း(၂) အချက်များ ကိုဗဟုသုတအနေဖြင့် ဝေမျှပါရစေနော်...
အရင်တစ်ပတ်က Business Manner အပိုင်း(၁)မှာ business manner ဘယ်နှစ်မျိုးရှိပါသလဲ???
言葉使いကိုဘယ်လိုသတိထားရမလဲ 身だしなみဆိုတာတွေနဲ့ပတ်သက်ပြီး ရှင်းပြထားပြီးနောက် ဒီတစ်ပတ်မှာတော့ 名刺交換(めいしこうかん)ဖလှယ်တဲ့အခါမှာ သတိထားရမယ်အချက်တွေက ဘာများပါလဲ??? ဆိုတာရယ်電話応対(でんわたいおう)တယ်လီဖုန်းဖြေဆိုတဲ့အခါမှာ စည်းစနစ်တကျနဲ့ အခက်အခဲမရှိဖြေဆိုနိင်အောင် ဘာတွေပြင်ဆင်ထားရမလဲ???? ဆိုတာတွေကို အကျယ်ရှင်းပြထားတာဖြစ်တဲ့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
၃။名刺交換(めいしこうかん)ဖလှယ်ခြင်း
ဂျပန်လုပ်ငန်းခွင်ထဲမှာ အလုပ်နဲ့ပတ်သက်တဲ့ တခြားကုမ္ပဏီကလူနဲ့တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တော့မယ်ဆိုလျှင် နာမည်ကဒ်ခြင်းဖလှယ်တာမျိုးတွေရှိပါတယ်။ နာမည်ကဒ်ခြင်းဖလှယ်တဲ့အခါမှာ သတိထားရမယ့်အချက် ၅ချက်ရှိပါတယ်။
1. Card holder ကနေ business card ကိုထုတ်မယ်
2. business card ကိုညာဘက်လက်နဲ့ကိုင်ပြီး ဘယ်ဘက်လက်က Card holder ကိုကိုင်ပါ. ညာဘက်လက် business card ကိုအပေါ်ဆုံးမှာထားပြီး လက်နှစ်ဖက်စလုံးနဲ့ ခါးကိုကုန်းပြီး ကျွန်တော်/ကျွန်မကတော့ ~~ဖြစ်ပါတယ်ဆိုပြီး ကမ်းပေးပါမယ်နော်။ ဒါကတော့ ကိုယ့်တစ်ဖက်တည်းကနေ ကမ်းပေးတဲ့အခြေခံပုံစံဖြစ်ပါတယ်။
3. ၂ဦး၂ဖက်စလုံးကမ်းပေးလှမ်းယူတော့မယ်ဆိုလျှင် ညာလက်လက်နဲ့ business card နဲ့ Card holderကိုကိုင်ပြီး business cardကိုအပေါ်မှာထားကာ ဘယ်ဘက်လက်နဲ့ တစ်ဖက်လူက ကမ်းပေးတဲ့ business cardကိုလှမ်းယူပါမယ်နော်။ သတိထားရမယ့်အချက်က မိမိက ကမ်းပေးမယ့်သူဖြစ်လျှင် ကိုယ့်ရဲ့နာမည်စာလုံးကို တဖက်လူဘက်ကို မျက်နှာမူပြီးကမ်းပေးဖို့ကို မမေ့ပါနဲ့နော်။
4. လှမ်းယူတဲ့အချိန်မှာတော့「よろしくお願いいたします」ဆိုပြီး တစ်ဖက်လူကို နှုတ်ဆက်စကားပြောရမှာဖြစ်ပါတယ်။
5. business card ဖလှယ်ပြီးလို့ ထိုင်ခုံမှာထိုင်တော့မယ်ဆိုလျှင် တစ်ဖက်လူရဲ့ cardကို မိမိရဲ့ Card holderအပေါ်မှာတင်ထားရပါမယ်၊ အဲလိုတင်ထားခြင်းအားဖြင့် တဖက်လူကို လေးစားကြောင်း ပြသနိုင်ပါတယ်။
၄။電話応対(でんわたいおう)တယ်လီဖုန်းဖြေဆိုခြင်း
မိမိက ရုံးမှာ တယ်လီဖုန်းနဲ့ ဧည့်သည်တွေရဲ့အမေးအဖြေတွေ တဖက်ကုမ္ပဏီနဲ့ဆက်သွယ်ရတာတွေ လုပ်တော့မယ်ဆိုလျှင် でんわたいおう မာစတာတစ်ယောက်ဖြစ်နေဖို့လိုတယ်နော်။ အလုပ်ဝင်ဝင်ချင်းမှာ တယ်လီဖုန်းဖြေဆိုတဲ့အခါ အခက်အခဲကြုံနိုင်ပေမယ့် အလုပ်ဝင်ပြီး၁/၂နှစ်လောက်ကြာလို့မှ မဖြေတတ်ဘူးဆိုရင် ရှက်စရာကြီးနော်။ တယ်လီဖုန်းဖြေဆိုတဲ့အခါသတိထားရမယ့်အခြေခံအချက် ၇ချက်ကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။
၁.မိမိဆီကို ဖုန်းဝင်လာနေပြီဆိုလျှင် ကလင်.....ကလင်......ကလင်...... ဆိုပြီး ၃ခါမြည်တဲ့အချိန်အတွင်းကို ဖုန်းကိုင်ရပါမယ်။ ၃ကြိမ်အထက်မြည်ပြီးမှ ဖုန်းကိုင်တယ်ဆိုလျှင် မိမိကုမ္ပဏီရဲ့ Image ထိခိုက်နိုင်တဲ့အတွက်ကြောင့် သတိထားရပါမယ်။
၂.ဖုန်းကိုင်တာ နောက်ကျသွားတယ်ဆိုရင်တော့ 「お待たせいたしました」ဆိုပြီးတဖက်လူကို စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်ဆိုပြီး စိတ်အနှောင့်အယှက်မဖြစ်အောင် တောင်းပန်ရပါမယ်။
၃. ဖုန်းကိုင်ပြီဆိုတာနဲ့ 「もしもし」ဟဲလိုဆိုတာကတော့ မပြောရပါဘူးနော်၊
ဟဲလိုအစားပထမဆုံးပြောရမှာက 「お電話ありがとうございます」ဆိုတဲ့ ဖုန်းဆက်တာကျေးဇူးတင်ပါတယ်ဆိုတဲ့ နှုတ်ဆက်စကားကိုပြောရပါမယ်။
၄. တဖက်လူက ဖုန်းထဲကနေ သေသေချာချကြားနိုင်အောင် အသံကို အတတ်နိုင်ဆုံး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်အောင်ပြောဆိုရပါမယ်။
၅. တဖက်လူပြောတာတွေကို Note လိုက်မှတ်နိုင်အောင်လဲ Note စာရွက်လေးနဲ့ ဘောပင်ကို အသင့်ပြင်ဆင်ထားရပါမယ်။
၆. ပြောစရာတွေပြောပြီးလို့ ဖုန်းချတော့မယ်ဆိုလျှင်လဲ ကိုယ့်ဘက်က ဖုန်းချချင်တိုင်းချလို့မရပါဘူးနော် ဖုန်းစဆက်လာတဲ့ဘက်က ဖုန်းချတာကို စောင့်ရပါမယ်။
၇. ဖုန်းချတဲ့အခါသတိထားရမယ့်အချက်က ဖုန်းနဲ့ဖုန်းခွက်က တစ်ခါတလေ အံကိုက်ဖြစ်မနေတဲ့အခါမျိုးတွေ ရှိတတ်တာကြောင့်မို့လို့ ဂွက်!ကနဲမြည်နေအောင် သတိလေးထားပြီး အံကိုက်ဖြစ်နေအောင်ချရပါမယ်၊ နောက်တစ်နည်းကတော့ ဖုန်းအိမ်က ဖုန်းချတဲ့ခလုတ်လေးကို မိမိလက်နဲ့ ထိပြီးတော့လဲ ဂွက်!ကနဲမြည်နေအောင် ဖုန်းချလို့ရပါတယ်။
business manner တွေနဲ့ပတ်သတ်ပြီး သတိထားရမယ့်အချက်တွေ အများကြီးရှိပေမယ့် အခြေခံအချက် လေးတွေကိုပဲမျှဝေလိုက်ပါတယ်။ ဂျပန်တွေက manner ကိုအရမ်းကိုလေးထားတဲ့အတွက်ကြောင့် အတတ်နိုင်ဆုံးလိုက်နာနိုင်လျှင် မိမိရဲ့ Image လဲကောင်းနိုင်တဲ့အတွက်ကြောင့် ဒီစာကိုဖတ်ပြီး နည်းနည်းလေးပဲဖြစ်ဖြစ် အထောက်အကူပြုတယ်ဆိုလျှင် ဝမ်းသာပါတယ်။</strong>
copyright 2019 ARBEIT-TIMES CO.,LTD