- ホーム
- zoomဆိုတာဘာလဲ?? zoomအကောင့်ဘယ်လိုလုပ်ရမလဲ??
2020ခုနှစ် ကိုရိုနာစဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တတ်နိုင်သမျှလူစုလူဝေးတွေကိုရှောင်ပြီး ဘာမဆို Online ကနေလုပ်လာကြတာကိုတွေ့ရတယ်။ ဥပမာ သင်တန်းတွေ စျေးဝယ်တာတွေ နယ်ဝေးနေတဲ့သူငယ်ချင်းတွေစုပြီး သောက်စားကြတာတွေ မီတင်တွေ အလုပ်မိတ်ဆက်ပွဲတွေ စသဖြင့် အွန်လိုင်းကနေလုပ်လို့ရတဲ့ကိစ္စမှန်သမျှ အွန်လိုင်းကနေပဲလုပ်ကြတော့တယ်။ အခုအချိန်ထိ မီတင်လုပ်လို့ရတဲ့ software အမျိုးမျိုးရှိတဲ့အထဲကမှ ကိုရိုနာဖြစ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းလုံးကလူတွေက zoom ဆိုတဲ့ software ကို တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ တော်တော်များများလဲ zoom ကိုအသုံးပြုဖူး၊ အသုံးပြုတတ်ကြပေမယ့် မသုံးတတ်သေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။
Zoom ဆိုတာဘာလဲ???
Zoom ဆိုတာကတော့ phone, computer, tabletစသည်ဖြင့် အင်တာနက်ကနေတဆင့် video meeting လုပ်လို့ရတဲ့ softwareတစ်မျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့ Zoom ကိုတွင်တွင်ကျယ်ကျယ်သုံးလာကြလဲဆိုရင်
ဗီဒီယိုရုပ်ထွက်ကောင်းတယ်၊
Backgroundပြောင်းလို့ရတယ်၊
မီတင်အချိန်တွေကို ကြိုတင်ပြီး သတ်မှတ်ထားလို့ရတယ်၊
မီတင်မှာ လူတိုင်းတက်လို့မရအောင် passwordခံလို့ရတယ်၊
မီတင်တစ်ခုထဲမှာ တစ်ချိန်ထဲမှာ group dissectionတွေလုပ်ဖို့အတွက် အခန်းတွေလဲအများကြီးလုပ်လို့ရတယ်၊
Zoom ကနေတဆင့်facebook/ youtube ဆီကို တိုက်ရိုက် Liveလွှင့်လို့ရတယ်၊
Screen Sharing လုပ်လို့ရတယ်၊
recordလုပ်လို့ရတယ်၊
စသဖြင့် တခြား softwareတွေနဲ့မတူဘဲနဲ့ သူ့မှာလုပ်လို့ရတဲ့ features တွေအများကြီးပါတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ တော်တော်များများ အသုံးပြုလာကြတာကိုတွေ့ရပါတယ်။
Zoom ကိုဘယ်လိုသုံးရမလဲ???
Zoomကိုသုံးဖို့အတွက် ပထမဆုံးလိုအပ်တာကတော့ softwareကိုdownload လုပ်ဖို့လိုအပ်ပါတယ်။ Appကို download ဆွဲတဲ့အခါ free, pro, business,
Company စသဖြင့်ရှိတယ်။ ဘာကွာသွားလဲဆိုရင် freeကပိုက်ဆံမကုန်ပေမယ့် meeting လုပ်မယ်ဆိုရင် အများဆုံးမိနစ်၄၀ပဲသုံးလို့ရတယ်။ မိနစ်၄၀ကြာရင် တစ်ခါ out ပြိးတစ်ခါပြန်ဝင်ရင်ရတယ်။ pro, business, Company သုံးဖို့အတွက်ကျတော့ လစဥ်ပိုက်ဆံပေးရတယ်။ တစ်ရက်၂၄နာရီ ကြိုက်တဲ့အချိန် ကြိုက်သလိုသုံးလို့ရတယ်။ ဒါပေမယ့် ကျောင်းသားကျောင်းသူတွေ ကျောင်းအတွက် ၊ အလုပ် meeting တက်ဖို့အတွက်ပဲသုံးမယ်ဆိုရင်တော့ free download လုပ်လို့ရတဲ့ဟာကိုပဲလုပ်ပါ။ သုံးလို့အဆင်ပြေပါတယ် ပြဿနာမရှိပါဘူး။
App download မလုပ်ချင်တဲ့သူများကတော့ https://www.zoom.us နှိပ်ပြီး သူ့ရဲ့ original website ကနေ Sign In လုပ်ပြီး သုံးနိုင်ပါတယ်။ ဘယ်လိုပဲသုံးသုံး Sign Inလုပ်ဖို့ဆိုရင်တော့ Zoomအကောင့်ကိုလုပ်ထားဖို့ လိုအပ်ပါတယ်။
Zoomအကောင့်ကိုဘယ်လိုလုပ်မလဲ???
အကောင့်လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။ တခြားအကောင့်လုပ်ပုံလုပ်နည်းတွေနဲ့တူတူပါပဲ။ Sign Inဆိုတဲ့နေရာသွားပြီး လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်ပြီး Sign Upကိုနှိပ်ပြီး Zoomအကောင့်ကို ပြုလုပ်ရုံပါပဲ။
Sign up , it’s Free ကိုနှိပ်ပြီး
မွေးသက္ကရာဇ်တွေကိုဖြည့်ပါ။
Email address ကိုထည့်ပြီး
Sign Up ကိုနှိပ်ပါ။
Mailထဲကနေ Zoomကပို့လာတဲ့ Linkကိုနှိပ်ပြီး Activate Account ကို Click နှိပ်ပေးပါ။
မိမိရဲ့အချက်အလက်တွေကိုဖြည့်ပါ။
အကောင့်လုပ်လို့
အဆင်ပြေသွားပြီဆိုရင်တော့
ဒီလိုမျိုးလေးပေါ်လာမယ်နော်
အဲလိုဆိုရင်စပြီးသုံးလို့ရပါပြီ။
Zoom အကောင့်ကိုလုပ်ပြီးရင်တော့ အီးမေးထဲကိုဝင်ပြီး zoomကပို့လာတဲ့ လင့်ကိုclickနှိပ်ပြီး Activate Accountဆိုတဲ့ ဟာလေးကိုနှိပ်ပေးဖို့လိုအပ်ပါတယ်။ အဲဒါကျမှ Zoom Accountက Activateဖြစ်ပြီးသုံးလို့ရမှာပါ။ အပေါ်မှာပါတဲ့ ပုံအဆင့်ဆင့်ကိုကြည့်ပြီး အကောင့်လုပ်တဲ့အခါ အထောက်အကူဖြစ်ရင် ဝမ်းသာပါတယ်။
ဒီအပတ်မှာတော့ Zoomဆိုတာဘာလဲဆိုတာရယ်၊ Zoomရဲ့အားသာချက်တွေရယ်၊ အကောင့်လုပ်ပုံလုပ်နည်းတွေကို ာပုံနှင့်တကွရှင်းပြထားပါတယ်။ နောက်အပတ်တွေမှာတော့ Zoomကနေဆင့် Meetingတက်ပုံတက်နည်းတွေ နဲ့ အများနဲ့အတူ Meeting တက်တဲ့အခါ သိရှိထားသင့်တဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြပါအုံးနော်။
copyright 2019 ARBEIT-TIMES CO.,LTD