- ホーム
- ဂျပန်နိုင်ငံတွင်အလုပ်ရှာသည့် အခါ Job Information တွေဘယ်လိုရှာမလဲ။
ဂျပန်နိုင်ငံတွင်အလုပ်ရှာသည့် အခါ Job Information တွေဘယ်လိုရှာမလဲ။
ဂျပန်မှာ အလုပ်စရှာတော့မယ်ဆိုရင်တော့ အလုပ်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုရှာဖွေရမလဲ
ဆိုတာကလည်း အရမ်းအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
စစ်တမ်းတွေကောက်ကြည့်တဲ့အခါ ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသူ၊ကျောင်းသားတွေ အများစုမှာ အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လို ရှာရမလဲ မသိဘူးဆိုတဲ့ အဖြေတွေကို သိရပါတယ်။
ကုမ္ပဏီတွေက ဘယ်လိုအလုပ်၊ဘယ်လိုရာထူးတွေကို ခေါ်နေလဲ၊ 説明会, seminarsတွေဘယ်လိုနေရာမျိုးမှာဘယ်လိုပုံစံနဲ့ကျင်းပနေလဲ၊ဘယ်လိုWeb Siteတွေကနေနိုင်ငံခြားသားအလုပ်ရှာတဲ့သူတွေအတွက်သင့်တော်လဲ ဆိုတဲ့ Information တွေမရှိရင်就活(အလုပ်ရှာ)ဖို့မလွယ်ကူနိုင်ပါဘူး၊၊
Informationတွေကိုcollectလုပ်တဲ့အခါတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပေမယ့်
ပထဆုံးအချက်ကတော့ Googleကတဆင့် ရှာဖွေခြင်းပဲဖြစ်ပါတယ်။
ဥပမာ 2021年 ကျောင်းပြီးမည့်သူတွေဆိုရင် 2021卒外国人向けの就職活動情報/イベント (နိုင်ငံခြားသားအလုပ်ရှာဖွေသူများအတွက်သတင်းအချက်အလက်/အလုပ်ရှာပွဲများ)လို့Googleမှာရိုက်ရှာလိုက်တာနဲ့ အလုပ်နဲ့ပတ်သတ်တဲ့Informationတွေ ၊ Web Site တွေအများကြီးတွေ့နိုင်ပါတယ်။
အဲ့ဒီထဲကမှ ကိုယ်နဲ့သင့်တော်တဲ့Web SiteတွေမှာRegisterလုပ်ထားCV Formပေးပို့ထားခြင်းအားဖြင့်အလုပ်နဲ့ပတ်သတ်တဲ့Informationတွေအများကြီးရရှိနိုင်ပါတယ်၊၊
ဒုတိယတချက်က ဖြစ်နိုင်လျှင်E Mail အသစ်တခု ဖွင့်ရန်ဖြစ်ပါတယ်။
အလုပ်ရှာ Web SiteတွေမှာRegisterလုပ်လိုက်တဲ့အခါ E-mail တွေအမြောက်အများ၀င်လာနိုင်တာကြောင့် ကိုယ်ရဲ့လက်ရှိသုံးနေတဲ့
E-mail မှာအဆင်မပြေတာ၊ အနှောက်အယှက်ဖြစ်တာမျိုးတွေရှိလာနိုင်ပါတယ်။
ဒါကြောင့်就職活用のメールアドレス (အလုပ်ရှာရန်အတွက်သီးသန့် အသုံးပြုတဲ့ e-mail)ဖွင့်ထားမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ် လို့ထင်ပါတယ်။
တတိယအချက်ကတော့ကိုယ့်ရဲ့ပတ်၀န်းကျင်နှင့်အတန်းဖော်သူငယ်ချင်းများ၊စီနီယာများထံမှတဆင့် Information တွေရယူနိုင်ပါတယ်။
ကိုယ့်ရဲ့စီနီယာကြီးတွေဆီက သူတို့တွေဘယ်လို活動(activities)မျိုးတွေလုပ်ခဲ့တယ်။ ဘာတွေပြင်ဆင်ထားသင့်ပြီး ဘယ်
လိုအရာတွေရှောင်သင့်လဲဆိုတာမျိုးနှင့်ပတ်သတ်ပြီးအကြံဉာဏ်ယူတာမျိုးကိုလုပ်သင့်ပါတယ်။
ထို့အပြင်အတန်းဖော်၊အချိန်ပိုင်းအလုပ်နှင့် နိုင်ငံခြားသားသူငယ်ချင်းတွေဆီကလည်း သူတို့တွေဘယ်လို活動အလုပ်ရှာဖွေမှု တွေလုပ်နေလဲ၊ဘယ်လို Job Fair, Seminars မျိုးတွေသွားပြီးဘယ်လိုအလုပ်မျိုးတွေမှာ Interviewလုပ်နေလဲဆိုတာမျိုးတွေနှင့်ပက်သတ်ပြီး Inform sharing အနေနဲ့ စကားတွေပြောသင့်ပါတယ်။
မိမိဘက်မှလည်း သိသလောက် ပြန်လည်ဝေမျှပေးပါ။
စတုတ္ထအချက်ကတော့ မိမိ ကျောင်းမှ ဆရာနှင့် တိုင်ပင်ဆွေးနွေးပါ။
ကျောင်းတိုင်းမှာလည်း ကျောင်းသားတွေအတွက်အလုပ်ရှာခြင်းနှင့်ပတ်သတ်တဲ့ တာ၀န်ခံဆရာတွေရှိတာမို့ကိုယ်လုပ်
ချင်တဲ့အလုပ်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေနှင့်ပတ်သတ်ပြီးဆရာတွေနဲ့ဆွေးနွေးတာမျိုးတွေလည်း လုပ်ထားသင့်ပါတယ်၊၊
ကိုယ်ကနိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုကုမ္ပဏီတွေကဘယ်လိုအခြေနေမျိုးတွေရှိတယ်၊ အလုပ်လျှောက်သင့်
မလျှောက်သင့်၊ Visa ရနိုင် မရနိုင်ဆိုတာမျိုးတွေ မသိနိုင်တဲ့အတွက် ဆရာတွေနဲ့ အချိန်ပေးဆွေးနွေးခြင်းအားဖြင့် advises တွေရရှိနိုင်ပါတယ်။

နောက်ဆုံးတချက်ကတော့ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
ရေးသားသူ : Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD