- ホーム
- Business Manner အပိုင်း(4)
အရင်အပတ်တုန်းက 上座下座 ဆိုတာဘာလဲ အလုပ်ကလူကြီးတွေနဲ့ စားသောက်ဆိုင်မှာသွားစားရင် ကိုယ်ကဘယ်နေရာမှာထိုင်သင့်လဲ ဆိုတာတွေနဲ့ပတ်သတ်ပြီး knowledge sharing လုပ်ပြီးတဲ့နောက် ဒီအပတ်မှာတော့ အစည်းအဝေးထိုင်တဲ့အခါ ကိုယ်ကဘယ်နေရာမှာ ထိုင်သင့်လဲဆိုတာကို ဗဟုသုတအနေဖြင့် ဝေမျှပါရစေနော်။
အစည်းအဝေးအခန်းမှာဆိုရင်တော့ ဝင်ပေါက်ထွက်ပေါက်နဲ့ ဝေးဆုံးထိုင်ခုံက 議長(ぎちょう) လို့ခေါ်တဲ့ အစည်းအဝေးကို ဦးဆောင်တဲ့သူ၊ အစည်းအဝေးရဲ့အဓိကကျတဲ့သူ၊ speaker ရဲ့ထိုင်ခုံပါ။ 上座(かみざ)လို့ခေါ်ပါတယ်။ သူနဲ့ပြောင်းပြန် ဝင်ပေါက်ထွက်ပေါက်နဲ့ အနီးဆုံးမှာရှိတဲ့ထိုင်ခုံကတော့ 下座(しもざ)လို့ခေါ်ပါတယ်။ 下座(しもざ)မှာထိုင်တဲ့သူကတော့ အစည်းအဝေးအတွက် စာရွက်စာတမ်းလိုက်ဝေရတာမျိုးကိုလုပ်ရပါတယ်။

議長(ぎちょう)နေရာကနေကြည့်ရင် အနီးဆုံးညာဖက်မှာရှိတဲ့ထိုင်ခုံက ရာထူးကြီးတဲ့သူရဲ့ထိုင်ခုံဖြစ်ပါတယ်။ ဥပမာ 社長(しゃちょう)ကုမ္ပဏီဥက္ကဌရဲ့ထိုင်ခုံပါ။ ကုမ္ပဏီဥက္ကဌရဲ့နောက် ဒုတိယရာထူးကြီးတဲ့ ဒုဥက္ကဌကတော့ ぎちょうနေရာကနေကြည့်ရင် အနီးဆုံးဖယ်ဘက်ထိုင်ခုံမှာရှိပါတယ်။ အဲလိုပုံစံမျိုးနဲ့ ဘယ်၊ညာ ဘယ်၊ညာဆိုပြီး ရာထူးအလိုက် ထိုင်ခုံနေရာတွေကွာပါတယ်။ ဘယ်နေရာဖြစ်ဖြစ်ထိုင်ပြီး နားထောင်လို့ရရင်ပြီးရောဆိုပြီး အရှေ့ကခုံတွေမှာသွားထိုင်ရင် ရှော့အကြီးကြီးရှိပါတယ်နော်။

Uပုံစံအစည်းအဝေးကလဲ အပေါ်ကမျက်နှာချင်းဆိုင် အစည်းအဝေးနဲ့ နေရာအနေအထားက တူတူပါပဲနော်။

အဝိုင်းပုံစားပွဲရှိတဲ့အစည်းအဝေးခန်းဆိုရင်လဲပဲ 議長(ぎちょう)က ဝင်ပေါက်ထွက်ပေါက်နဲ့ဝေးဆုံးခုံ 上座(かみざ)မှာထိုင်ပြီး 議長(ぎちょう)ရဲ့ ဘယ်၊ညာ ဘယ်၊ညာဆိုပြီး ရာထူးအလိုက်ထိုင်ရမှာဖြစ်ပါတယ်။
အခုလိုမျိုး နေရာထိုင်ဖို့ကအစ manner တွေကိုသတိထားရမှာ တစ်ခါတစ်လေ စိတ်ရှုပ်ဖို့ကောင်းတဲ့အခါမျိုးတွေ ရှိပေမယ့်လဲ ရောမရောက်ရောမလိုကျင့် ဆိုတဲ့စကားအတိုင်း သူ့နိုင်ငံအလိုက် သူ့မူ သူ့စည်းကမ်းလေးတွေကို သိထား ကျင့်သုံးနိုင်ရင်တော့ အကောင်းဆုံးလို့ မျှော်လင့်ရင်း knowledge sharing လုပ်လိုက်ပါတယ်နော်.....
copyright 2019 ARBEIT-TIMES CO.,LTD