- ホーム
- Job Fair (企業説明会)တက်ရောက်ရခြင်းရဲ့ အကျိုးကျေးဇူးများ

ဂျပန်နိုင်ငံမှာ အလုပ်ရှာတဲ့အခါမှာ job fair (企業説明会)ဆိုတာဟာ မရှိမဖြစ်လောက်အောင်ကို အရေးကြီးတဲ့အခန်းဂဏ္ဍတစ်ခုဖြစ်ပါတယ်။
job fair ဆိုတာဘာလဲ???
job fair ဆိုတာ အလုပ်သမားလိုအပ်ချက်တွေရှိနေတဲ့ ကုမ္ပဏီတွေ အများအပြားစုပြီးတော့ မိမိတို့ကုမ္ပဏီရဲ့အကြောင်း၊
လုပ်ရမည့်အလုပ်အကြောင်း၊ ဘယ်လိုလူမျိုးကိုလိုအပ်နေတယ်ဆိုတာရယ်၊
အလုပ်ဝင်ပြီးနောက်မှာ ဘယ်လို career upတွေရနိုင်တယ်ဆိုတာတွေ၊ စသဖြင့်ခေါ်နေတဲ့အလုပ်ခေါ်စာအသေးစိတ်တွေကို ကုမ္ပဏီရဲ့တာဝန်ရှိသူတွေက
အသေးစိတ်ဆွေးနွေးရှင်းပြပေးတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။
ကုမ္ပဏီအမျိုးမျိုးက လုပ်ငန်းအမျိုးမျိုးကို မိတ်ဆက်ပေးတဲ့ပွဲတစ်ခုဖြစ်သောကြောင့် အလုပ်ရှာနေတဲ့သူတွေအတွက် မတက်မဖြစ် တက်သင့်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။
job fairတက်ခဲ့ပေမယ့်လဲ ဘာမှမထူးခြားပါဘူးဆိုတဲ့သူတချို့လဲရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုမဖြစ်ရအောင် job fairမတက်ခင်ကတည်းက job fairရဲ့အားသာချက်များနှင့် မိမိအတွက်အထောက်အကူဖြစ်ပုံတွေကို သေချာလေ့လာနားလည်သဘောပေါက်ပြီးတော့မှတက်လျှင်မိမိအတွက်အကျိုးရှိနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်သောကြောင့်တက်သင့်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။
job fairတက်ရောက်ရခြင်းအကျိုးကျေးဇူးများ
၁၊ မိမိစိတ်ဝင်စားတဲ့ကုမ္ပဏီရဲ့企業説明会ကိုတက်ရောက်နိုင်ခြင်း
job fairမှာကုမ္ပဏီအများအပြားလာပေမယ့်လဲ ကုမ္ပဏီတစ်ခုကို မိနစ်၃၀ပတ်ဝန်းကျင်ဆိုပြီးအချိန်သတ်မှတ်ထားတာရှိပါတယ်၊
မိနစ်၃၀ဆိုတဲ့အချိန်ဟာခနလေးဆိုပေမယ့် မိမိသိချင်တာများကို အလုံအလောက်မေးမြန်းလေ့လာနိုင်တဲ့အချိန်တစ်ခုပါတယ်။ အချိန်တိုဖြစ်တဲ့အတွက်ကြောင့်မို့လို့
ကုမ္ပဏီတစ်ခုပြီးရင် နောက်ထပ်စိတ်ဝင်စားတဲ့ကုမ္ပဏီများရှိလျှင်လဲ တက်ရောက်နိုင်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် နာရီပိုင်းလေးအတွင်းမှာ ကုမ္ပဏီ၃,၄ခုလောက်တက်လို့ရနိုင်တဲ့အတွက် မိမိနှင့်ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်နိုင်ခွင့်တွေ ပိုများပါတယ်။
၂၊ インターンシップအတွက်အချက်အလက်များကိုရနိုင်ခြင်း
インターンシップဆိုတာကတော့ အလုပ်တစ်ခုကိုမဝင်ခင် ဒီအလုပ်ကဘယ်လိုအလုပ်မျိုးလဲ မိမိနှင့်ကိုက်ညီလား မကိုက်ညီလားဆိုတာကို လက်တွေ့လုပ်ဆောင်ရင်းနှင့် အတွေ့အကြုံကောင်းတွေ ရယူနိုင်တာမို့လို့ အလုပ်တစ်ခုကိုမလုပ်ခင် မိမိနှင့်ကိုက်မကိုက် စမ်းသပ်နိုင်တဲ့ အလွန်ကောင်းတဲ့အချိန်ပိုင်းအတွေ့အကြုံတစ်ခုပါ။
インターンシップကိုတက်ခြင်းအားဖြင့် ကုမ္ပဏီကလူတွေနဲ့ပိုပြီးရင်းနှီးနိုင်ခြင်း၊ အလုပ်သဘောတရားကိုပိုပြီးနားလည်သဘောပေါက်နိုင်ခြင်း၊ တကယ်အလုပ်မဝင်ခင်အတွေ့အကြုံကောင်းတွေရရှိနိုင်ခြင်း စတဲ့အကျိုးများစွာရှိတဲ့အတွက်ကြောင့် インターンシップရှိတဲ့ကုမ္ပဏီဆိုလျှင်
インターンシップကိုဆက်ဆက်တက်ဖြစ်အောင်တက်ပါလို့တိုက်တွန်းချင်ပါတယ်။
၃၊အလုပ်နယ်ပယ်အမျိုးအစားများအတွက်ဗဟုသုတတိုးပွားလာခြင်း
企業説明会ကိုနားထောင်ပြီးမှ အလုပ်နှင့်ပတ်သက်ပြီး မိမိအထင်အမြင်နှင့် ကွဲလွဲနေတာများလဲရှိတတ်ပါသည်။ ဥပမာ၊အလုပ်မိတ်ဆက်ပေးတဲ့ကုမ္ပဏီဆိုရင်တောင်
အလုပ်မိတ်ဆက်ပေးတဲ့ဌာနလား၊ အလုပ်ရှာရတဲ့ဌာနလား၊ ၂ခုလုံးလုပ်ရတဲ့အလုပ်အမျိုးအစားများလား၊ ကြေငြာရတဲ့အပိုင်းလား၊ အလုပ်လျှောက်တဲ့လူတွေကိုတာဝန်ယူရတဲ့အပိုင်းလား၊ စသဖြင့်ကုမ္ပဏီပေါ်မူတည်ပြီး လုပ်နေတဲ့အလုပ်တွေအများကြီးကွာခြားပါတယ်။
ဝန်ဆောင်မှုတွေ အရမ်းကောင်းတဲ့ ဂျပန်မှာကျွန်မတို့မသိသေးတဲ့ အလုပ်အမျိုးအစားလဲ များစွာရှိပါသည်။ တကယ့်ကုမ္ပဏီကလုပ်တဲ့ မိတ်ဆက်ပွဲ ရှင်းပြပွဲကို မတက်ဘူးဆိုရင် ဘာလုပ်တဲ့အလုပ်လဲဆိုတဲ့ သတင်းအချက်အလက်တွေကိုမရနိုင်ပါဘူး။
ထို့အပြင် အရင်တုန်းက မိမိနှင့်မကိုက်ညီဘူးထင်ထားတဲ့အလုပ်ဟာ အလုပ်ရှင်းပြပွဲကိုနားထောင်ပြီးမှ မိမိစိတ်ဝင်စားပြီး လုပ်နိုင်လောက်တဲ့အလုပ်ဖြစ်နေတဲ့အခါမျိုးလဲ ကြုံရတတ်ပါတယ်။အဲဒါကြောင့်မို့လို့ မိမိသတ်မှတ်ချက်တွေအပြင် အချိန်ရှိလျှင်ရှိသလောက် တခြားကုမ္ပဏီတွေရဲ့ ရှင်းပြပွဲကိုလဲ တက်ဖြစ်အောင်တက်ပါလို့ တိုက်တွန်းချင်ပါတယ်။
၄၊ မိမိသိချင်တာများကိုတိုက်ရိုက်မေးမြန်းနိုင်ခြင်း
အလုပ်နှင့်ပတ်သက်ပြီးမိမိသိချင်သည်များ၊ အလုပ်အကြောင်းအရာ၊ လစာနှင့်လပိုင်ခွင့်များ၊ စသဖြင့်ကုမ္ပဏီနှင့်ပတ်သက်ပြီးသိချင်သည်များကို လက်ရှိအလုပ်လုပ်ကိုင်လျှက်ရှိသော ထိုကုမ္ပဏီမှဝန်ထမ်းဆီကို တိုက်ရိုက်မေးမြန်းနိုင်ပါသည်။မေးမြန်းတဲ့အခါတွင်လဲ အမှတ်ရနိုင်တဲ့မေးခွန်းများကတော့
ယခုလက်ရှိဘယ်လိုလူမျိုးတွေက အလုပ်လုပ်ကိုင်နေလျှက်ရှိပါသလဲ?
သည်အလုပ်ကိုဝင်နိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားရမလဲ?
ဘယ်လိုလက်မှတ်တွေကိုယူထားသင့်ပါသလဲ?
ဘာစာမေးပွဲတွေကိုဖြေထားသင့်ပါသလဲ?
အလုပ်ဝင်ပြီးတဲ့အခါမှာရော ဘယ်လို career upတွေရနိုင်ပါသလဲ?
ဒီအလုပ်ကိုဝင်ပြီးတဲ့အနောက် သင့်ရဲ့အလုပ်အပေါ်ထားတဲ့စိတ်လေးကို ပြောပြလို့ရနိုင်မလား?
ဒီအလုပ်ကိုလုပ်ပြီး အပင်ပန်းဆုံးအချိန်ကို ပြောပြလို့ရနိုင်မလား?
ဒီအလုပ်လုပ်နေရင်းနဲ့ ခက်ခဲလာတဲ့အချိန်တွေကို ဘယ်လိုကျော်လွှားခဲ့ပါသလဲ?
စသဖြင့် အကောင်းဘက်ကမေးခွန်းတွေကို မေးခြင်းအားဖြင့် ကုမ္ပဏီကလဲ မိမိကိုမှတ်မိနိုင်ပြီး CV formတင်တဲ့အခါကျရင်လဲ ဦးစားပေးတာကိုခံရနိုင်ပါတယ်။ ထို့အတွက်ကြောင့် ဒီအခွင့်အရေးကိုလက်မလွှတ်နိုင်အောင် job fairတက်တဲ့အခါ positiveဖြစ်တဲ့မေးခွန်းတွေ မေးဖြစ်အောင်မေးခဲ့ပါနော်။မေးခွန်းမေးတဲ့အခါ မိမိက ဘယ်လောက်အထိဒီအလုပ်ကိုလုပ်ချင်လဲ၊ ဒီအလုပ်ကိုရဖို့အတွက်ဘာတွေကိုပြင်ဆင်ရမလဲဆိုတဲ့ အလုပ်နဲ့ပက်သတ်ပြီး စိတ်ဝင်စားမှုတွေကို ပြနိုင်ရင်ပြနိုင်သလောက် ဦးစားပေးတာကိုခံရနိုင်ပါတယ်။ အလုပ်လျှောက်ဖို့အတွက်လိုအပ်တဲ့အချက်အလက်များကို ပြည့်ပြည့်စုံစုံမေးမြန်းပြီး 自己アピールလုပ်နိုင်တဲ့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါသည်။
မေးခွန်းမေးတဲ့အခါမှာ သတိထားရမည့်အချက်က
-မိမိရပိုင်ခွင့်တွေချည်းပဲ ဇွတ်မမေးပါနဲ့။ ဥပမာလစာတိုးမယ့်အကြောင်းတွေ၊တစ်နှစ်ပိတ်ရက်ဘယ်နရက်ရှိသလဲ၊ အချိန်ပိုကြေးအသေးစိတ်တွေ၊ စသဖြင့် ငွေရေးကြေးရေးနှင့် ရပိုင်ခွင့်ချည်းပဲမေးနေလျှင် Imageကျနိုင်ပါတယ်။ လစာတိုးမယ့်အကြောင်းတွေက အလုပ်ခေါ်စာမှာရေးထားပါတယ်။ ကိုယ်တိုင်ဖတ်ကြည့်ပြီးနားမလည်မှသာ မေးပါ။
-မိမိဘာသာရှာပြီး သိနိုင်တဲ့အချက်အလက်တွေကို မမေးပါနဲ့၊ ဖြေမယ့်ကုမ္ပဏီဘက်ကလဲအချိန်ကုန်တဲ့အပြင် ကိုယ့်ဘာသာကိုယ်ရှာလို့ရနိုင်တာကိုတောင် မရှာနိုင်ဘူးဆိုပြီး Imageကျနိုင်ပါတယ်။
၅၊တိုက်ရိုက်အလုပ်လျှောက်နိုင်ခြင်း
အလုပ်မိတ်ဆက်ပွဲကိုတက်ပြီး မိမိစိတ်ဝင်စားတဲ့ကုမ္ပဏီရှိလျှင် တစ်ခါထဲ 履歴書ထပ်ပြီးအလုပ်လျှောက်လို့ရတဲ့အခွင့်အလမ်းလဲရှိပါတယ်။
အဲလိုလျှောက်ဖို့အတွက်ကတော့ မိမိဘက်က 履歴書ကိုကြိုတင်ပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်။ 履歴書ရေးပုံရေးနည်းတွေကို အရင်ပိုစ့်တွေထဲမှာရေးပြီးသားဖြစ်တဲ့အတွက် စိတဝင်စားလျှင်ဖတ်ကြည့်ကြပါနော်။

မိမိဘဝလမ်းတဆစ်ချိုးအတွက် တကယ့်ကိုအကျိုးများစွာရှိတဲ့ ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့် တစ်ရက်တာရဲ့အချိန် နာရီပိုင်းလေးမျှသာ အချိန်ပေးပြီး တက်ဖြစ်အောင်တက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ခုက ကျွန်မတို့ကုမ္ပဏီကလုပ်တဲ့ Job Fairက မြန်မာလူမျိုးအတွက်သီးသန့် ကျင်းပသောMyanmar Job Fairဖြစ်တဲ့အတွက်ကြောင့်
နိုင်ငံခြားသားဖြစ်တဲ့မိမိကို အလုပ်ခန့်/မခန့်ဆိုတာကိုတွေးပူနေစရာမလိုဘဲနဲ့ မိမိအရည်အချင်းတွေကို အပြည့်အဝထုတ်ပြနိုင်မယ့်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် တက်ဖြစ်အောင်တက်ပါလို့ တိုက်တွန်းချင်ပါတယ်။
copyright 2019 ARBEIT-TIMES CO.,LTD