- ホーム
- ဘာကြောင့် အလုပ်မရနိုင်တာလဲ?
အလုပ်ရှာဖွေခြင်း(就職活動)ရဲ့ အဓိက ရည်ရွယ်ချက်က 内定(အလုပ်ကြိုတင်ခန့်စာ)ရဖို့ပါ၊၊
ကိုယ့်ရဲ့ အနီအနားမှာရှိတဲ့ သူငယ်ချင်းတွေ၊အတန်းဖော်တွေက 内定
အများကြီး ရနေပေမယ့်ကိုယ်တစ်ယောက်ပဲ အလုပ်မရသေးတဲ့ အခါ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုတွေကြုံတွေ့
ရ နိုင်ပါတယ်၊၊ ဒါကြောင့် ဒီတပတ်မှာတော့ ဘာကြောင့် 内定 မရနိုင်နိုင်တာလဲ၊ 内定 မရနိုင်တဲ့ သူတွေရဲ့ လက္ခဏာရပ် နှင့်ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
活動ကြိုးစားပြီးလုပ်နေပေမယ့် အလုပ်မရနိုင်တဲ့အခါ ဘာကြောင့်လဲဆိုပြီး ဘာတွေမှားနေလဲ ဆိုပြီး အလုပ်ဆက်မရှာချင်လောက်အောင် စိတ်ဓာတ်ကျတာမျိုးဖြစ်တတ်ပါတယ်၊၊ 就活(အလုပ်ရှာ)တဲ့အခါမှာ ပထမဆုံး အလုပ်မရနိုင်တဲ့ သူတွေရဲ့ လက္ခဏာရပ်တွေကို သိထားဖို့ ကလည်းအရေးကြီး ပါတယ်၊၊အလုပ်မရနိုင်တဲ့ သူတွေရဲ့ လက္ခဏာရပ်တွေကို သိရှိထားမယ်ဆိုရင် ကိုယ်ဘာကြောင့် အလုပ်မရနိုင်တာလဲဆိုတဲ့ အကြောင်းအရင်းကို သိရှိနိုင်ပြီး အဲဒီအချက်တွေကို သတိထားမယ်ဆိုရင် အလုပ်ရှာရတာပိုပြီးလွယ်ကူနိုင်ပါတယ်၊၊
အလုပ်မရနိုင်တဲ့ အကြောင်းအရင်းကတော့ တစ်ယောက်နှင့် မတူညီကြပေမယ့် အများအားဖြင့် အခြေခံအချက်တွေကတော့ တူညီတတ်ပါတယ်။ ဒါကြောင့် အလုပ်မရနိုင်တဲ့ အချက် ၅ ချက်ကို ဖော်ပြချင်ပါတယ်၊၊
①ရည်ရွယ်ချက်မရှိခြင်း
ကိုယ်ဘာကြောင့် ဒီအလုပ်ကို လုပ်ချင်ရတာလဲ ဆိုတဲ့ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်ကို ကောင်းမွန်စွာမရှင်းပြ
နိုင်တာကလဲ အလုပ်မရနိုင်တဲ့ အချက်တစ်ချက်ပါ။အင်တာဗျူးဖြေတဲ့အခါ မေးခွန်းတွေက အမှားအမှန်ဆိုပြီး
သတ်မှတ်ထားတာမျိုးမရှိပါဘူး။အင်တာဗျူးအောင်ခြင်း၊မအောင်ခြင်းဆိုတာကလဲ ကိုယ်ဖြေလိုက်တဲ့ ကိုယ့်ရဲ့အဖြေ
ပေါ်မှာဘဲမူတည်ပါတယ်၊၊မေးခွန်းတစ်ခုလောက်မဖြေနိုင်တာနဲ့အင်တာဗျူးမအောင်နိုင်တာမျိုးမရှိပေမယ့် ဒီအလုပ်ကို ဘာကြောင့်လုပ်ချင်ရတာလဲဆိုတဲ့ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်ကို ကောင်းမွန်းစွာမပြောနိုင်ရင် အင်တာဗျူး အောင်ဖို့ မလွယ်ကူနိုင်ပါဘူး၊၊
志望動機(အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်)လို့ပြောတဲ့အခါ ဘာကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက် ကိုဆိုလိုခြင်းဖြစ်ပါတယ်။ကိုယ်ဘယ်လောက်ပဲတော်နေပါစေ ကိုယ့်ရဲ့ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နှင့် စိတ်အားထက်သန်မှုကို မဖော်ပြနိုင်ရင် တဖက်ကအင်တာဗျူးတဲ့သူ သိနိုင်မှာမဟုတ်ပါဘူး၊၊ ကုမ္ပဏီတွေကလည်း အလုပ်ကြိုးစားချင်စိတ်မရှိတဲ့၊စိတ်အားထက်သန်မှုမရှိတဲ့ သူတွေကို အလုပ်မခန့်ချင်ကြပါဘူး၊၊ဒါကြောင့် အလုပ်ရှာတဲ့အခါ ကိုယ့်ရဲ့ အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နှင့် စိတ်အားထက်သန်မှုကို အင်တာဗျူးတဲ့သူ သိအောင်မဖော်ပြနိုင်တာကလည်း အလုပ်မရနိုင်တဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်၊
②နားထောင်နိုင်မှုစွမ်းရည် မရှိခြင်း
ကုမ္ပဏီတွေက new graduate တွေကို အလုပ်ခန့်တဲ့ အခါ personalityနှင့်အခြားအချက်တွေကိုအဓိကထားပြီး အလုပ်ခန့်လေ့ရှိပါတယ်။အရည်အချင်းရှိရုံနှင့် အလုပ်လုပ်ချင်စိတ်ရှိရုံနှင့် လုပ်ငန်းခွင်မှာ အဆင်မပြေနိုင်ပါဘူး၊၊
တဖက်သားကို လေးစားမှုမရှိတာကလဲအလုပ်မရနိုင်တဲ့ အချက်ပါ။
တချို့ အလုပ်မရနိုင်တဲ့ သူတွေကို ဘာကြောင့် အလုပ်မရနိုင်တာလဲလို့ ဆန်းစစ်ကြည့်မယ်ဆို လူမှုဆက်ဆံရေး အရမ်းအားနည်းလို့အလုပ်မရနိူင်တာတွေရှိတတ်ပါတယ်၊၊ ဥပမာအင်တာဗျူးဖြေတဲ့ အခါ တဖက်က အင်တာဗျူးသူရဲ့ မေးခွန်းကို သေချာနားမထောင်ဘဲ ကိုယ်ပြောချင်တာ ကိုယ်ဖြစ်ချင်တာကိုဘဲ ဇွတ်ပြောနေတတ်တာမျိုးပါ၊၊ လူမှုဆက်ဆံရေး လို့ပြောတဲ့ အခါ စကားပြောကောင်းတာမျိုးကိုဘဲဆိုလို
တာမျိုးမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုခြင်းဖြစ်ပါတယ်၊၊တဖက်လူရဲ့ စကားကို သေချာနားလည်အောင်နားမထောင်ဘဲ ကိုယ်ကဘဲပြောနေရင် တဖက်သားကို လေးစားမှုမရှိဘူးဆိုတဲ့အချက်နှင့် အင်တာဗျူး ကျသွားနိုင်ပါတယ်၊၊
③အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ အကြောင်းကို မလေ့လာထားခြင်း
အလုပ်နှင့်ပတ်သတ်တဲ့ informationတွေကို လုံလောက်အောင်မလေ့လာထားချင်းကလည်း အလုပ်မရနိုင်တဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်၊၊company တွေက new graduateတွေကို အလုပ်ခန့်တဲ့အခါ အရေအတွက်တွေကို သတ်မှတ်ထားပြီးသားပါ။ အခြားသူတွေနှင့် အပြိုင် အလုပ်တခုကို ရယူဖို့ကြိုးစားတဲ့ အခါ ကိုယ်က သူများထက်သာနေမှာ အလုပ်ရနိုင်ဖို့ အခွင့်အလမ်းပိုရှိနိုင်ပါတယ်၊၊
အင်တာဗျူးမှာသူတို့ ကုမ္ပဏီလုပ်ငန်းနှင့် ပတ်သတ်တဲ့မေးခွန်းတွေမေးတဲ့ အခါ ကုမ္ပဏီရဲ့ informationတွေကို သေချာလေ့လာထားတဲ့သူက လုပ်ငန်းနှင့်ပတ်သတ်တဲ့အချက်တွေကို ကောင်းမွန်စွာဖြေဆိုနိုင်ပြီး အမှတ်ပိုရနိုင်သလို ကောင်းမွန်စွာမလေ့လာထားရင် အင်တာဗျူးတဲ့ သူအနေနဲ့ သူတို့လုပ်ငန်းကို ိတ်မ၀င်စားဘူးလို့ထင်သွာနိုင်ပြီး အလုပ်မရနိုင်ပါဘူး၊၊
④မိမိအရည်အချင်းနှင့်ကိုက်ညီမှု အား မလျှောက်တတ်ခြင်း
နောက်တချက်ကတော့ မိမိအရည်အချင်းနှင့် ကိုက်ညီသော အလုပ်ခေါ်စာ ဟုတ်မဟုတ် လေ့လာနိုင်မှုအားနည်းခြင်း၊ နာမည်ကြီး ထိပ်တန်းကုမ္ပဏီတွေဘဲ ရွေးပြီးအလုပ်ရှာခြင်းကလည်း အလုပ်မရနိုင်တဲ့ အချက်တချက်ပါ၊၊တချို့ အလုပ်ရှာတဲ့ သူတွေက မိမိ လုပ်ချင်သော အလုပ် နဲ့ ကုမ္ပဏီတွေနှင့် ခံစားခွင့်တွေကို ဘဲကြည့်ပြီးအလုပ်ရဲ့ လိုအပ်ချက်တွေကို သေချာမလေ့လာဘဲ အလုပ်လျှောက်တဲ့ အခါ အင်တာဗျူးတဲ့ အဆင့်တောင်မရောက်ဘဲ CV Formမှာတစ် ပယ်ချခံရနိုင်ပါတယ်၊၊
⑤အင်တာဗျုုးအတွက် ကြိုတင်မပြင်ဆင်ထားခြင်း
နောက်ဆုံး အနေနဲ့ အလုပ်မရနိုင်တဲ့ အချက်ကတော့ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုတွေမလုပ်ထားခြင်းပါ၊၊
ဘာကြောင့်လဲဆိုရင် အင်တာဗျူးတဲ့ သူတွေက မေးခွန်းတွေကို မြန်မြန်ဆန်ဆန်နှင့် ကျိုးကြောင်းဆီလျှော်စွာ ဘယ်လိုဖြေနိုင်မလဲဆိုပြီး စောင့်ကြည့်တတ်ပါတယ်၊၊ အကယ်၍ အင်တာဗျူးမှာ မေးနိုင်မယ့်မေးခွန်းတွေအတွက်
ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားရင် အင်တာဗျူဖြေတဲ့ အခါ အမှားအယွင်းဖြစ်နိုင်ပြီး အလုပ်မရနိုင်ပါဘူး။
ဒါကြောင့် အလုပ်ရှာတဲ့ အခါ အလုပ်မရနိုင်တဲ့ အချက်တွေကို သိရှိထားပြီး ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အလုပ်ရှာတဲ့အခါ ပိုပြီး လွယ်ကူနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
ရေးသားသူ- Alley Par Dawh
copyright 2019 ARBEIT-TIMES CO.,LTD