- ホーム
- အဖေများနေ့ ဖြစ်ပေါ်လာပုံနှင့်ဂျပန်နိုင်ငံ၏ အဖေများနေ့ကျင်းပပုံ
နေ့စဥ်နေ့တိုင်း ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာလူပေါင်းများစွာကိုပြောနေတတ်ပေမယ့်
တခါတရံ ကိုယ့်ရဲ့ဘ၀မှာအရေးကြီးဆုံးကျေးဇူးတင်ရမယ့် သူတစ်ယောက်ကို ကျေးဇူးတင်ပါတယ်လို့ပြောဖို့
မေ့နေတတ်ပါတယ်၊၊
ဒီနေ့မှာတော့ အလုပ်နဲ့ မဆိုင်ပေမယ့် ချစ်ခြင်းမေတ္တာတခုကို အမှတ်တရ အနေဖြင့် အဖေများနေ့ ဖြစ်ပေါ်လာပုံနှင့်ဂျပန်နိုင်ငံ၏ ဖခင်များနေ့ကျင်းပပုံကို ဗဟုသုတ မျှဝေချင်ပါတယ်။
ဖခင်တွေဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒကိုဖြည့်စည်းပေးဖို့အတွက် နောက်ကွယ်ကနေ အမြဲတမ်း ပံ့ပိုးပေးနေပေမယ့် ကျေးဇူးတင်ခံရဖို့ အမြဲတမ်း မေ့ကျန်ရစ်ခံရတဲ့သူတွေပါ၊
လူငယ်အများစုက အချစ်ကိုကိုယ်စားပြု တဲ့ White Day、 Valentine's Day နေ့တွေမှာကိုယ်ချစ်သူကို အရမ်းချစ်တဲ့
အကြောင်း တခမ်းတနား ဂုဏ်ပြုလေ့ရှိပေမယ့် မိခင်များနေ့ ဖခင်များနေ့ရောက်လာတဲ့အခါ ကိုယ့်ရဲ့ မိဘတွေကို
ကျေးဇူးတင်ကြောင်း၊ ချစ်တဲ့အကြောင်းပြောဖို့ မေ့နေတတ်ပါတယ်၊၊ လူငယ်သဘာ၀မို့ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောဖို့
လည်းအရေးကြီးသလို ကိုယ့်ကို ကျွေးမွေးပြုစု ပျိုးထောင်လာတဲ့ ကိုယ့် ရဲ့မိဘတွေကိုလည်း အရမ်းချစ်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်း သတိတရပြောပေးဖို့လိုပါတယ်၊၊
ဒါကြောင့် ဒီတပတ်မှာတော့နှစ်စဥ်နှစ်တိုင်း ဇွန်လ တတိယပတ် တနင်္ဂနွေမှာ ကျင်းပလေ့ရှိတဲ့
ဖခင်များနေ့ အကြောင်းနှင့် ဖခင်များနေ့ မှာဘာတွေလုပ်ကြလဲ၊ ဖခင်များနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်၊၊ မြန်မာပြည်မှာတော့ ဖခင်များနေ့ကို ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိပါတယ်၊၊
ဖခင်များနေ့ ဖြစ်ပေါ်လာပုံ
ပထမဆုံးဖခင်များကိုဂုဏ်ပြုတဲ့နေ့ကို ၁၉၀၈ ခုနှစ်ဇူလိုင်လ ၅ရက်နေ့မှာ Grace Golden Claytonဆိုသူက Monongahဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့တဲ့ ရာပေါင်းများစွာသော ဖခင်တွေအတွက်ရည်ရွယ်ပြီး ကျင်းပခဲ့ပါတယ်၊၊ နှစ်စဥ်နှစ်တိုင်းကျင်းပတဲ့ပွဲ မဟုတ်ခဲ့တာကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပြီး ၁၉၁၀ခုနှစ်မှာဇွန်လ၁၀ရက်နေ့မှာ Sonora Smart Dodd ဆိုသူက ဖခင်များနေ့ကို ထပ်မံကျင်းပခဲ့ပါတယ်၊၊ သူမကို မိခင်မရှိဘဲ ဖခင်တစ်ယောက်ထဲကသာ ပြုစုပျိုးထောင်းခဲ့ပါတယ်၊၊ အဲဒီအချိန်က မိခင်များအတွက် ဂုဏ်ပြုသောနေ့သာရှိပြီး ဖခင်များအတွက်ဂုဏ်ပြုတဲ့နေ့မရှိတာကိုသတိပြုမိတဲ့ သူမက ၀ါရှင်တန် ဒီစီအခြေစိုက်အမျိုးသားအ၀တ်အထည်ချုပ်လုပ်သူများအဖွဲ့အစည်းနှင်းပူးပေါင်းကာ ဖခင်များနေ့ကို လူသိများလာရန် စတင်ကြိုးပမ်းခဲ့ပါတယ်၊၊ လူတော်တော်များများကလည်း ဖခင်များနေ့ကိုလက်ခံ ကျင်းပလာခဲ့ပြီး ၁၉၁၆ခုနှစ်မှာ အမေရိကန်သမ္မတ Woodrow Wilsonကိုယ်တိုင် Sonora Smart Dodd တို့ ကျင်းပတဲ့ ဖခင်များနေ့ကို တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်၊၊အကြောင်းအမျိုးမျိုးကြောင့် ဖခင်များနေ့ကို တရား၀င်မသတ်မှတ်နိုင်ခဲ့ပေမယ့် ၁၉၆၆ခုနှစ်မှာ သမ္မတLyndon B. Johnsonက ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို ဖခင်များနေ့အဖြစ်တရား၀င်သတ်မှတ်ခဲ့ပါတယ်၊၊ ခုချိန်မှာတော့ အမေရိကန်တစ်နိုင်ငံတစ်ခုတည်းသာမကတစ်ကမ္ဘာလုံးထိပြန့်နှံ့ခဲ့ပြီး နိုင်ငံအများစုက နှစ်စဥ်နှစ်တိုင်း ဇွန်လတတိယပတ် တနင်္ဂနွေနေ့မှာ ဖခင်များနေ့ကို ကျင်းပလာကြပါတယ်၊၊ တချို့နိုင်ငံတွေက ဇွန်လအစောပိုင်းနေ့များကိုရွေးချယ်ကာ ကျင်းပတာမျိုးလည်းရှိပါတယ်၊၊
ဂျပန်နိုင်ငံရဲ့ ဖခင်များနေ့ကျင်းပပုံ
ဂျပန်နိုင်ငံမှာတော့ ဖခင်များနေ့ရောက်တဲ့အခါ ကိုယ့်ရဲ့ ဖခင်ကိုအ၀ါရောင် နှင်းဆီပန်း လက်ဆောင်ပေးခြင်းဖြင့် ဖခင်များကို ဂုဏ်ပြုလေ့ရှိပါတယ်၊၊ ချစ်ချင်းကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းနှင့် ကာကွယ်ပေးခြင်း၊ ပျော်ရွှင်ခြင်း အဓိပ္ပာယ်ရှိတဲ့အ၀ါရောင်ကို ပေါင်းစပ်ပြီး အ၀ါရောင်းနှင်းဆီပန်းကိုလက်ဆောင်ပေးခြင်းဖြစ်ပါတယ်၊၊ ပန်းလက်ဆောင်ပေးတဲ့အခါ သတိထားရမယ့်အချက်က အဖြူရောင်နှင်းဆီပန်းကို မပေးမိဖို့ပါ၊၊
အဖြူရောင်နှင်းဆီပန်းက သေဆုံးပြီးတဲ့သူတွေကို ဂုဏ်ပြုတဲ့အခါ အသုံပြုလေ့ရှိတဲ့ ပန်းဖြစ်တဲ့အတွက် ဖခင်အတွက်ပန်းကိုလက်ဆောင်အဖြစ်ပေးတဲ့အခါ အဖြူရောင် နှင်းဆီပန်းကိုအထူးရှောင်သင့်ပါတယ်၊၊ ပန်းလက်ဆောင်ပေးခြင်းအပြင် ဖခင်နှင့်အတူတူ ညစာစားခြင်း၊အခြား ကိုယ့်ရဲ့ဖခင်ကြိုက်တဲ့ ပစ္စည်းတစ်ခုခုကို လက်ဆောင်ပေးခြင်းဖြင့်လည်း ဖခင်များနေ့ကို ဂုဏ်ပြုလေ့ရှိပါတယ်၊၊ဒါ့အပြင် ဖခင်များနေ့မှာ ဘယ်လိုလက်ဆောင်မျိုးလိုချင်လဲဆိုပြီး ဂျပန်လူမျိုးအသက် ၄၀မှ ၆၉နှစ် အတွင်း ကလေးရှိတဲ့ ဖခင်တွေကို စစ်တမ်းကောက်ကြည့်တဲ့ အခါ
1. အရက်(သို့)ဘီယာ
2. အ၀တ်အစား
3. နာရီ/ ပိုက်ဆံအိတ်/ နက်ခ်တိုင်
4. ခြေအိတ်/ အတွင်းခံတီရှပ်
5. သတ်မှတ်ထားခြင်းမရှိ ဆိုပြီးတွေ့ရပါတယ်၊၊ ဒါကတော့ ဂျပန်နိုင်ငံမှာကျင်းပလေ့ရှိတဲ့ ဖခင်များနေ့အကြောင်းလေးဖြစ်ပါတယ်၊၊
ဖခင်နေ့ကျင်းပပုံ
နိုင်ငံအလိုက် ဖခင်များနေ့ကို ကျင်းပကြပုံခြင်းမတူပေမယ့် နိုင်ငံတကာမှာတော့ ဖခင်များနေ့ကို
အဖွဲ့အစည်းတွေနှင့် ကျင်းပလေ့ရှိတဲ့သူတွေလဲရှိသလို ကိုယ်ရဲ့မိသားစုအတွင်းမှာဘဲသီးသန့် ဂုဏ်ပြုကျင်းပတဲ့ သူတွေလည်းရှိပါတယ်၊၊ အဖွဲအစည်းတွေနှင့် ကျင်းပတဲ့အခမ်းနားမှာတော့ ဖခင်တွေကိုဖိတ်ကြားပြီး ဖခင်တွေအတွက်
ရည်ရွယ်ထားတဲ့ဂုဏ်ပြုကျေးဇူးတင်စကားပြောခြင်း၊ကဗျာရွတ်ဖတ်ခြင်း၊ သီချင်းဆိုခြင်း၊လက်ဆောင်ပေးခြင်း အစီစဥ်များဖြင့် ခမ်းနားစွာကျင်းပလေ့ရှိပါတယ်၊၊ဒါ့အပြင် ကိုယ့်မိသားစုအတွင်းမှာဘဲ ကျင်းပတဲ့သူတွေကတော့ကိုယ့်ဖခင်အတွက် သူကြိုက်တဲ့ပစ္စည်းတစ်
ခုခုကို အမှတ်တရလက်ဆောင်အဖြစ်ပေးပြီး ကျေးဇူးတင်ကြောင်း အမှတ်တရ ဂုဏ်ပြုကြလေ့ရှိပါတယ်၊၊
ဖခင်များနေ့မှာ လက်ဆောင်ပေးတာပဲမဟုတ်ဘဲ ကိုယ့်ရဲ့ဖခင်နှင့်
အတူတူ ခရီးသွားခြင်း၊ သူကြိုက်တဲ့တဲ့စားစရာ
တွေအတူတူသွားစားခြင်း၊ စကားတွေအများကြီးပြောပေး ခြင်းဖြင့် ဖခင်များနေ့ကို အတူတူဖြတ်သန်းပေးနိုင်ရင်တော့အကောင်းဆုံးပါ၊၊ အကြောင်းအမျိုးမျိုးကြောင့်ဖခင်များနေ့မှာ အေ၀းရောက်နေလို့ သွားမတွေ့နိုင်၊အတူတူအချိန်မကုန်ဆုံးပေးနိုင်၊ လက်ဆောင်မပို့ပေးနိုင်ရင်တောင် ဖခင်များနေ့မှာ ကိုယ်ရဲ့ အဖေကို ဖုန်းဆက်ပြီး အရမ်းကို ကျေးဇူးတင်တဲ့အကြောင်း၊ ချစ်တဲ့အကြောင်းလေးတော့
ပြောဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD