- ホーム
- နေမကောင်းလို့ အလုပ်မဆင်းနိုင်တဲ့အခါ ဖုန်းဆက်ပြီးခွင့်ယူနည်း
ဒီတပတ်မှာတော့ နေမကောင်းလို့ဖြစ်ဖြစ်၊ အရမ်းဖျားနေလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်အချိန်ပိုင်းအလုပ်ကို ခွင့်ယူချင်တဲ့အခါမျိုးမှာ သုံးလေ့ရှိတဲ့ ဂျပန်စကားလုံးအသုံးအနှုန်းနှင့် အချိန်ပိုင်းအလုပ်ကို ဖုန်းဆက်နည်းနဲ့ ပတ်သတ်ပြီး Sharingလေးလုပ်ချင်ပါတယ်၊၊တခုခုဆို လုံးဝ မမေ့ပါနဲ့နော်။ ဖုန်းဆက် အကြောင်းကြားဖို့ ကို...ဂျပန်မှာ အရေးအကြီးဆုံးက ကြိုတင် အကြောင်းကြားခြင်းပါ။
ပထမဆုံး စကားလုံးတွေရဲ့ အဓိပ္ပာယ် ကို အရင်ဆုံး ရှင်းပြချင်ပါတယ်
お疲れ様です(おつかれさまです)ပင်ပန်းသွားပါပြီ
熱(ねつ) အဖျား
急な(きゅうな)ရုတ်တရက်
今日(きょう)ဒီနေ့
出勤(しゅっきん)အလုပ်ချိန်
休み(やすみ)အနားယူခြင်း
店長(てんちょう)ဆိုင်မန်နေဂျာ
စတဲ့စကားလုံးတွေကတော့
နေမကောင်းလို့အလုပ်ကိုဖုန်းဆက်ပြီးခွင့်ယူတဲ့အခါ သုံးလေ့ရှိတဲ့စကားလုံးတွေဘဲဖြစ်ပါတယ်၊၊
ဥပမာ၊၊ ၊၊ ဖုန်းဆက်နည်း
お店 (ဆိုင်) : お電話(でんわ)ありがとうございます。◆◆◆店でございます。
バイト(အလုပ်သမား) :お疲れ様です(おつかれさまです)。アルバイトのxxです。店長いらっしゃいますか?
(ပင်ပန်းသွားပါပြီး၊ ကျွန်တော်၊ကျွန်မ xx ပါ။ဆိုင်မန်နေဂျာ ရှိပါသလား၊။)
お店(ဆိုင်) :うん、xxさん、どうしたの?
(အင်း xx さん、ဘာဖြစ်လို့လဲ)
バイト(အလုပ်သမား) :すみません、今日 ●●時にシフト入ってますが 熱(ねつ)が出て出勤
(しゅっきん)できないと思います。急(きゅう)に電話してしまい、申し訳ありませんが、
今日はお休みいただけま すか。
(ဒီနေ့ ●● အချိန်မှာ အလုပ်၀င်ရမှာဖြစ်ပေမယ့်အရမ်းဖျားနေတဲ့အတွက် အလုပ်မ၀င်နိုင်ဘူးထင်လို့ပါ၊၊
ရုတ်တရက် ဖုန်းဆက်လိုက်ရတဲ့အတွက်အားနာပေမယ့် ဒီနေ့ခွင့်ယူလို့ရနိုင်မလား)
お店(ဆိုင်) :xxxxx お大事(だいじ)にしてください。( xxxxx ကျန်းမာရေးဂရုစိုက်ပါ၊၊)
バイト(အလုပ်သမား) :ありがとうございます。失礼いたしました。
(ကျေးဇူးတင်ပါတယ်)
စကားလုံးအသုံးအနှုန်းအနည်းငယ် ကွာခြားသွားနိုင်ပေမယ့် အထက်မှာဖော်ပြထားတဲ့ စကားပြောပုံစံ ဥပမာလေးကတော့ လွယ်ကူရိုးရှင်းတဲ့
ဖုန်းဆက်နည်းလေးပဲဖြစ်ပါတယ်၊၊
နောက်ထပ် ထပ်ပြီးနေမကောင်းလို့ဖုန်းဆက်နည်း၊အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကိုခွင့်ယူတဲ့ဖုန်းဆက်နည်းတွေကိုလည်းဆက်လက်ဖော်ပြပေးပါမည်။
စောင့်မျှော်ကြည့်ရှုအားပေးဖို့ မျှော်လင့်နေပါတယ်။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD