- ホーム
- အလုပ်လျှောက်လွှာအားE-mail ဖြင့် ပို့လျှင်သတိထားရမည့် အချက်များ။
ကုမ္ပဏီအများစုကကုမ္ပဏီမိတ်ဆက်ခြင်း၊ ၀န်ထမ်းသစ်ခေါ်ယူခြင်းစတဲ့ ကုမ္ပဏီနှင့် ပတ်သက်တဲ့ Information အမျိုးမျိုးအသိပေးအကြောင်းကြားခြင်း ကို Social Mediaမှတဆင့် ပြုလုပ်လာကြပါတယ်၊၊ အလုပ်လျှောက်တဲ့အခါမှာလည်း ကုမ္ပဏီထိ သွားစရာမလိုဘဲ E-mail ဖြင့် အလုပ်လျှောက်လွှာလက်ခံတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်၊၊
ဒါကြောင့်ဒီတပတ်မှာတော့ E-mail မှတဆင့် အလုပ်လျှောက်တဲ့အခါ သတိထားရမည့် အချက်တွေနှင့် ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
To/ CC / BCC အသုံးပြုနည်း
ပထမဆုံး E-mail နဲ့ ပို့တဲ့အခါမှာ သိထားသင့်တဲ့ To/ CC / BCC အသုံးပြုနည်းနှင့် ပတ်သက်ပြီး ရှင်းပြချင်ပါတယ်၊၊
To(宛先) : မက်ဆေ့ချ် အကြောင်းအရာကို တိုက်ရိုက်လက်ခံမည့်သူ(main e-mail address)
CC(Carbon Copy):တစ်ခါတစ်ရံ အလုပ် information တွေနှင့် ပတ်သတ်ပြီး Department (သို့) group တစ်ခုလုံးကို သတင်းအချက်အလက်တွေ မျှဝေ
ချင်တဲ့အခါ CC ခံပြီး ပို့နိုင်ပါတယ်၊၊
BCC(Blind Carbon Copy): အပြင် သို့ များစွာသော သူများထံ သတင်းအချက်အလက်များ ပို့သည့်အခါ တဉီးနှင့်တဉီး mail address များကို မသိစေနိုင်ရန် (သို့) Toနှင့် CC များမှ သူများအား မသိစေလိုသည့် အခါ BCC နဲ့ ပို့ ပါတယ်။ (ဥပမာ မန်နေဂျာ၊ သူဌေး စသည်)
E-mail ပို့တဲ့အခါ သတိထားရမည့် အချက်များ
1. E-mail တစ်စောင်ပို့တဲ့အခါ အရင်ဆုံးအရေးကြီးတဲ့အချက်ကတော့ 件名(Subject)လို့ခေါ်တဲ့ မေးလ်ခေါင်းစဥ်ဖြစ်ပါတယ်၊၊ E-mail ပို့ရတဲ့ အကြောင်းအရာ၊ ရည်ရွယ်ချက်ကို ခေါင်းစဥ် အနေနဲ့ သတ်မှတ်ပြီး မေးလ်ခေါင်းစဥ်အနေနဲ့ ရေးဖို့လိုပါတယ်၊၊ ဥပမာ- အလုပ်လျှောက်လွှာအတွက် မေးလ်ပို့မယ်ဆိုရင်
件名:xx職へのご応募につきまして
2. 宛名(あてな)E-mail လက်ခံသူရဲ့ နာမည်၊ ကုမ္ပဏီ၊ ဌာန၊ ရာထူး
個人宛(တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီး တိုက်ရိုက်မေးလ်ပို့တဲ့အခါမျိုးမှာ တဖက်လူရဲ့ ကုမ္ပဏီ၊ ဌာန၊ရာထူး ၊နာမည် စသည်ဖြင့် အပြည့်အစုံရေးပေးဖို့လိုအပ်ပါတယ်)
宛名: 株式会社xxx
人事部 新卒採用ご担当者 xx様
3. 挨拶、名乗り(あいさつ、なのり)နှုတ်ဆက်စကား၊ မိမိနာမည်
E-mail တစ်စောင်ပို့တဲ့အခါ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို မပြောခင်挨拶(あいさつ)နှုတ်ဆက်စကားနှင့် ကိုယ်ဘယ်သူဘယ်၀ါဖြစ်ကြောင်း အရင်ဆုံးမိတ်ဆက်ဖို့ကလည်း အရေးကြီးပါတယ်၊၊မေးလ်ပို့တဲ့ အကြောင်းအရာ နှင့် အကြိမ်အရေအတွက်အပေါ်မူတည်ပြီး နှုတ်ဆက်စကားလုံးအသုံးအနှုန်းကွားခြားနိုင်ပေမယ့် ပထမဆုံးအကြိမ် မေးလ်ပို့တဲ့အခါ်မှာတော့
挨拶、名乗り:
初 めまして。
xx学校xx学科●● と申します。စသည်ဖြင့် နှုတ်ဆက်လေ့ရှိပါတယ်၊၊
4. 本文(ほんぶん)အကြောင်းအရာ
အီးမေးလ်ဖြင့် အလုပ်လျှောက်ခြင်းနှင့် စာတိုက်မှတဆင့် အလုပ်လျှောက်ခြင်းရဲ့ အဓိက ကွာခြားချက်ကတော့ 本文(ほんぶん)လို့ခေါ်တဲ့ အကြောင်းအရာ ဖော်ပြခြင်းဖြစ်ပါတယ်၊၊
စာတိုက်မှတဆင့် အလုပ်လျှောက်တဲ့အခါ စာအိပ်ပေါ်မှာ ကုမ္ပဏီ လိပ်စာရေးပြီး ပို့လိုက်လို့ရပေမယ့်
E-mail ဖြင့် အလုပ်လျှောက်တဲ့အခါမှာတော့ E-mail ပို့ရတဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ
ကို အသေးစိတ်ရေးသား ပေးဖို့လိုအပ်ပါတယ်၊၊
5. 結びの言葉(むすびのことば)နိဂုံးချုပ်စကား
E-mail ပို့ရတဲ့ ရည်ရွယ်ချက်အကြောင်းအရာ ပေါ်မူတည်ပြီး နိဂုံးချုပ် စကားလုံးအသုံးနှုန်လည်း ကွာခြားနိုင်ပါတယ်၊၊ ဥပမာ:
結びの言葉:
お忙しいところ、恐れ入りますが、よろしくお願いいたします。
6. 署名(しょめい) နာမည်၊ဆက်သွယ်ရန်လိပ်စာ
နောက်ဆုံး မှာ တော့ မေးလ် ပို့သူရဲ့ နာမည်၊ လိပ်စာ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ မေးလ်လိပ်စာ တို့ကို သေသေချာချာရေးပေးဖို့လည်းလိုအပ်ပါတယ်၊၊
署名: xxxx,
e-mail : ●●●@gmail.com
住所 :〒ooo-oooo
電話:ooo ooo ooo
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ E-mail ပို့တဲ့အခါ သတိထားရမယ့်အချက်တွေဘဲ
ဖြစ်ပါတယ်၊၊Knowledge Sharing အနေနဲ့ ဖော်ပြခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD