Web Interview တွင်သတိထားရမည့် အချက်များ | 日本で働きたいミャンマー人材向け求人サイト「MingalaValue(ミンガラバリュ)」

転職サポート

လတ်တလော Covid-19 အခြေနေကြောင့် အပြင်ထွက်ခြင်းနှင့် လူစုလူ‌‌ေ၀းပြုလုပ်ခြင်း ကို တတ်နိုင်သလောက်မပြုလုပ်ဖို့ သတိထားနေကြရ တဲ့အတွက်ကုမ္ပဏီအများစုက အလုပ်နဲ့ပတ်သတ်တဲ့ အင်တာဗျူးတွေ၊Seminarတွေကို Social Media တွေပေါ်မှာဘဲ ပြုလုပ်လာကြပါတယ်၊၊

အင်တာဗျူးအများစုကိုလည်း Online ပေါ်မှာဘဲပြုလုပ်လာကြတဲ့အတွက် Web面接 (Web အင်တာဗျူး)ဖြေတဲ့အခါအဆင်မပြေမှုတွေ မဖြစ်ရအောင်ဘယ်လို ကြိုတင်ပြင်မှုတွေ ပြုလုပ်သင့်လဲ၊ ဘယ်လိုအချက်တွေကို သတိထားသင့်လဲဆိုတာနှင့် ပတ်သတ်ပြီး Knowledge Sharing လေး လုပ်ချင်ပါတယ်၊၊Web အင်တာဗျူးကအပြင်ထွက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်ထဲမှာဘဲ လုပ်လို့ရတဲ့ အားသာချက်တွေရှိပေမယ့် အပြင်မှာလူချင်းတွေ့ပြီး ပြောတာမျိုးမဟုတ်တဲ့အပြင် အင်တာနက်၊စက်ပစ္စည်း တို့အပေါ်မှီခိုပြီး ပြုလုပ်ရတဲ့အတွက် သေချာပြင်ဆင်မှုတွေ မလုပ်ထားရင် အဆင်မပြေမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်၊၊

ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားမလဲ


အင်တာဗျူးလုပ်တဲ့ အခါကိုယ့်ကင်မရာမြင်ကွင်းထဲမှာမြင်တွေ့နိုင်မယ့်ကိုယ့်အခန်းအနေအထားနှင့်ကင်မရာbackgroundကို သေချာစွာပြင်ဆင်ဂရုစိုက် သင့်ပါတယ်၊၊Background color အနေနဲ့ အဖြူ(သို့)အပြာရောင်ကအသင့်တော်ဆုံးဖြစ်တဲ့အတွက် ကိုယ့်အခန်းရဲ့ အဖြူ(သို့) အပြာရောင်background ရှိတဲ့ဘက်ကို ကင်မရာ မြင်ကွင်း လုပ်ထားမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်၊၊ ဒါ့အပြင် ကင်မရာ မျက်နှာပြင်နှင့်ကိုယ့်ရဲ့မျက်နှာပြင်အကွားအ‌‌ေ၀းကိုလည်း သေချာဂရုစိုက်ဖို့လိုပါတယ်၊၊ ကင်းမရာမျက်နှာပြင်နှင့်အရမ်းနီးကပ်လွန်းရင်လည်း အဆင်မပြေသလို အရမ်း ကွာ‌ေ၀းနေရင်လည်း အဆင်မပြေတဲ့အတွက် အကွာအ‌ေ၀းအနေအထားကိုသေချာချိန်ဆထားသင့်တဲ့အပြင် စကားပြောနေစဥ်မှာ ကင်မရာမျက်နှာပြင် မငြိမ်မသက်မဖြစ်ရအောင် ကိုယ့်ရဲ့ဖုန်း(သို့) ကွန်ပျူတာကိုတစ်နေရာရာမှာ သေချာ Settingချထားဖို့လည်းလိုအပ်ပါတယ်၊၊အင်တာဗျူးလုပ်နေတဲ့အချိန်မှာ ပစ္စည်းတွေ မသပ်မရပ်ဖြစ်နေတဲ့ ကိုယ့်အခန်းရဲ့ အနေအထားနှင့် လူရိပ်တွေရှိနေရင် အဆင်မပြေတဲ့နိုင်တဲ့အပြင် အပြင်ဘက်ကအရမ်းဆူညံနေတာမျိုးလည်းမဖြစ်အောင်သတိထား သင့်ပါတယ်၊၊ အင်တာဗျူးနေစဥ်တစ်ခုခုမှတ်သားစရာတွေရှိလာတဲ့အခါ ရေးမှတ်ထားဖို့ စာအုပ်နှင့် ဘောပင်ကိုလည်း ပြင်ဆင်ထားဖို့မေ့လို့မရပါဘူး၊၊ဒါကြောင့် အင်တာဗျူးလုပ်တဲ့အခါ အဆင်မပြေမှုတွေမဖြစ်အောင် ကင်မရာမြင်ကွင်း၊ အခန်းအနေအထား၊ မီးအလင်းအမှောင်နှင့် ဆူညံသံတွေမဖြစ်အောင် သေချာ ပြင်ဆင်ထားဖို့လိုပါတယ်၊၊

အင်တာနက်လိုင်းနှင့် စက်ပစ္စည်းအခြေအနေ


အင်တာဗျူးဖြေတဲ့အခါ ကိုယ်က ဘာကိုအသုံးပြီးဖြေမှာလဲ၊ ဖုန်းလား ကွန်ပျူတာလား စသည်ဖြင့်ကိုယ်အသုံးပြုမယ့် ပစ္စည်းအခြေအနေ ဥပမာ Speaker အဆင်ပြေရဲ့လား၊ အားသေချာသွင်းထားရဲ့လား၊အပြင်ဘက်က ဆူညံသံတွေရှိနေလား စသည်ဖြင့် သေချာစစ်ဆေးထားဖို့လည်းလိုပါတယ်၊၊ အင်တာဗျူးနေချိန်မှာဖုန်း(သို့)ကွန်ပျူတာအားကုန်းသွားတဲ့အတွက်အင်တာဗျူးဖြေနေစဥ်ခဏရပ်ပြီးအားသွင်းရတာမျိုးက လုံး၀မဖြစ်သင့်တဲ့အတွက် အထူးသတိထားဖို့လိုပါတယ်၊၊ ဒါအပြင်ကိုယ့်ရဲ့ အင်တာနက်လိုင်းကိုလည်း သေချာ စစ်ဆေးထားသင့်ပါတယ်၊၊ အိမ်မှာ WIFIအလုံလောက်ရှိတဲ့သူတွေအတွက် အင်တာနက်လိုင်းနှင့် ပတ်သတ်ပြီး စိုးရိမ်စရာမရှိပေမယ့် ဖုန်းရဲ့ အင်တာနက် limited GBကိုဘဲ အသုံးပြုတဲ့သူတွေအနေနဲ့ အင်တာဗျူးဖို့အတွက် ကိုယ့်မှာ အင်တာနက်GB အလုံအလောက်ရှိရဲ့လား သေချာစစ်ဆေးထားဖို့လိုပါတယ်၊၊ ဒါအပြင် အင်တာဗျူး လုပ်နေစဥ်အတွင်း အင်တာနက်လိုင်းပြတ်ကျသွားခဲ့ရင်၊ စက်ပစ္စည်းတစ်ခုခု ချို့ယွင်းသွားခဲ့ရင် စသည့်ဖြင့် အကြောင်းအမျိူးမျိုးကြောင့် တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် ဆက်သွယ်နိုင်ဖို့ 緊急連絡先 (အရေးပေါ်ဆက်သွယ်)လို့ရနိုင်မယ့် ဖုန်းနံပါတ်(သို့)အီးမေးလ် လိပ်စာတွေကို သေချာ確認(check) လုပ်ထားလည်းလိုအပ်ပါတယ်၊၊

၀တ်စားဆင်ယင်မှု


၀တ်စားဆင်ယင်မှုလို့ပြောတဲ့အခါ အပြင်သွားစရာမလိုဘဲအိမ်မှာဘဲ လုပ်ရတဲ့အတွက် အ၀တ်အစားနှင့် ပတ်သတ်ပြီး ဂရုစိုက်စရာမလိုဘူးဆိုပြီး သတ်မှတ်လို့မရပါဘူး၊၊တချို့လုပ်ငန်းရှင်တွေက အဆင်ပြေသလိုသက်တောင့်သက်သာ၀တ်စားထားလို့ရတယ်ဆိုပြီး အ၀တ်အစားသတ်မှတ်ချက်တွေနှင့် ပတ်သတ်ပြီးအရမ်းကြီး တင်းကျပ်တာမျိုးတွေမရှိတဲ့အတွက် အပြင်မှာ 就職活動တွေသွားသလိုမျိုး ၀တ်စုံပြည့် ၀တ်စရာတော့မလိုပါဘူး၊၊ ဘယ်လောက်ဘဲ အ၀တ်အစားသတ်မှတ်ချက်တွေမရှိဘူးဆိုပြီး အိမ်နေရင်း အင်္ကျီနှင့် မသပ်မရပ်ဖြစ်နေလို့တော့မရပါဘူး၊၊သန့်ရှင်သပ်ရပ်စွာ ၀တ်စားထားခြင်းဟာ ကိုယ့်နှင့်တွေ့ဆုံမယ့် တဖက်လူကို လေးစားမှုရှိခြင်းကိုဖော်ပြတဲ့ business mannerတစ်ခုဖြစ်တဲ့အတွက် Webအင်တာဗျူး လုပ်တဲ့အခါမှာလည်း အ၀တ်အစား ၀တ်ဆင်မှုကို အထူးဂရုစိုက်သင့်ပါတယ်၊၊ဒါကြောင့် Webအင်တာဗျူးက အပြင်သွားစရာမလို ကိုယ့်ရဲ့ အိမ်မှာဘဲ လုပ်လို့ရတဲ့ အားသာချက်တွေအများကြီးရှိပေမယ့် အားနည်းချက်အနေနဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ရတဲ့အင်တာဗျူးဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့်တစ်ခုခု အမှားအယွင်းမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားသင့်တဲ့အကြောင်း ပြောပြချင်ပါတယ်၊၊

‌‌ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス

MingalaValue(ミンガラバリュ)とは

日本で働きたいミャンマー人材向けの就職・転職サイトになります。
掲載されている求人は全て、当社が求人企業と人材紹介サービス契約の上で取り扱っており、まずはこのサイトを通じて当社に応募・相談いただき、就職・転職のサポートをさせていただきます。
また、求人情報だけでなく、ミャンマー国籍のみなさんが、日本においてより良い就職・転職、スキルアップ、生活、をサポートできるよう様々なお役立ち情報を提供していきます。
「MingalaValue(ミンガラバリュ)」とは、ミャンマー語で「こんにちは」を意味する「Mingalaba(ミンガラバー)」と、「価値」の「Value(バリュー)」を組み合わせた、新しい価値との出会い、新しい自分の発見、輝かしい未来、といった意味合いに加え、その言葉の重なりに、ミャンマーと日本の架け橋となる思いを込めています。
「MingalaValue(ミンガラバリュ)」は、ミャンマー国籍のみなさんの日本での生活を全力で応援します!