- ホーム
- Internship ဘာကြောင့်ဆင်းသင့်သလဲ
နိုင်ငံတာကာမှာတော့ ကျောင်းသားအများစုက နွေရာသီကျောင်းပိတ်ရက်လို အချိန်မျိုးရောက်ရင် သူတို့သင်ယူ
လေ့လာနေတဲ့ ပညာရပ်နှင့် သက်ဆိုင်တဲ့ companyအချို့ကိုသွာပြီး internship ဆင်းလေ့ရှိပါတယ်၊၊ internship
ဆင်းခြင်းဆိုတာ လုပ်ငန်းခွင်ထဲ ၀င်ရောက်ကာ လက်တွေ့လေ့လာသင်ယူခြင်းကို ဆိုလိုပါတယ်၊၊
မြန်မာနိုင်ငံမှာတော့ အခြေအနေအမျိုးမျိုးကြောင့် internဆင်းဖို့ အခွင့်အရေး သိပ်မရှိနိုင်သေးပေမယ့် ခုလက်ရှိ
ဂျပန်မှာကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက်ကတော့ အခွင့်အရေးတွေအများကြီး ရှိပါတယ်၊၊ ဒါကြောင့် ဒီတပတ်မှာတော့ ဘာကြောင့်Internshipဆင်းသင့်လဲ ဆိုတဲ့ အချက်နှင့် ပတ်သက်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
လက်တွေ့ သင်ယူနိုင်ခြင်း
ကျောင်းမှာတော့ ဘာသာရပ်တော်တော်များများကို သီအိုရီအရသင်ယူ လေ့လာနိုင်ပေမယ့် တကယ့်လက်တွေ့ လုပ်
ငန်းအတွေ့အကြုံကိုတော့ မသင်ကြားပေးနိုင်ပါဘူး၊၊ဒါကြောင့် Internဆင်းခြင်းဟာ ကျောင်းသားတွေအတွက်
ကျောင်းမှာသင်ယူ လေ့လာခဲ့တဲ့ ပညာရပ်တွေရဲ့ သီအိုရီပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဗဟုသုတတွေကို လက်တွေ့
လေ့လာသင်ယူနိုင်တဲ့ အခွင့်ရေးတစ်မျိုးဖြစ်ပါတယ်။
မိမိအကြာင်းကိုလေ့လာနိုင်ခြင်း
မိမိကိုယ်ကိုယ်သိခြင်း၊ မိမိကိုယ်ကိုယ် နားလည်နိုင်ခြင်းဟာ ဉာဏ်ပညာရှိခြင်းတစ်မျိုးပါ၊၊ တခါတရံမှာ သူတပါးအ
ကြောင်းသိပြီးနားလည်ပေးနိုင်ပေမယ့် ကိုယ့်အကြောင်းကို ကိုယ်တိုင်မသိတဲ့သူတွေအများကြီးရှိတတ်ပါတယ်၊၊
ကိုယ်စိတ်၀င်စားပြီးအရမ်းသင်ယူချင်တယ်လို့ထင်ခဲ့တဲ့ဘာသာရပ်တွေ၊ကိုယ်စိတ်၀င်စားပြီးလုပ်ချင်တယ်လို့ထင်နေတဲ့အလုပ်ဟာ တကယ့်လက်တွေ့ လုပ်ကြည့်တဲ့အခါ စိတ်မ၀င်စားတော့တာမျိုးတွေလည်းရှိတတ်ပါတယ်၊၊
ဒါ့ကြောင့် Internship ဆင်းခြင်းဟာ ကိုယ်ဒီအလုပ်ကို တကယ်စိတ်၀င်တာလား တကယ်လုပ်ချင်နေလား ဆိုတာ
လက်တွေ့လေ့လာနိုင်တဲ့ အပြင် ကိုယ်ဘယ်လို လူလဲဆိုတာ လက်တွေ့လေ့လာနိုင်ပါတယ်၊၊
လူမှုရေးနယ်ပယ် ကျယ်ပြန့်လာနိုင်ခြင်း
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုဟာ လူမှုအဖွဲအစည်းရဲ့ ဘယ်နေရာမှာဘဲဖြစ်ဖြစ် အရမ်းကိုအရေးကြီးပါတယ်၊၊
ကျောင်းသားဘ၀မှာတော့ကိုယ့်ရဲ့ပတ်၀န်းကျင်ဟာကျောင်းသားတွေနှင့် ဆရာတွေကလွဲလို့ မရှိနိုင်
ပေမယ့် လုပ်ငန်းခွင်ထဲရောက်သွားရင်တော့ အရမ်းကို ကွာခြားပါတယ်၊၊ ဒါကြောင့် Internship ဆင်းခြင်းဖြင့် လုပ်
ငန်းခွင်ထဲမှာရှိတဲ့ ရာထူးအလိုက်ကွာခြားတဲ့ အထက်အောက်ဆက်ဆံရေးပုံစံတွေနှင့်ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲတွေကို ကြိုတင်လေ့လာနိုင်ပါတယ်၊၊
လုပ်ငန်းခွင်မ၀င်ခင်ကတည်း တကယ့်လက်တွေ့ လုပ်ငန်းခွင်ရဲ့ အတွေ့အကြုံရရှိထားတဲ့အတွက်ကိုယ်တကယ်လုပ်ငန်းခွင်၀င်တဲ့ဘာတွေလိုအပ်နိုင်လဲ၊ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်လဲဆိုတာသိပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ပါတယ်၊၊ဒါ့အပြင် လက်ရှိလုပ်ငန်းခွင်မှာ
၀င်ရောက်လုပ်ကိုင်နေတဲ့ အထက်လူကြီးတွေ၊စီနီယာတွေနဲ့ဆက်ဆံရေးကောင်းတွေရှိထားခြင်းကကိုယ်တကယ်
ကျောင်းပြီးလို့ လုပ်ငန်းခွင်၀င်တဲ့အခါ အကူအညီဖြစ်နိုင်ပါတယ်၊၊
အချိန်ပြည့် ၀န်ထမ်းအဖြစ် ကူးပြောင်းရန် အခွင့်အလမ်းရှိခြင်း
ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရဖို့ တခါတရံ အရမ်းကို ခက်ခဲတတ်သလိုကျောင်းပြီးတာချက်ချင်း လုပ်ငန်းခွင်၀င်တဲ့ အခါ နေရာသစ်မှာ နေသားတကျဖို့အရမ်းကိုခက်ခဲပါတယ်၊၊ သူဌေးတိုင်း အထက်လူကြီးတိုင်းကလည်း ကိုယ့်ရဲ့ အမှားတွေကို နားလည်သည်းခံပေးနိုင်တဲ့သူဖြစ်ချင်မှ ဖြစ်မှာပါ၊၊ Internshipဆင်းနေတဲ့ အလုပ်သင်ကာလတွေမှာအရမ်းကြိုးစားလုပ်မယ်၊ကိုယ့်ရဲ့အရည်အချင်းနှင့် စွမ်းရည်ကို အထက်လူကြီး သိအောင် ပြနိုင်မယ်ဆိုရင် အချိန်
ပြည့်၀န်ထမ်းအဖြစ် ပြောင်းလဲဖို့ လွယ်ကူနိုင်ပါတယ်၊၊ ကိုယ်စိတ်၀င်စားတဲ့အလုပ်လဲဖြစ်ပြီး ကိုယ်အသားကျပြီးသား
ပတ်၀န်းကျင်တစ်ခုမှာ လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်၊၊
ထို့ကြောင့် ကျောင်းသူ/ကျောင်းသားဘဝတွင် အချိန်ရပါက ဖြစ်နိုင်လျှင် Internshipဆင်းဖို့တိုက်တွန်းလိုက်ပါရစေ။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD