- ホーム
- 自己PR( Self-Promotion )ဆိုတာ ဘာလဲ?
အလုပ်လျှောက်ဖို့အတွက် 履歴書(CV Form)ရေးတဲ့အခါ 自己PRတစ်ပုဒ်က ပထမအဆင့်ဖြစ်တဲ့ စာရွက်စာတမ်း စစ်ဆေးခြင်းအဆင့်ကို အောင်ဖို့ အရေးကြီးတဲ့ သော့ချက်လို့တောင်ပြောလို့ရတဲ့အထိ အရေးကြီးပါတယ်၊၊
ဒါကြောင့် ဒီတပတ်မှာ တော့履歴書(CV Form)မှာရေးရတဲ့ 自己PR ဆိုတာ ဘာလဲ၊自己PR ရေးတဲ့အခါဘယ်လိုရေးရမလဲ၊ဘယ်လိုအချက်တွေကိုသတိထားသင့်လဲဆိုတာနှင့်ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
自己PRဆိုတာဘာလဲ?
自己PR ဆိုတာ အင်္ဂလိပ်လို Self-Promotion ကို အတိုကောက်အနေနဲ့ ပြောခြင်းဖြစ်ပြီးတစ်နည်းအားဖြင့်ကိုယ်ဘယ်လောက်တော်ကြောင်း၊ဘယ်လိုလူဖြစ်ကြောင်းကို စကားလုံးအနှစ်ချုပ်နဲ့ ပုံဖော်ပြီးပြောခြင်းဖြစ်ပါတယ်၊၊ Position(အလုပ်ရာထူး) တစ်ခုအတွက်အလုပ်လျှောက်ထားသူတွေအများကြီးထဲမှအခြားသူတွေနှင့်ယှဥ်ရင်ကိုယ့်မှာဘယ်လိုအားသားချက်တွေရှိတဲ့အကြောင်းဒီအလုပ် ဒီရာထူးအတွက် မိမိကအသင့်တော်ဆုံးဖြစ်ကြောင်း မိမိကိုယ်ကိုယ် Promotion လုပ်ခြင်းကို 自己PRလို့ခေါ်ပါတယ်၊၊
自己PR(Self-Promotion)နှင့် 自己紹介(Self-Introduce)ကွာခြားချက်
တချို့တွေက自己PR(မိမိကိုယ်ကိုယ် မြှင့်တင်ပြီးပြောခြင်း)နှင့်自己紹介(မိမိကိုယ်ကိုယ်မိတ်ဆက်ခြင်း)ကိုအတူတူပဲလို့ထင်တတ်ကြပြီး အင်တာဗျူးဖြေတဲ့အခါ自己紹介နှင့်自己PRကို မှားပြီး ဖြေတဲ့သူတွေလည်းရှိတတ်ပါတယ်၊၊
自己 紹介(Self-Introduce)
自己 紹介ဆိုတာက မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်းဖြစ်ပြီး သင့်ရဲ့ ကိုယ်ရေးရာဇ၀င်ဖြစ်တဲ့ နာမည်၊အသက်၊ အလုပ်အကိုင် ကိုယ့်ရဲ့ ၀ါသနာ၊ လုပ်ငန်းအတွေ့အကြုံရှိရင် အရင်လုပ်ခဲ့တဲ့ အလုပ်အကြောင်း စတာတွေကိုအဓိကထားပြောခြင်းဖြစ်ပါတယ် ၊၊
自己PR(Self-Promotion)
自己PR မှာတော့ သူများတွေနှင့်ယှဥ်ရင် သင့်မှာရှိတဲ့ အားသာချက်၊တော်တဲ့အချက်၊သင်ကဘယ်လိုလူမျိုးဖြစ်တယ်၊ ကျောင်းသားဘ၀၊လုပ်ငန်းခွင်မှာဘာတွေဘယ်လိုကြိုးစားခဲ့တယ်၊ကိုယ့်မှာဘယ်လိုအားသာချက်တွေရှိတယ်၊ ဒီအလုပ်နှင့် ကိုယ်ဘယ်လောက်ထိသင့်တော်တယ်ဆိုတဲ့အကြောင်းသင့်ကိုယ်သင် မြှင့်တင်ပြီး ပြောပေးရမှာဖြစ်ပါတယ်၊၊
ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြောသင့်လဲ
ကိုယ်လျှောက်တဲ့ အလုပ်အကိုင်အမျိုးအစားပေါ်မူတည်ပြီး 自己PRရေးတဲ့အကြောင်းအရာတွေ ကွဲပြားနိုင်တဲ့အပြင် တစ်ယောက်နှင့် တစ်ယောက် အားနည်းချက်၊ အားသာချက်နှင့် အရည်အချင်းတွေမတူညီနိုင်တဲ့အတွက် 自己PRရေးတဲ့အကြောင်းအရာတွေ တစ်ယောက်နှင့် တစ်ယောက်မတူညီနိုင်
ပါဘူး၊၊ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ရေးသင့်လဲဆိုရင်တော့ အရင်က ဘာတွေကိုဘယ်လိုကြိုးစားပြီး လုပ်ခဲ့တယ်၊ များတွေနှင့် ယှဥ်ရင် ကိုယ့်မှာဘယ်လိုအားသာချက်တွေရှိတယ်၊ ကိုယ့်မှာ ဒီလိုအားနည်းချက်တွေရှိပေမယ့် ဒီအားနည်းချက်တွေကိုဘယ်လိုကြိုးစားပြီး အားသာချက်ဖြစ်အောင်ပြောင်းလဲနေတယ် ဒီအလုပ်ကို ၀င်ပြီးတဲ့နောက်မှာလည်း ပိုပြီး career up ဘယ်လိုကြိုးစားပြီးလုပ်ချင်တယ်ဆိုတဲ့ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကိုဘဲ ရွေးပြီး အဓိကထား
ပြောလေ့ရှိပါတယ်၊၊ အသေးစိတ်ကို နောက်အပတ်မှ ဆက်လက်ပြီး ပြောပြပေးမှာဖြစ်တဲ့အတွက် ဆက်လက်ပြီး စောင့်မျှော်ဖတ်ရှုပေးဖို့ မျှော်လင့်ပါတယ်၊၊
ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD