- ホーム
- ဂျပန်မှာ ကျောင်းသားတွေအများဆုံး တွေ့ကြုံလေ့ရှိတဲ့ အခက်အခဲ ၁။
နိုင်ငံရပ်ခြားမှာကျောင်းသွားတက်တော့မယ်လို့ စဥ်းစားဆုံးဖြတ်လိုက်တာနဲ့ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ
အတွက်ကြိုတင်ပြင်ဆင်မှုတွေတတ်နိုင်သလောက်လုပ်ထားသင့်ပါတယ်၊၊ဒါကြောင့်ဒီတပတ်မှာတော့ ဂျပန်မှာကျောင်းလာတက်ရင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခက်တွေအကြောင်းနှင့်ဒီလိုမဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်လဲဆိုတာနှင့်ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
နိုင်ငံရပ်ခြားကိုလာပြီးပညာသင်ကြတဲ့အခါကြုံတွေ့ရတဲ့အခက်အခဲတွေကတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါဘူး၊၊ ဒီတပတ်မှာတော့ဂျပန်ကိုကျောင်းလာတက်တဲ့ အခါ အများဆုံးကြုံတွေ့လေ့
ရှိတဲ့ အခက်အခဲ ၃ချက်ကိုပြောပြပေးချင်ပါတယ်၊၊
၁။ ဘာသာစကားအခက်အခဲ
လူမျိုးမတူ၊ ယဥ်ကျေးမှုမတူ၊ဘာသာစကားမတူတဲ့ နိုင်ငံရပ်ခြားကို ထွက်လာတဲ့အခါဘာသာစကားအခက်အခဲ
ကတော့လူတိုင်းကြုံတွေ့လေ့ရှိတဲ့ အခက်အခဲပါ၊၊ တချို့နိုင်ငံတွေကတော့ အင်္ဂလိပ်လို ပြောတတ်ရင် အဆင်ပြေနိုင်ပေမယ့် ဂျပန်နိုင်ငံကိုလာမယ်ဆိုရင်တော့ ဂျပန်စကားတတ်မှ အဆင်ပြေနိုင်မှာပါ၊၊ တချို့တွေက N5 ,N4 အောင်ရင်ကိုပဲ ဂျပန်စကားတတ်နေပြီ ဂျပန်သွားလို့ ရပြီလို့ ထင်နေတတ်ပါတယ်၊၊ ကိုယ်ကိုယ်တိုင်ကလည်းအဲလိုထင်
ခဲ့ပြီးN5လောက်ပဲသင်ပြီးဂျပန်လာခဲ့ပါတယ်၊၊ဂျပန်လိုအခြေခံလောက်တောင်မပြောနိုင်၊မဖတ်နိုင်တဲ့အတွက် ဂျပန်ရောက်ခါစက တော်တော်လေးဒုက္ခရောက်ခဲ့ရပြီး စကားလုံး၀မရတဲ့ အတွက် အချိန်ပိုင်း အလုပ်ရှာတဲ့အခါ
တော်တော်လေးခက်ခဲခဲ့ပါတယ်။အလုပ်ရတော့လဲစကားမပြောရတဲ့စက်ရုံတွေနှင့် အလုပ်ကြမ်းတွေသာရခဲ့တဲ့အတွက်တော်တော်လေးပင်ပန်းခဲ့ရပါတယ်၊၊ဒါကြောင့် ဂျပန်လာမယ်လို့ စဥ်းစားထားနေကြတဲ့ သူတွေကို အကြံပေးချင်တာကဂျပန်လာမယ်ဆိုရင်ဂျပန်စာအနည်းဆုံးN3လောက်အောင်ပြီးမှာလာစေချင်ပါတယ်၊၊ဂျပန်လို အခြေခံလောက်ကျွမ်းကျင်စွာပြောနိုင်မယ်
ဆိုရင် အလုပ်ရှာရတာ လွယ်ကူတဲ့အပြင် ၂၄နာရီကုန်စုံဆိုင်မျိုးမှာ Cashier အနေနဲ့ အလုပ်လုပ်လို့ရနိုင်တဲ့အတွက် အရမ်းပင်ပန်းတဲ့အလုပ်တွေ လုပ်စရာမလိုပါဘူး၊၊
၂။သင်ကြားမှု culture မတူညီခြင်း
မြန်မာနိုင်ငံရဲ့စာ သင်ကြားမှု cultureနှင့် ဂျပန်နိုင်ငံရဲ့ စာသင်ကြားမှု culture က တော်တော်လေးကွာခြားပါတယ်၊၊ ဂျပန်နိုင်ငံရဲ့ကျောင်းတွေဟာ ကျောင်းခေါ်ချိန်နှင့် စည်းကမ်းပိုင်းဆိုင်ရာမှာ အရမ်းကိုတင်းကျပ်တဲ့အတွက် အသားကျဖို့တော်တော်လေးအချိန်ယူခဲ့ရပါတယ်၊၊ နိုင်ငံခြားကျောင်းသားတွေအတွက်သတ်မှတ်ထားတဲ့ ကျောင်းခေါ်ချိန်မပြည့်မီရင် Visa သက်တမ်းတိုးတဲ့အခါ အခက်ခဲရှိနိုင်ပြီး ကျောင်းခေါ်ချိန်မပြည့်မီတဲ့အတွက် Visa ထပ်မတိုးပေးတာ၊ကျောင်းကောင်းကောင်းမတက်တဲ့အတွက်တိုင်းပြည်ကို ပြန်လွှတ်တာမျိုးတွေလည်းရှိပါတယ်၊၊ ကိုယ့်ရည်ရွယ်ချက်ကဂျပန်မှာကျောင်း
တက်ဖို့နှင့် ကျောင်းပြီးရင် ဂျပန်မှာဘဲ အလုပ်လုပ်ဖို့ ရည်ရွယ်ထားလျှင်သတ်မှတ်ချိန် အချိန်ပိုင်း၂၈နာရီ သာလုပ်ဖို့ တိုက်တွန်းပါရစေ။အလုပ်လုပ်ရင်း
ကျောင်းတက်ရတဲ့အခါ အရမ်းပင်ပန်းပြီးကျောင်းမသွားချင်တဲ့ အချိန်တွေရှိရင်တောင် ကြိုးစားပြီးကျောင်းတက်ပါ၊၊ အချို့တွေက ရည်ရွယ်ချက်က ဂျပန်မှာ ပညာသင်ဖို့ရည်မှန်းချက်အကြီးကြီးနှင့်လာခဲ့ပေမယ့် ပင်ပန်းတဲ့ဒဏ်၊ ခက်ခဲ့တဲ့ ဒဏ်တွေကို သည်းမခံနိုင်တဲ့တော့တဲ့အခါ ရည်မှန်းချက်တွေပျောက်ဆုံးကုန်ပြီး
လမ်းလွဲသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်၊၊ ဒါကြောင့် ဂျပန်လာမယ်ဆိုရင် ပင်ပန်းခံနိုင်ပြီး စိတ်ဓာတ်ကြံခိုင်ဖို့တော့လိုပါတယ်၊၊
၃၊၊ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ရခြင်း
မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံအရ ကလေးတစ်ယောက်ဟာ ဘယ်သူ့ကိုမှာ အားမကိုးဘဲ ကိုယ့်ခြေထောက်
ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်၊၊ အိမ်ထောင်မကျခင်ထိ မိဘအိမ်မှာ ကလေးတစ်ယောက်လို မိဘအားကိုးပြီး နေလေ့ရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် နိူင်ငံရပ်ခြားမှာ တစ်ယောက်တည်း ရပ်တည်ရတဲ့အခါ အခက်အခဲ အတွေအများကြီးကြုံတွေ့ရလေ့ရှိပါတယ်၊၊ အရင်ကတော့ မိဘတွေရဲ့အရိပ်ကနေထွက်ပြီးကိုယ်အားကိုယ်အားကိုယ်ကိုးပြီးရပ်တည်ချင်ခဲ့ပေမယ့် တကယ်လက်တွေ့မှာ
မိဘအရိပ်အောက်ကနေထွက်ပြီး ရပ်တည်ရတဲ့အခါထင်သလောက်မလွယ်ပါဘူး၊၊ကိုယ်ကိုယ်တိုင်လည်း
အိမ်မှာ အငယ်ဖြစ်တဲ့အတွက် အင်္ကျီ၀ယ်ရင်တောင်ကိုယ်ကြိုက်တဲ့ အင်္ကျီ ၀ယ်လို့မရ၊ အမေကြိုက်တဲ့ အမတွေ၀ယ်ပေးတဲ့ အင်္ကျီတွေဘဲ ၀တ်ရတဲ့အတွက် အရာရာတိုင်းကို ကိုယ်တိုင်ဆုံးဖြတ်ဖို့၊ကိုယ်အား ကိုယ်ကိုးတတ်ဖို့ခက်ခဲခဲ့ပါတယ်၊၊ ဂျပန်မှာ ကျောင်းတက်ရင်း
ကိုယ်တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ရတဲ့အခါ အသေးအမွှားလေးကအစ ကိုယ်တိုင်ဆုံးဖြတ်၊
ကိုယ်တိုင်လုပ်ကိုင်ရပြီး အဆိုးဆုံးကတော့ home sick လို့ခေါ်တဲ့ အိမ်လွမ်းတာနှင့် အထီးကျန်ခြင်းပဲဖြစ်ပါတယ်၊၊
မနက်မိုးလင်း အိပ်ရာထ ကျောင်းသွားကျောင်းပြန် အလုပ်သွား အလုပ်ပြီးလို့ အိမ်ရောက်ရင် ည ၁၂ နာရီ ၁နာရီ ၊ ရေခဲသတ္တာထဲ ရှိတာချက်ပြုတ်စားသောက် ရေမိုးချိုးပြီး လို့အိပ်တဲ့အချိန်ဟာ တော်တော်လေးနောက်ကျနေပါပြီ၊၊
မနက်ရောက်ရင်လဲ အိပ်ရာထ ကျောင်းသွားအလုပ်သွား နဲ့ နေ့ရက်တိုင်းက တခါတရံမှာ စက်ရုပ်တစ်ယောက်လို လှုပ်ရှားနေရတဲ့ အချိန်တွေရှိပါတယ်၊၊ ဒါကြောင့်မို့ နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့ဆိုရင် စိတ်ဓာတ်ခိုင်မာ ဖို့က အရမ်းကိုအရေးကြီးပါတယ်၊၊ နောက်ထက် ၃ ချက်ကိုတော့ နောက်တစ်ပတ်မှဘဲ ဆက်ပြောပြပေးပါ့မယ်၊၊
၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD