- ホーム
- အလုပ်လျှောက်လွှာများကို စာတိုက်မှတဆင့် ပို့သည့်အခါ သတိထားရမယ့်အချက်များ
အလုပ်လျှောက်လွှာများကို စာတိုက်မှ ပို့သည့်အခါ သတိထားရမယ့်အချက်များ
ဒီတပတ်မှာတော့ အလုပ်လျှောက်လွှာတွေကို Email မှတဆင့် ပေးပို့လျှောက်ထားခြင်းမဟုတ်ဘဲ စာတိုက်မှတဆင့် ပေးပိုလျှောက်ထားတဲ့အခါ သတိထားရမယ့်အချက်တွေနှင့် ပတ်သက်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
①စာအိတ်
履歴書 တွေကို စာတိုက်မှတဆင့် ပို့တဲ့အခါ သတိထားရမယ့်အချက်ကတော့ စာရွက်တွေကို ခေါက်ပြီးပို့လို့မရပါဘူး၊၊ဒါကြောင့် A4 sizeစာရွက်တွေကို အလွယ်တကူထည့်လို့ရတဲ့ 228mmx312mmနှင့် 240mmx332mm အရွယ်အစားရှိတဲ့ စာအိတ်တွေကို အသုံးပြုရပါမယ်၊၊ စာအိတ်တွေကို Convenience Store တွေမှာ အလွယ်တကူ၀ယ်လို့ရပါတယ်၊၊
②File
နောက်တဆင့်အနေနဲ့ စာရွက်တွေထည့်တဲ့အခါ တွန့်ကြေမသွားဖို့နှင့် သပ်သပ်ရပ်ရပ် ဖြစ်ဖို့၊ရေစိုပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် file လေးထဲထည့်ပြီးမှ စာအိတ်ထဲထည့်ရပါမှာဖြစ်တဲ့အတွက် plastic file လိုအပ်ပါတယ်၊၊ plastic file သုံးတဲ့ အခါမှာ 個人情報 (Privacy Information) ဖြစ်လို့ ဖိုင် အကြည်မဟုတ်ဘဲ ကာလာနဲ့ ဖိုင်၊ အထဲကို မမြင်ရတဲ့ plastic file ကို သုံးရပါမယ်။ plastic file ပါးလေးတွေကို ၁၀၀ယန်းဆိုင်တွေမှာ အလွယ်တကူ၀ယ်လို့ရပါတယ်၊၊
③တံဆိပ်ခေါင်း
နောက်ဆုံး လိုအပ်တာကတော့ စာအိတ်တွင်ကပ်ရန် တံဆိပ်ခေါင်းဖြစ်ပါတယ်၊၊တံဆိပ်ခေါင်း ၀ယ်တဲ့အခါမှာ စာအိတ်ရဲ့ အလေးချိန်ပေါ်မူတည်ပြီး တံဆိပ်ခေါင်း စျေးတွေ ကွာခြားပါတယ်၊၊
ယေဘုအားဖြင့် စာအိတ်တစ်အိပ်ရဲ့ အလေးချိန်နှင့် ကျသင့်ငွေကို အနီးစပ်ဆုံးတွက်ကြည့်လို့ရပါတယ်၊၊
စာအိတ်ကြီး 1枚 約20g
plastic file 1枚 約25g
履歴書 1枚 約11g
A4 Paper 1枚 約5g ရှိပါတယ်၊၊
အလေးချိန် တံဆိပ်ခေါင်းတန်ဖိုး
50gအောက် 120ယန်း
100gအောက် 140 ယန်း
150gအောက် 205 ယန်း ရှိပါတယ်၊၊
④အလျင်လိုနေသည့် အခါ 宅配便(သို့)速達 ဖြင့်ပို့ခြင်း
ပို့ရမည့်ရက်အားသတ်မှတ်ထားပါက ရောက်အောင် ပို့ရမည် ဖြစ်ပါတယ်။ သို့သော် စီဗီ ပို့ရမည့် ရက်သည် ကပ်နေခြင်း၊ အလျင်လိုနေခြင်းများရှိပါက စာတိုက်သို့ အမြန်ဆုံးရောက်နိုင်မည့် အမျိုးအစားကို မေး၍ 宅配便(သို့)速達ဖြင့်ပို့ပါ။
⑤ Email address သိပါက အကြောင်းကြားခြင်း
စာတိုက်မှာ ပို့ပြီး၍ Email address သိပါက Email ဖြင့် ပို့ပြီး ဖြစ်ပါကြောင်း အကြောင်းကြားရန်လိုအပ်ပါသည်။ထိုမှသာ တခုခု ဆိုလျှင် မိမိဘက်မှ အမှားကင်းကြောင်း သိရှိစေရန် ဖြစ်ပါသည်။
နောက်တပတ်တွင်စာတိုက်သို့ စာထည့် အခါ စာအိတ်ပေါ်တွင် စာရေးနည်း၊ Email ဖြင့်ပို့သည့် အခါ သတိထားရမည့် အချက်များကိုလည်းထပ်မံဝေမျှသွားပါမယ်။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့် Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့် Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်း Information တွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD