- ホーム
- အချိန်ပိုင်းအလုပ်ခွင့်ယူရန်ဖုန်းဆက်နည်း
တစ်ခါတစ်ရံမှာ အချိန်ပိုင်းအလုပ်ကို အချိန် ဇယား (シフト )တွေထည့်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ်မ၀င်နိုင်တဲ့အခါမျိုးတွေရှိတတ်ပါတယ်၊၊ တစ်ချို့အလုပ်တွေက အနည်းငယ် စည်းကမ်းတင်းကျပ်ပြီး လူစားထိုး၀င်ပေးမယ့်သူမရှိရင် ရုတ်တရက် အလုပ်နားလို့မရတာမျိုးတွေလည်းရှိတတ်သလို့ အလွယ်တကူ ခွင့်ယူလို့ရတဲ့အလုပ်တွေလည်း ရှိပါတယ်၊၊ ခွင့်ယူလို့ရ၊မရဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာမူတည်ပါတယ်။
ဒီတပတ်မှာတော့ အချိန်ဇယား(シフト)ထည့်ထားပြီး ဗီဇာသက်တမ်းတိုးရန် ဗီဇာ ရုံးကိုသွားရမှာဖြစ်တဲ့အတွက် အလုပ်ကို ခွင့်ယူချင်တဲ့အခါ ဖုန်းဆက်နည်းနှင့် ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
• シフト(しふと)N အချိန်ဇယား
• 入館 (にゅうかん) N လူ၀င်မှုကြီးကြပ်ရေးရုံး
• 必要な(ひつよう)Adj လိုအပ်သော
• 誰か(だれか)N တစ်ယောက်ယောက်
• 代わりに(かわり)に Adv အစားထိုး
• 相談(そうだん)N ဆွေးနွေးတိုင်ပင်ခြင်း
• ビザ N (Visa)
• 更新(こうしん) N သက်တမ်းတိုးခြင်း
• 休む(やすみます)V အနားယူသည်၊၊ ခွင်ယူသည်၊၊
ဥပမာ၊၊ ၊၊ ဖုန်းဆက်နည်းး
お店 : : ありがとうございます。●●● 店です。
バイト: : お疲れ様です。xxです。(ပင်ပန်းသွားပါပြီ၊ ကျွန်တော်/ကျွန်မ xxပါ)
お店 : : うん。XXさん、どうしたの?(အင်း, ဘာဖြစ်လို့လဲ)
バイト: : すみません、今週xx日xx時にシフトが入っています。しかし、急にビザ更新(こうしん)のことで 入館(にゅうかん)へ行く(いく)必要(ひつよう)があります。今週中(こんしゅうちゅう)に行かなければならないので、休(やす)ませていただけますか。申し訳けございません。よろしくおねがいいたします。
(ဒီတပတ် xxရက်xxချိန်မှာအလုပ်၀င်နိုင်တယ်ဆိုပြီး အချိန်ဇယားထည့်ထားပေမယ့် ဗီဇာ သက်တမ်းတိုးဖို့အတွက် လ၀က ရုံးကိုသွားရမှာဖြစ်တဲ့အတွက် အဲဒီနေ့ အလုပ်နားခွင့်ပြုပေးလို့ရမလား ဒီတပတ်အတွင်း မသွားလို့ မရလို့ပါ)
お店 ::xx日ですね。誰(だれ)か 代わりに 入ってくれる? ( xxနေ့လား၊ အစား၀င်ပေးနိုင်တဲ့သူရှိလား)
バイト::はい、xxさんが代(かわり)に入ってくれます。
(ဟုတ်ကဲ့ xx က အစား၀င်ပေးမယ်လို့ပြောပါတယ်)
お店 ::だったら、 いいよ。
(အင်း ဒါဆို နားလို့ အဆင်ပြေပါတယ်)
バイト::はい、ありがとうございます。失礼(しつれい)します。
(ကျေးဇူးတင်ပါတယ်)
မိမိအစား ဆင်းပေးနိုင်တဲ့ သူကို အရင်ရှာပြီးမှ ခွင့်ယူတာ အကောင်းဆုံးခွင့်ယူနည်းဘဲ ဖြစ်ပါတယ်။
စကားလုံးအသုံးအနှုန်းနှင့် အလုပ်ခွင့်ယူချင်တဲ့ အကြောင်းအရာ ကွာခြားသွားနိုင်ပေမယ့် အထက်မှာ ဖော်ပြထားတဲ့စကားပြောပုံစံလေးကတော့လွယ်ကူရိုးရှင်းတဲ့ ဖုန်းဆက်နည်းလေးဘဲဖြစ်ပါတယ်၊၊
ကိုယ့်ရဲ့အတွေ့အကြုံတွေကို Knowledge Sharing အနေနဲ့ ပြောပြပေးတာဖြစ်တဲ့အတွက်စာဖတ်သူတွေအနေနဲ့ လိုအပ်တာ သိချင်တာတွေရှိရင် commentမှာ အကြံပေး မေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD