- ホーム
- ဂျပန်နိုင်ငံတွင် New Graduated များ၏ အလုပ်ရှာဖွေခြင်း စနစ်နှင့် ခေတ် အခြေအနေ သတိပြုဖွယ်များ။
ဂျပန်နိုင်ငံတွင် New Graduate များ၏ အလုပ်ရှာဖွေခြင်း စနစ်နှင့် ခေတ် အခြေအနေ သတိပြုဖွယ်များ။
၁။တက္ကသိုလ်၊ဆန်းမွန်းကျောင်းပြီးမည့်သူများမည်သို့အလုပ်စရှာကြသလဲ။
တခြားနိုင်ငံတွေနှင့်မတူတဲ့အလုပ်ရှာဖွေမှုပုံစံ ရှိတဲ့ဂျပန်နိုင်ငံမှာအလုပ်စရှာမယ်ဆိုရင်တော့ တက္ကသိုလ်၊ဆန်းမွန်းကျောင်းပြီးမည့်သူများအနေဖြင့်
ဂျပန်နိုင်ငံရဲ့就職活動(Job Fair)တွေကဘယ်အချိန်မှာ ဘယ်လိုကျင်းပနေလဲဆိုတဲ့日本の就職活動の流れ (အလုပ်ရှာပုံအဆင့်ဆင့်)ကိုအရင်ဆုံးသိထားရမှာဖြစ်ပါတယ်။
ဂျပန်လူမျိုးကျောင်းသားကျောင်းသူတွေကကျောင်းမပြီးခင်တစ်နှစ်လောက်၊တချို့ဆို တနှစ်ခွဲလောက်အချိန်ယူပြီးကြိုတင်ပြင်ဆင်အလုပ်ရှာလေ့ရှိပါတယ်။
၂။ကုမ္ပဏီများမှ New Graduateများကို မည်သည့်ပုံစံဖြင့်အလုပ်ခန့်သနည်း?
企業(ကုမ္ပဏီ)တွေက ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်နှုန်းများနှင့်လုပ်သားလိုအပ်မှုများကို HP ဌာနမှ နှစ်စဉ်Plan ဆွဲပြီး New Graduate ကျောင်းသား တွေကို အလုပ်ခန့်ဖို့လုပ်ကြပါတယ်။
ထို့ကြောင့်အလုပ်ခန့်မည့် Plan အရ တစ်နှစ်လောက်ကြိုပြီး ကုမ္ပဏီ seminar,説明会(ရှင်းလင်းပွဲ) များလုပ်ခြင်း၊Job Fairပွဲကြီးများတွင်ပါဝင်ဆင်နွှဲပြီး ေကျောင်းပြီးမည့်New Graduate များကိုအလုပ်ခေါ်ကြပါတယ်။
ဒီလို events/seminarတွေကတစ်ဆင့် အလုပ်လျှောက်လွှာများကိုရွေးချယ်ပြီး Interviewအဆင့်ဆင့် (အနည်းဆုံး ၂ခါမှ ၃ခါ)ပြုလုပ်ကာ သင့်တော်သည့်သူများအလုပ်ကြိုတင်ခန့်ကြောင်းစာရွက်ဖြစ်တဲ့ (内定)ဆိုတဲ့ကြိုတင်အလုပ်ခန့်စာကိုထုတ်ပေးပါတယ်။
၃။ New Graduate ကျောင်းသား/ကျောင်းသူများ အနေဖြင့် မည်သို့ အလုပ်ရှာကြသနည်း?
ကျောင်းသားတွေအနေနဲ့လည်းကျောင်းမပြီးခင်တစ်နှစ်လောက်ကြိုပြီး အလုပ်ရှာထားရပါတယ်။ နောက်ဆုံးနှစ် ကျောင်းမဖွင့်ခင် 3လပိုင်း4လပိုင်းမှာ Job Fiar/Company Seminarတွေတက် ကြပါတယ်။
မိမိစိတ်ဝင်စားတဲ့အလုပ်တွေကို 5လပိုင်း6လပိုင်းမှCV Form တွေတင်၊Web Test များ၊ Interviewများဖြေ ကြပါတယ်။အဆင့်ဆင့်Interviewများ(အနည်းဆုံး ၂ခါမှ ၃ခါ)ဖြေပြီး 7လပိုင်း8လပိုင်း(နောက်ဆုံးနှစ် ပထမ semester )မပြီးခင်ကထဲက内定(အလုပ်ကြိုတင်ခန့်စာ)ရယူကြပါတယ်။
Company တွေရှင်းလင်းပွဲSeminar တွေ အခု၅၀လောက်သွားပြီး CV Form အစောင်၁၀၀လောက်တင်မှ ၄၀%လောက်ပဲ Interview အဆင့်ဆင့်ပြုလုပ်နိုင်ပြီး ကြိုတင်အလုပ်ခန့်စာ(内定)ကို အနည်းဆုံး ၃ခု /၄ ခုရယူထားကြပါတယ်။ လုံးမရတဲ့သူတွေလည်းရှိပါတယ်။ ကိုယ့်အရည်အချင်းနှင့်ကြိုးစားမှုအပေါ်မှာဘဲမူတည်ပါတယ်။
အလုပ်ခန့်စာ内定များများရလေ ကိုယ့်အတွက် ရွေးချယ်စရာအခွင့်ရေးများတဲ့ အတွက်内定အများကြီးရထားတာပိုအဆင်ပြေပါတယ်။
10လပိုင်းလောက်ရောက်ရင်တော့ ရထားတဲ့内定တွေထဲက ကိုယ်အကြိုက်ဆုံးတစ်ခုတည်းကို သာရွေးပြီး Companyမှာအလုပ်၀င်မည့်အကြောင်း လက်ခံထားတဲ့ 内定အလုပ်ခန့်စာ စာရွက်မှာလက်မှတ်ထိုး၊စာတိုက်ကနေတဆင့် ပို့ပေးပြီးအကြောင်းကြားရပါတယ်။
10လပိုင်းလောက်ရောက်ရင်တော့ မိမိဝင်မယ့်ကုမ္ပဏီကိုသေချာနောက်ဆုံးရွေးပြီးအလုပ်၀င်မယ့်အကြောင်း အကြောင်းကြားရပါတယ်။ ထို့နောက် နောက်နှစ်ရဲ့ 3လပိုင်းရောက်ရင် ့ယူပြီး ၄လပိုင်းရောက်ရင်အလုပ်စ၀င်ရပါတယ်၊၊။
အလုပ်ရှာ ရတဲ့ အချိန်တွေဟာအရမ်းကိုကြိုးစားရပြီးကျောင်းသားဘ၀ရဲ့ အပင်ပန်းဆုံးအချိန်ပါပဲ၊၊
ဒါဂျပန်နိုင်ငံ၏New Graduate များ၏အလုပ်ရှာတဲ့ စနစ်ပါ။။
၄။ဂျပန်ရောက်အရှေ့တောင်အာရှကျောင်းသူကျောင်းသားများ၏အလုပ်ရှာဖွေမှုအခြေအနေ
ဂျပန်ကျောင်းသားကျောင်းသူတွေက 職活(အလုပ်ရှာဖွေ)တွေအများကြီး ကြိုးစားပြီးလုပ်ကြပေမယ့် နိုင်ငံခြားကျောင်းသားကျောင်းသူတွေ အထူးသဖြင့်အရှေ့တောင်အာရှ ဆန်းမွန်း ကျောင်းသားကျောင်းသူတွေက職活(အလုပ်ရှာဖွေမှု)ကို ကြိုးစားကြီး အများကြီးလုပ်လေ့မရှိပါဘူး။
တချို့ဆိုတာထက် နိုင်ငံခြားသားများတဲ့ဆန်းမွန်းကျောင်းတွေမှာက အလုပ်ရှာတဲ့ အချိန်တွေ၊ အလုပ်ရှာရတဲ့ Knowledge တွေအားနည်းကြပြီးအလုပ်ရှာရမယ့်အချိန်တွေနောက်ကလို့ အလုပ်မရသူများ၊ information သေချာမသိကြလို့ အလုပ်ရှာရခက်သူများနဲ့ အလုပ်မရကြသူတွေများပါတယ်
၅။အလုပ်ရှာဖွေမှုဗီဇာ(就職活動ビザ)
တချို့ ဆန်းမွန်းကျောင်းသားများက ကျောင်းပြီးမှဘွဲ့ရမှ အလုပ်ရှာဖွေမှုဗီဇာ(就職活動ビザ)ပြောင်းပြီး အလုပ်ရှာမယ်ဆိုပြီး တွေးကြပါတယ်။
ဂျပန်လဝက မှ တင်းကျပ်သောစည်းကမ်းများနှင့် ကျောင်းများမှ လည်းအလုပ်မရှာ၊မကြိုးစားဘဲ အလုပ်မရဖြစ်နေတဲ့ သူများကို အလုပ်ရှာဖွေမှုဗီဇာ(就職活動ビザ)မလုပ်ပေးတော့ပါဘူး။
ထို့ကြောင့် အလုပ်ရှာဖွေမှုဗီဇာ(就職活動ビザ)ကို သင် မမျှော်လင့်ဘဲ ကျောင်းေနောက်ဆုံးနှစ်အတွင်းမှာ အလုပ်ရအောင် ရှာတာ အကောင်းဆုံးဖြစ်ပါမယ်။
၆။ယခုလက်ရှိ အလုပ်ရှာဖွေမှုစနစ်နှင့် ဂျပန်နိုင်ငံ
ယခုအချိန်မှာ COVID-19ကြောင့်就職活動 ပွဲတွေ၊စီမီနာများ ရပ်ထားရပေမယ့် Web Seminarတွေ Online interviewတွေလုပ်ပြီး အလုပ်ခန့်တဲ့ ကုမ္ပဏီတွေ အများအပြားရှိပါတယ်။ထို့အတွက်ကြောင့် 就職活動 မရှိလို့ ဘာမှမလုပ်ဘဲဒီအတိုင်းနေတာမျိုးထက်Web Seminarတွေနားထောင်ပြီး Information တွေကိုစုဆောင်းထားသင့်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19ကြောင့် အလုပ်ရှာရတာတဖြည်းဖြည်း ခက်ခဲလာတဲ့ အတွက်ကြောင့်အလုပ်ကောင်းကောင်းရချင်ရင်တော့အစောကြီးကတည်းက ၀ီရိယလေးထားပြီးအလုပ်ရှာထားသင့်ပါတယ်လို့မြင်မိပါတယ်။
ဒါကြောင့်မြန်မာလူမျိုးအတွက်အထူးသီးသန့်Webဖြစ်တဲ့MingalaValueWebကမြန်မာလူမျိုးသီးသန့်
Job Fair, seminar, အလုပ်ခေါ်စာတွေနှင့် information တွေကို အဆက်မပြတ် တင်ပေးနေတာကြောင့် MingalaValueWebမှာRegisterလုပ်ထားခြင်းဖြင့်informationတွေ ရရှိနိုင်ပါတယ်။နောက်တပတ်မှဘဲ情報収集ဘယ်လိုလုပ်သင့်လဲဆိုတာနဲ့ပတ်သတ်ပြီးထပ် တင်ပေးပါ့မယ် ။
Credit
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD