- ホーム
- ဂျပန်မှာအလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာအမျိုးအစားများအကြောင်း

ဂျပန်မှာအလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာအမျိုးအစားများအကြောင်း
ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ ဂျပန်မှာအလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာအမျိုးအစားများနဲ့ အချိန်သတ်မှတ်ချက်များကို မျှဝေချင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာ့ငွေတန်ဖိုးနဲ့ ဂျပန်ရဲ့ယန်းတန်ဖိုးက ၁၀ဆမကကွာတဲ့အပြင် ဂျပန်ကလုံခြုံစိတ်ချရတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာအလုပ်လုပ်မည့်အစား လစာပိုရတဲ့နိုင်ငံမှာအလုပ်သွားလုပ်ပြီး ပိုက်ဆံရှာကြပါတယ်။
ဂျပန်မှာအလုပ်လုပ်နိုင်တဲ့ ဗီဇာများထဲမှ 「技術・人文知識・国際業務」Working Visa,
「特定技能」Specific skill visa,「技能実習」Training visa နဲ့特定活動ビザ (Specific Activity Visa)ဆိုပြီး ဗီဇာအမျိုးအစား၄မျိုးနဲ့ လိုအပ်တဲ့အရည်အချင်း၊ ရွေးချယ်နိုင်တဲ့အလုပ်အမျိုးအစားတွေနဲ့ ပတ်သက်ပြီး မျှဝေပါရစေ။
အောက်ဖော်ပြပါဗီဇာအမျိုးအစားများအပြင် ဂျပန်မှာနေထိုင်ရင်းနဲ့ အလုပ်လုပ်ခွင့်ရတဲ့တခြားဗီဇာအမျိုးအစား အများကြီးကျန်ပါသေးတယ်။ ဒီအပတ်မျှဝေချင်တဲ့အကြောင်းအရာကတော့ ဂျပန်မှာရှိနေတဲ့ ကျွန်မတို့မြန်မာနိုင်ငံသူ/သားတွေကို အဆင်ပြေစေချင်တဲ့စေတနာနဲ့ ရေရှည်ကိုစဥ်းစားစေချင်တဲ့အကြောင်းကို အကြံဥာဏ်ပေးချင်ပါတယ်</h2>

「技術・人文知識・国際業務」Working Visa
Working Visaကိုရဖို့ မိမိနိုင်ငံ/ဂျပန်ရဲ့တက္ကသိုလ်ကောလိပ်တစ်ခုခုကနေ ဘွဲ့ရရှိထားရပါမယ်။ မြန်မာနိုင်ငံကနေ အိုင်တီအလုပ်နဲ့ ကုမ္ပဏီကခေါ်လို့ ဂျပန်လာကြသူများလဲ国際業務ဗီဇာကိုရနိုင်ပါတယ်။ 国際業務ကဂျပန်စာLevelအနည်းဆုံး N3အောင်ထားရပါမယ်။ ဗီဇာသက်တမ်းကတော့ အလုပ်ခန့်ထားတဲ့ကုမ္ပဏီက သက်တမ်းတိုးပေးသလောက်ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ့်ရဲ့မိသားစု ကိုလည်းခေါ်ခွင့်ရှိပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်မှာ အဆင်မပြေတာ တစ်ခုခုကြုံခဲ့ရင် အလုပ်အသစ်ကိုပြောင်းခွင့်ရှိပါတယ်။ လုပ်ခွင့်ရှိတဲ့အလုပ်တွေကတော့ ကျောင်းတုန်းကမိမိယူထားတဲ့မေဂျာနဲ့ ပတ်သက်တဲ့မည်သည့်အလုပ်ကိုမဆို အလုပ်လုပ်ပိုင်ခွင့်နှင့် ဂျပန်လူမျိုးတွေနဲ့တန်းတူအခွင့်အရေးရပါတယ်။

<「技能実習」Training Visa
မြန်မာနိုင်ငံကနေ ဂျပန်ကုမ္ပဏီတစ်ခုခုမှာအလုပ်လုပ်ဖို့ လာကြသူများကိုဆိုလိုပါတယ်။ ပညာအရည်အချင်းကသတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဂျပန်စာအရည်အချင်းလဲ သတ်မှတ်ထားတာမျိုးမရှိဘူး (ခိုင်းဂေါ့အလုပ်နဲ့ပတ်သတ်ပြီးတော့ ဂျပန်စာ အနည်းဆုံး N4ရမှဖြစ်မယ်ဆိုပြီးသတ်မှတ်ထားပါတယ်)။ ထွေထွေထူးထူး သတ်မှတ်ထားတာမျိုးမရှိပေမယ့် သူများနိုင်ငံမှာ အလုပ်လာလုပ်မယ် နေထိုင်စားသောက်ရတော့မယ်ဆိုရင်တော့ နေ့စဥ်လူနေထိုင်မှုမှာ အခက်အခဲတွေမကြုံရအောင် အနည်းဆုံးဂျပန်စာ N3လောက်ရအောင်လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။
Training Visaကအများဆုံး ဗီဇာသက်တမ်း၅နှစ်ရပါတယ်။ ၅နှစ်ပြီးရင်တော့ တိုင်းပြည်ပြန်မလား လက်ရှိအလုပ်မှာပဲ အလုပ်ဆက်လုပ်မလားဆိုတာကိုတော့ စဥ်းစားရပါမယ်။ မြန်မာပြည်မှာကျန်ခဲ့တဲ့မိသားစုကို ခေါ်ခွင့်မရှိပါ။ အစိုးရသတ်မှတ်ထားတဲ့မူအရ အလုပ်ပြောင်းခွင့်လဲမရှိပါ။ လုပ်နိုင်တဲ့အလုပ်တွေကတော့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ပစ္စည်းစက်ရုံတွေ၊ စားသောက်ဆိုင်၊ ဘိုးဘွားစောင့်ရှောက်ရေးခိုင်းဂေါ့၊ ဟိုတယ်၊ အိမ်ဆေးသုတ်ခြင်း စသည့်အလုပ်တွေမှာလုပ်လို့ရပါတယ်။

「特定技能」Specific Skill Visa (တိုခုတေးဂိနိုးဗီဇာ)
Specific Skill Visa ဆိုတာကတော့ ၂၀၁၉ခုနှစ်ကနေစပြီး ဂျပန်အစိုးရက နိုင်ငံခြားသားတွေအတွက် အသစ်ထုတ်ပြန်လိုက်တဲ့ Training Visaထက်ကို အဆင့်တစ်ဆင့်ပိုမြင့်သွားတဲ့ ဗီဇာပါ။
特定技能ဗီဇာကို လျှောက်ဖို့အတွက် ပညာအရည်အချင်း အထူးတလည်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဂျပန်စာအရည်အချင်းကတော့ အနည်းဆုံး N4အောင်ထားရပါမယ်။
ဒီမှာလဲတစ်ခု ထပ်မှာချင်တာကတော့ မိမိဘဝအတွက် career လုပ်ဖို့ဆိုရင် အနည်းဆုံးဆိုတဲ့ အရည်အချင်းကို စံလို့မသတ်မှတ်ပါနဲ့၊ ကိုယ့်ဘဝကို ပိုပိုတိုးတက်ချင်တယ်ဆိုရင်တော့ အနည်းဆုံးကို N3ရအောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ပြီး ကြိုးစားကြဖို့တိုက်တွန်းချင်ပါတယ်။
特定技能ဗီဇာမှာလဲ 特定技能1号နဲ့ 特定技能2号ဆိုပြီး ၂မျိုးထပ်ခွဲထားပါတယ်။ 特定技能1号က ဗီဇာသက်တမ်း အများဆုံး၅နှစ်ရပါတယ်။ 特定技能2号ကတော့ အလုပ်အပေါ်မှာမူတည်ပြီး ဗီဇာသက်တမ်းကွာခြားပါတယ်။ ဗီဇာသက်တမ်းတိုးခွင့်လဲရှိပါတယ်။ 特定技能1号ကမိသားစုခေါ်ခွင့်မရှိပေမယ့် 特定技能2号ကမိသားစုခေါ်ခွင့်ရှိပါတယ်။
特定技能ဗီဇာက လက်ရှိလုပ်နေတဲ့အလုပ်မှာ အဆင်မပြေတာတစ်ခုခု ကြုံလာခဲ့လျှင် အလုပ်ပြောင်းခွင့်ရှိပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်နဲ့အမျိုးအစားတူတဲ့ တခြားကုမ္ပဏီကို အလုပ်ပြောင်းခွင့်ရှိပါတယ်။
特定技能1号 လုပ်နိုင်တဲ့အလုပ်အမျိုးအစားကတော့ ၁၄မျိုးရှိပါတယ်။
၁၊介護 ခိုင်းဂေါ့ ဘိုးဘွားစောက်ရှောက်ရေး
၂၊ ビルクリーニング အဆောက်အအုံ ဆေးသုတ်/သန့်ရှင်းရေး
၃၊ 素形材産業 ကုန်ကြမ်းပစ္စည်းစက်ရုံ
၄၊ 産業機械製造業စက်မှုပစ္စည်းစက်ရုံ
၅၊ 電気・電子情報関連産業 လျှပ်စစ် အီလက်ထရောနစ်သတင်းအချက်အလက်နဲ့ဆိုင်သောအလုပ်များ
၆၊ 建設業 ဆောက်လုပ်ရေးလုပ်ငန်း
၇၊ 造船・舶用工業 သင်္ဘောတည်ဆောက်ရေးနှင့်ဆေးသုတ်လုပ်ငန်း
၈၊ 自動車整備 ကားစက်ရုံမှာ ကားတပ်ဆင်ခြင်းလုပ်ငန်း
၉၊ 航空 လေယာဥ်ကွင်းမှာပစ္စည်းတွေသယ်တဲ့လုပ်ငန်း
၁၀၊ 宿泊 ဟိုတယ်လုပ်ငန်း
၁၁၊ 農業 စိုက်ပျိုးရေးလုပ်ငန်း
၁၂၊ 漁業 မွေးမြူရေးလုပ်ငန်း
၁၃၊飲食料品製造業 အစားအသောက်ထုတ်ကုန်စက်ရုံလုပ်ငန်း
၁၄၊外食業 restaurant စားသောက်ဆိုင်လုပ်ငန်း စသဖြင့်၁၄မျိုးရှိပါသည်။
特定技能2号လုပ်လို့ရတဲ့အလုပ်တွေကတော့ 建設業 ဆောက်လုပ်ရေးလုပ်ငန်းနှင့် 造船・舶用工業 သင်္ဘောတည်ဆောက်လုပ်ရေးနှင့် အဏ္ဏဝါစက်မှုလုပ်ငန်းဆိုပြီး ရွေးချယ်နိုင်ပါသည်။

特定活動ビザ (Specific Activity Visa)
特定活動ビဆိုတာကတော့ ကျောင်းပြီးလို့ အလုပ်ရှာနေတဲ့သူတွေ နိုင်ငံရေးခုံလှုံခွင့်လျှောက်ထားပြီး ဗီဇာမကျသေးတဲ့သူတွေအတွက် ယာယီထုတ်ပေးထားသော ဗီဇာဖြစ်ပါသည်။ 特定活動ビထဲမှာ Working Holliday, Internship စသည့်ဗီဇာအမျိုးအစားများ မြန်မာနိုင်ငံမှာတော့မရှိပေမယ့် တခြားနိုင်ငံကလူတွေ ဂျပန်နိုင်ငံရဲ့အလုပ်အကိုင်တွေကို လာလေ့လာတဲ့သူတွေအတွက် ထုတ်ပေးထားတဲ့ ဗီဇာအမျိုးအစားဖြစ်ပါသည်။ 特定活動ビザရဲ့သက်တမ်းကတော့ ၅နှစ်၊၃နှစ်၊၁နှစ်၊၆လ၊၃လ စသဖြင့် အများဆုံး ၅နှစ် ဆိုပြီး ဗီဇာလျှောက်ထားသူရဲ့ အကြောင်းပြချက်နဲ့အခြေအနေတွေအပေါ်မူတည်ပြီး ဗီဇာသက်တမ်းအချိန်ကွာခြားချက်ရှိပါသည်။ များသောအားဖြင့် အနည်းဆုံးတစ်ပတ်တွင် ၂၈နာရီအလုပ်လုပ်ခွင့်ရှိပါသည်။
ဒီအပတ်ပြောချင်တဲ့အကြောင်းအရာက အားလုံးသိကြပြီးတဲ့အတိုင်း 2021 5လပိုင်း 28ရက်နေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံသားတွေကို ဂျပန်မှာဆက်နေနိုင်ဖို့ 特定活動ဗီဇာကို ထောက်ပံ့ပေးပြီဖြစ်ပါသည်။
ကျွန်မတို့နိုင်ငံသူ/သားတွေအတွက် အရမ်းကောင်းတဲ့အချက်ပါ။ ထိုသတင်းကောင်းပေါ်မှာ အပူအပင်မရှိ လက်ရှိအခြေအနေအတိုင်း စိတ်အေးအေးထားပြီးမနေပဲ အခွင့်အရေးယူတတ်ဖို့ အကြံပေးချင်ပါတယ်။
တစ်ပတ်၂၈နာရီအလုပ်လုပ်ခွင့်ရတယ်ဆိုပြီး ရေတိုကိုပဲကြည့်ပြီး ဒီအတိုင်းဆက်သွားနေရင် ဗီဇာကုန်တဲ့အချိန်ကျရင် လက်ထဲမှာ ပိုက်ဆံပဲကျန်ပြီး ဘာအရည်အချင်းမှမကျန်ပဲ ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။ အခုဗီဇာရထားတဲ့အချိန်လေးအတွင်းမှာ ဂျပန်စာအရည်အချင်းကို ပိုပြီးတိုးတက်အောင်လုပ်ပြီး အချိန်ပိုင်းအလုပ်မဟုတ်ဘဲနဲ့ ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်နိုင်အောင် ကြိုးစားမယ်ဆိုရင် ဗီဇာအတွက်လဲ ပူစရာမလိုတော့သလို ရေရှည်အတွက်လဲ တည်မြဲတဲ့အလုပ်တစ်ခုကိုရနိုင်မှာဖြစ်ပါတယ်။
အခုလိုအခြေအနေမျိုးဆိုရင် 技能実習နန်းမင်း၆လဗီဇာရှိသူ၊ 技能実習နန်းမင်း၃လဗီဇာရှိသူ တွေက အစိုးရက အချိန်ပိုင်းအလုပ်လုပ်ခွင့်ပေးထားတယ်ဆိုပေမယ့်လဲ အချိန်ပိုင်းအလုပ်လေးနဲ့ပဲ ရောင့်ရဲမနေဘဲ 特定技能တိုခုတေးဂိနိုး၅နှစ်ဗီဇာကိုပြောင်းဖို့ တိုက်တွန်းချင်ပါတယ်နော်။
ဂျပန်နိုင်ငံမှာရှိတဲ့ ကိုယ့်လူမျိးအချင်းချင်း အရည်အချင်းတွေပိုပြီးတိုးတက်အောင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေရောက်အောင် ကြိုးစားစေချင်တဲ့ စေတနာနဲ့ ဒီpostကိုတင်တာဖြစ်တဲ့အတွက် စာဖတ်သူတွေအနေနဲ့လည်း တခြားစကားလုံးများ၊ လိုအပ်ချက်များကိုအကြံပေးချင်တာ၊ မေးမြန်းချင်တာလေးတွေရှိရင် commentမှာအ ကြံပေးမေးမြန်းနိုင်ပါတယ်။
copyright 2019 ARBEIT-TIMES CO.,LTD