- ホーム
- တိုကုတေးဂိနိုး(ကိုင်းဂေါ့)ဝန်ဆောင်မှု အသစ် အား မိတ်ဆက်ခြင်း။

ဂျပန်ရောက်မြန်မာများအတွက် တိုကုတေးဂိနိုး(ကိုင်းဂေါ့)ဝန်ဆောင်မှု အသစ် အား မိတ်ဆက်ခြင်း
ဂျပန်ရောက် မြန်မာများအတွက် 2021 မှာ ကျောင်းပြီးမယ့်သူတွေ ၊ အလုပ်ရှာနေတဲ့သူတွေအတွက် စဉ်းစားသင့်တဲ့ အလုပ်အမျိုးအစားတခုကို မိတ်ဆက်ပေးလိုပါတယ်၊၊ အဲ့ဒါကတော့ တိုကုတေးဂိနိုး(ကိုင်းဂေါ့)【特定技能 (介護)】လုပ်ငန်းပါ။
ကိုင်းဂေါ့အလုပ်သည် အားလုံးမှ အထူးအလေးပေးနေသော လုပ်ငန်းတခုဖြစ်ပါတယ်။ဂျပန်တွင်ရေရှည်နေနိုင်ခြင်းနှင့်မြန်မာတွင်လည်းပြန်လည်အသုံးချနိုင်သော အခွင့်အရေးများရှိပါတယ်။
ဘာလို့တိုကုတေးဂိနိုး(ကိုင်းဂေါ့) 特定技能介護ကို စဉ်းစားသင့်တာလဲ။(WHY?)
ဂျပန်နိုင်ငံသည် တိုင်းပြည်တစ်ခု၊နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာမှုရဲ့ ကောင်းကျိုးအနေနဲ့ နည်းပညာ၊ဆေးပညာတွေမြန်ဆန်စွာ တိုးတက်လာမှုကြောင့် လူတွေဟာသက်တမ်းကြာရှည်စွာ အသက်ရှင်လာနိုင်ကြတယ်၊၊ တဆက်မှာလည်းတိုးတက်ပြောင်းလဲမှုရဲ့ ဆိုးကျိုး ရလဒ်အနေနဲ့ ပြုစုစောင့်ရှောက်ရန် လိုအပ်နေတဲ့သက်ကြီးရွယ်အို တွေအရမ်းကို များပြားလာပြီး ကလးမွေးနှုန်းလျော့ကျမှုနှင့်အတူ လူငယ်တွေ နည်းပါလာကပါတယ်။ ထိုပြသနာတွေက တိုးတက်နေတဲ့ တိုင်ပြည်တိုင်းမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုလို ဖြစ်နေပြီး ဒီအထဲမှာ ဂျပန်နိုင်ငံက ထိပ်ဆုံးကရပ်တည်နေပါတယ်၊၊
ဒါကြောင့် ဂျပန်အစိုးရကဂျပန် နိုင်ငံအတွင်မှာ ရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားများကို စောင့်ရှောက်ရန် နိုင်ငံတကာမှာ အလုပ်သမားဦးရေ 60000ခန့် ခေါ်ယူရန်စီစဥ်နေပေမယ့် လက်ရှိ COVID-19ရောဂါအခြေနေကြောင့် အလုပ်သမားခေါ်ယူဖို့အတွက် ကြန့်ကြာမှုတွေရှိနေသောကြောင့် ဂျပန်နိုင်ငံအတွင်းမှာ ရှိနေတဲ့2021မှာ ကျောင်းပြီးမယ့်သူ၊ အလုပ်ရှာနေတဲ့သူတွေအတွက် ခက်ခက်ခဲခဲ အလုပ်ရှာစရာမလိုဘဲ အလွယ်တစ်ကူ လစာမြင့် အလုပ်ရနိုင်တဲ့ အခွင့်ကောင်းတစ်ခုဖြစ်လာပါတယ်၊၊

特定技能(介護)အလုပ်ရဲ့အခြားအလုပ်တွေနဲ့ယှဥ်ရင် ဘယ်လိုအားသာချက်တွေရှိလဲ?
①ကိုဗစ်ရိုက်ခက်မှုအချိန်မှာတောင် ဂျပန်ရှိတိုကုတေးဂိနိုး(ကိုင်းဂေါ့)လုပ်ငန်းတွင် အလုပ်ခန့်မှု များပြားနေခြင်း။
②ပညာရေး၊ အလုပ်အတွေ့အကြုံ မရှိသော်လည်း အလုပ်လျှောက်နိုင်ခြင်း။N4 passed, N3 Level OK။
③ဂျပန်မှာ ရှိနေသော 留学生、就職活動生、社会人များလည်း အလုပ်လုပ်ကိုင်နိုင်ခြင်း။
④လုပ်သက် ၃ နှစ်ကျော်တဲ့အခါ ဂျပန်အစိုးရ အသိမှတ်ပြု ကျွမ်းကျင် စာမေးပွဲကို ဖြေဆိုနိုင်ပြီး 介護福祉ビザပညာရှင်အဆင့် ဗီဇာသို့ပြောင်းလဲပြီး ဂျပန်တွင် တသက်လုံး နေထိုင်နိုင်ခြင်း။
⑤Tokyo, Saitama, Kanagawa, Chiba စသည်ဖြင့် ဂျပန်နိုင်ငံရဲ့ သွားရေးလာရေးလွယ်ကူပြီး လူစည်ကားတဲ့ မြို့ကြီးမှာ လုပ်ကိုင်နိုင်မယ့်အပြင် အလုပ်နေရာလည်း မိမိ စိတ်တိုင်းကျ ရွေးချယ်နိုင်ခြင်း။
⑥မြန်မာလူမျိုးအများစုက သနားကြင်နာတတ်ပြီး နွေးထွေးကြင်နာစွာဆက်ဆံတဲ့အတွက်介護 လုပ်ငန်း အများစုက မြန်မာလူမျိုးကို အဓိကထားအလုပ်ခန့်ချင်ကြခြင်း ။
⑦ကိုင်းဂေါ့အတွေ့အကြုံသည်အနာဂါတ်မြန်မာနိုင်ငံတွင်လည်း အသုံးချနိုင်မှုများပြားလာမည် ဖြစ်ခြင်း။
စသည်ဖြင့် အားသာချက်များစွာရှိပါတယ်၊၊
စိတ်၀င်စားတဲ့သူ၊ အလုပ်လျှောက်ချင်တဲ့သူ၊ ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်း မသိတဲ့သူအနေနဲ့လည်း လုံးဝစိတ်ပူစရာမလိုပါဘူး၊၊
အဲဒီအတွက် 株式会社アルバイトタイムスကုမ္ပဏီမှ One Stop Service (All-Free)ကို စတင်လိုက်ပါတယ်။
ထို Serviceတွင် သက်ကြီးရွယ်အို ဘိုးဘွားစောင့်ရှောက်ရေး အလုပ်ကို စိတ်ဝင်စားသောဂျပန်ရောက် ၂၀၂၁ ကျောင်းပြီမည့်မြန်မာ留学生、အလုပ်ရှာနေသူများ အတွက် အစအဆုံး ဝန်ဆောင်မှု အားလုံးကို အခမဲ့ ပြုလုပ်မှာပေးမှာဖြစ်ပါတယ်။
One Stop Service ဘယ်လိုဝန်ဆောင်မှုမျိုးပါလိမ့်?
①တိုကုတေးဂိနိုး(ကိုင်းဂေါ့) စာမေးပွဲဖြေဆိုရန် အခမဲ့ သင်ကြားပေးခြင်း။
-သင်ကြားပေးမည့် ဆရာသည် 介護 လုပ်ငန်းတွင် အုပ်ချုပ်ရေးပိုင်း ၁၀နှစ် အတွေ့အကြုံရှိ ဂျပန် လူမျိုးနှင့်
-ဂျပန်စာများကို အခက်အခဲမရှိစေရန် မြန်မာလိုပါ အသေးစိတ် သင်ကြားပို့ချပေးမည့် မြန်မာ တာဝန်ခံ ခိုင်ဇင်ကျော်
②စာမေးပွဲ ဖြေရန် ကုမ္ပဏီမှ Credit Card ဖြင့် ကိုယ်စားလျှောက်လွှာများတင်ပေးခြင်း။
③CV ရေးနည်၊အင်တာဗျုး ဖြေနည်းအစ အသေးစိတ်သင်ကြားပေးခြင်း။
④သွားရေးလာရေးလွယ်ကူပြီး လူစည်ကားသည့် မြိုကြီးများတွင်တည်ရှိပြီးအာမခံချက်ရှိသည့်လစာမြင့် သက်ကြီးရွယ်အို ဘိုးဘွားစောင့်ရှောက်ရေးအလုပ်များနှင့် မိတ်ဆက်ပေးခြင်း။
⑤တိုကုတေးဂိနိုး(ကိုင်းဂေါ့) ဗီဇာ လျှောက်ပေးခြင်း။
⑥အလုပ်ဝင်ပြီးနောက် အဆင်ပြေမှုရှိမရှိ အား လစဉ် ဆွေးနွေးအကြံပေးခြင်း။စသည်ဖြင့်
အစမှ အဆုံး အလုပ်ရသည်အထိ ကုမ္ပဏီမှ All Free (ဝန်ဆောင်ခ -တပြားမှ ပေးစရာမလို အခမဲ့ )ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။

စိတ်ဝင်စား ပါကအောက်ဖော်ပြပါ Link (or) ပုံရှိ QR Code မှ စာရင်းပေးနိုင်ပါပြီ။
https://docs.google.com/forms/d/e/1FAIpQLSezh6vbYf60TIQClOV8VcaECCDTS5XSx_gJsIi3nThirVevVw/viewform
စာရင်းပေးသူများအား ဆက်သွယ်၍ သေချာတဉီးချင်းဆီကို Counseling လုပ်၍ အခမဲ့ ဝန်ဆောင်မှုများ ပေးသွားမှာ ဖြစ်ပါတယ်။

日本語の説明は画像のチラシにご覧ください。
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD