- ホーム
- ဂျပန်မှာ အချိန်ပိုင်းအလုပ်ဘယ်လိုရှာမလဲ
ဂျပန်နိုင်ငံကို ကျောင်းလာတက်တဲ့ ကျောင်းသားကျောင်းသူအများစုကတော့ကိုယ့်ရဲ့ ကျောင်းစရိတ်တွေ၊ ကုန်ကျစရိတ်တွေနှင့် အသုံးစရိတ်တွေအကွက်
အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်လေ့ရှိပါတယ်၊၊ ဒါ့ကြောင့် ဒီတပတ်မှာတော့ဂျပန်မှာအချိန်ပိုင်းအလုပ်တွေကိုဘယ်လိုရှာရမလဲ၊ဘယ်လိုရှာလေ့ရှိလဲဆိုတာနှင့် ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
အချိန်ပိုင်းအလုပ်တွေရဲ့ အခြေခံလစာ၊နာရီကြေးသတ်မှတ်ချက် တွေကတော့ ကိုယ်အလုပ်လုပ်တဲ့ မြို့နယ်၊နေရာအပေါ်မူတည်ပြီး အနည်းငယ် ကွာခြားပါတယ်၊၊
သူငယ်ချင်းများထံမှ မိတ်ဆက်ပေးခြင်း
ဂျပန်ကိုရောက်ခါစ အချိန်တွေမှာတော့ ဂျပန်စကားကိုကျွမ်းကျင်စွာမပြောတတ်သေးတဲ့အပြင်၊တစ်ယောက်တည်းသွားလာဖို့ ခက်ခဲသေးတဲ့အတွက်
အချိန်ပိုင်းအလုပ်ရှာဖို့ ခက်ခဲတတ်ပါတယ်၊၊ အလုပ်ရှာတဲ့အခါ အသိမိတ်ဆွေ၊သူငယ်ချင်း၊ စီနီယာ တစ်ယောက်ယောက်ထံမှ အလုပ်ရှာပေးခြင်း၊ အလုပ်မိတ်ဆက်ပေးခြင်းဟာ စကားသိပ်မရသေးတဲ့ ဂျပန်ရောက်ခါစသူတွေအတွက်အလုပ်ရနိုင်ဖို့ အသေချားဆုံးနှင့် အမြန်ဆုံးနည်းပဲဖြစ်ပါတယ်၊၊ထို့ကြောင့် ဂျပန်မှာ အသိမိတ်ဆွေတွေ ရှိခြင်း၊ မိမိ၏ communication ကောင်းခြင်းက အလုပ် ရှာတဲ့ အခါ မှာ အထောက်အကူဖြစ်နိုင်ပါတယ်။
အလုပ်ခေါ်စာကြော်ငြာများမှတဆင့်ရှာခြင်း
စားသောက်ဆိုင်တွေနှင့် ၂၄နာရီဆိုင်အများစုကတော့ အချိန်ပိုင်းအလုပ်သမားတွေအလျင်လိုအပ်တဲ့အခါ ဆိုင်ရှေ့မှာ အလုပ်ခေါ်စာကြော်ငြာ ကပ်ပြီးခေါ်လေ့ရှိပါတယ်၊၊ ဖုန်းနံပါတယ်၊ အလုပ်ချိန်၊ တစ်နာရီဘယ်လောက်စသည်ဖြင့် အားလုံးရေးထားတဲ့အတွက် အလုပ်လျှောက်ချင်ရင်တော့ ကြော်ငြာစာရွက်မှာ ပါတဲ့ ဖုန်းနံပါတ်ကိုအလုပ်လျှောက်ချင်တဲ့ကြောင်း ဖုန်းဆက်ရမှာဖြစ်ပါတယ်၊၊ဒါ့အပြင်တချို့ convenience store၊ super market နှင့် ဘူတာတွေမှာအလုပ်ကြော်ငြာစာအုပ်တွေ အလကားယူနိုင်တဲ့အတွက် အဲ့ဒီမှာပါတဲ့အလုပ်တွေကို ဖုန်းဆက်ပြီးလည်းလျှောက်ထားနိုင်ပါတယ်၊၊
Application များမှတဆင့် ရှာဖွေခြင်း
ဂျပန်မှာကျောင်းသားကျောင်းသူတွေအများစုကအလုပ်ရှာတဲ့အခါ application တွေကတဆင့်အလုပ်ရှာလေ့ရှိပါတယ်၊၊ applicationတွေကို အခမဲ့ download ဆွဲလို့ရတဲ့အတွက်အချိန်ပိုင်းအလုပ်ရှာတဲ့ applicationတစ်ခုလောက်ကိုDownload လုပ်ထားပြီး လုပ်ချင်တဲ့နေရာ ၊လုပ်ချင်တဲ့ အလုပ်အမျိုးအစား၊လစာ၊နာရီကြေး စသည်ဖြင့် အလုပ်တွေကိုကိုယ့်စိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်ပါတယ်၊၊ အချိန်ကုန်သက်သာတဲ့အပြင် ဘယ်မှာသွားစရာမလိုဘဲ လက်ထဲမှာဖုန်းလေးရှိရုံနှင့် အလုပ်ရှာလို့ရနိုင်တဲ့အတွက် အရမ်းကို အဆင်ပြေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်၊၊ အလုပ်ရှာတဲ့ applicationတွေကအမျိုးမျိုးရှိပေမယ့် အလုပ်ရှာတဲ့အခါ သတိထားရမယ့်အချက်က ကိုယ်က နိုင်ငံခြားကျောင်းသား၊ကျောင်းသူတွေဖြစ်တဲ့အတွက် 留学生向け(နိုင်ငံခြားကျောင်းသားကျောင်းသူတွေအတွက်)သီးသန့် applicationတွေမှတဆင့်ရှာမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်၊၊ ဒါတွေကတော့ ဂျပန်မှာ ကျောင်းသားကျောင်းသူတွေအများဆုံး အသုံးပြုလေ့ရှိတဲ့ အလုပ်ရှာတဲ့ နည်းဘဲဖြစ်ပါတယ်၊၊
ကိုယ့်ရဲ့အတွေ့အကြုံတွေကို Knowledge Sharing အနေနဲ့ ပြောပြပေးတာဖြစ်တဲ့အတွက်စာဖတ်သူတွေအနေနဲ့ လိုအပ်တာ သိချင်တာတွေရှိရင် commentမှာ အကြံပေး မေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD