- ホーム
- အလုပ်မိတ်ဆက် seminarသွားရင် သတိထားရမယ့်အချက် ၃။
ယခင်အပတ်ကတော့ Seminar မသွားခင်မှာဘယ်လိုအချက်တွေကို ပြင်ဆင်သင့်တယ်၊ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ manner နှင့် communicationအကြောင်းနှင့်ပတ်သတ်ပြီး ပြောပြခဲ့ပြီးပါပြီ။
ဒီတပတ်မှာတော့ Seminarတက်ရောက်တဲ့ သတိထားရမယ့် နောက်ထက်အရေးကြီးတဲ့ 身だしなみ(၀တ်စားဆင်မှု)အကြောင်းကို ပြောပြချင်ပါတယ်၊၊
လူအများကြားထဲရောက်တဲ့အခါ ကိုယ့်ရဲ့ အ၀တ်အစားကြောင့် confidence မရှိတာ၊ သေချာ ဂရုစိုက်ပြီး ၀တ်လာခဲ့ ရင်အကောင်းသားလို့ နောင်တမိတဲ့ အချိန်တွေရှိဘူးမှာပါ၊၊
Business နှင့် သက်ဆိုင်တဲ့ seminarတွေ interviewတွေ သွားတဲ့ အခါ first impression က ရေးကြီးဆုံးပါ၊၊ Suit ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် Suit ဖြစ်ရင်ပြီးရော ဆိုပြီး ၀တ်လို့ မရပါဘူး၊၊ 身だしなみဖြစ်အောင်တဖက်လူလေးစားအောင် ၀တ်ဆင်တတ်ဖို့လည်းလိုပါတယ်၊၊ သန့်ရှင်းသန့်ရပ်စွာ smart ကျကျ၀တ်ဆင်ခြင်းဟာ တဖက်သူ လေးစားရတဲ့ အတွက် အ၀တ်အစား၀တ်ဆင်တဲ့ အခါ အထူးသတိထားဖို့လိုပါတယ်၊၊
shirt
အတွင်းက၀တ်ရတဲ့Shirtကို အပေါ်အင်္ကျီ Suit Coatလွယ်လွယ်ကူကူ မညစ်ပတ်အောင် ကာကွယ်တဲ့ အနေနဲ့ အတွင်းကနေ ၀တ်ရလေ့ရှိပါတယ်၊၊ အခြားအခမ်းအနားတွေနှင့် ပွဲလမ်းသဘင်တွေ ကိုယ်ကြိုက်တဲ့ အရောင် ၀တ်ဆင်လို့ရပေမယ့်Business နှင့် သက်ဆိုင်တဲ့ seminarတွေ interviewတွေ သွားတဲ့ အခါမှာတော့အဖြူရောင် ကော်လာပါတဲ့ shirt တစ်မျိုးတည်းသာ၀တ်ဆင်လို့ရပါတယ်၊၊ အရောင်ပါတဲ့ ြယ်သီး မျိုးလုံး၀၀တ်ဆင်လို့မရပါဘူး။
ဒါအပြင်အတွင်းကော်လာတွေ ညစ်ပတ်တာမျို မဖြစ်အောင်အထူးသတိထားသင့် ပါတယ်၊၊
suit color
အနက်ရောင်၊နက်ပြာရောင်၊ မီးခိုးရောင်ရင့်ရင့်ကအသင့်တော်ဆုံးပါ၊၊ အရမ်းမှိန်လွန်းတဲ့ မီးခိုးရောင်လို ကာလာ၊ အရမ်းတောက်ပလွန်းတဲ့ ကာလာနှင့်အစင်းကျားတွေ ပါတဲ့ suitနှင့် ကိုရှောင်ရှားသင့်ပါတယ်၊၊ မိန်ကလေးဆိုရင် skirt နှင့် styleဘောင်းဘီနှစ်မျိုးလုံးနှင့်တွဲ၀တ်လို့ ရနိုင်ပေမယ့် skirt၀တ်တဲ့အခါ သတိထားရမဲ့ အချက်က အသားရောင် stockingကတော့မပါမဖြစ်ပါ၊၊
shoe
leather shoeဖိနပ်အနက်ရာင်က အသင့်တော်ဆုံးပါ၊၊ ယောကျ်ားလေး တွေကတော့ ကြိုးချည်ပါတဲ့ shoe မျိုးက ပိုပြီးအဆင်ပြေပါတယ်၊၊ မိန်ကလေးတွေကတော့ ဒေါက်မပါတဲ့ ဖိနပ်အပါးစီးလို့ မရသလို အရမ်းမြင့်လွန်းတဲ့ height heel မျိုးလည်း စီးလို့မရပါဘူး၊၊ ကိုယ်နှင့်သင့်တော်ပြီး သင့်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို သေချာ ရွေးချယ်ပြီးစီးသင့်ပါတယ်၊၊
Hair Color
hair color ဆိုးရတာ အရမ်းကြိုက်ရင်တောင် 就職活動ကာလမှာတော့ ဆံပင်အနက်ရောင် ပြန်ဆိုးဖို့မမေ့ပါနှင့်၊၊အနက်ရောင်(သို့) သဘာ၀ဆံပင်အရောင်ကလွဲလို့ မရပါဘူး၊၊
Bag
အရွယ်အစားကတော့ A4 စာရွက် အလွယ်တကူ ထုတ်နိုင်ထည့်နိုင်တဲ့ အရွယ်အစားဖြစ်ပြီး အလွယ်တကူ ထောင်ပြီး ချထားလို့ရတဲ့ အိတ်ပုံစံမျိုးပါ၊၊
Color ကတော့ အနက်ရောင်၊ နက်ပြာရောင်၊ အညိုရောင်ဆိုပြီး သတ်မှတ်ထားပါတယ်၊၊就活用のバックဆိုပြီး suitရောင်းတဲ့ ဆိုင်တွေမှာ အလွယ်တကူ၀ယ်လို့ရပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
ရေးသားသူ : Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD