- ホーム
- ဂျပန်လို စာအိတ်ပေါ်တွင် လိပ်စာရေးနည်း
ကျွန်မတို့ မြန်မာလူမျိုးတွေက ငယ်စဥ်ကတည်း စာရေးတဲ့အခါ 横書き(よこかき)လို့ခေါ်တဲ့ ဘေးတိုက်စာရေးကိုအသုံးပြုလာခဲ့တဲ့အတွက် ဂျပန်စာကိုလေ့လာတဲ့အခါမှာ 縦書き(たてがき)လို့ခေါ် တဲ့ဒေါင်လိုက်စာရေးပုံရေးနည်း၊ဖတ်ပုံဖတ်နည်းနှင့်ပတ်သက်ပြီးအခက်ခဲတွေရှိတတ်ပါတယ်၊၊ဒါကြောင့် ဒီတပတ်မှာတော့ အလုပ်လျှောက်လွှာနှင့် စာရွက် စာတမ်းတွေကို စာတိုက်မှ တဆင့်ပို့တဲ့အခါ စာအိတ်ပေါ်မှာ ရေးရတဲ့ 縦書き(たてがき)လိပ်စာရေးနည်းနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်လေးတွေကို Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
အလုပ်လျှောက်လွှားနှင့် စာရွက်စာတမ်းတွေကို စာတိုက်မှတဆင့် ပေးပို့တဲ့အခါ ပထမဆုံးသတိထားရမည့်အချက်ကတော့ စာအိတ်အရွယ်အစားဖြစ်ပါတယ်၊၊ စာရွက်စာတမ်းတွေကို ခေါက်ပြီး ထည့်လို့မရတဲ့အတွက် A4 size စာရွက်စာတမ်းတွေကို အလွယ်တကူထည့်လို့ရတဲ့စာအိတ်ကြီးတွေကို အသုံးပြုဖို့လိုအပ်ပါတယ်၊၊ ဒါ့အပြင်စာရွက်စာတမ်းတွေ ကြေမွသွားတာမျိုးမဖြစ်အောင် plastic file ထဲ စာရွက်စာတမ်းတွေကို သေချာထည့်ပြီးမှ စာအိတ်ထဲထည့်မယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်၊၊
စာအိတ်ပေါ်တွင် လိပ်စာရေးတဲ့အခါ သတိထားရမည့် အချက်များး
•စာတိုက်မှတဆင့် စာပို့မယ်ဆိုရင်တော့ တံဆိပ်ခေါင်း မပါဘဲ ပို့လို့မရပါဘူး၊၊
စာအိတ်အရွယ်အစား၊ အလေးချိန်အပေါ်မူတည်ပြီး တံဆိပ်ခေါင်းတန်ဖိုးကွာခြားတဲ့အတွက် တံဆိတ်ခေါင်း ၀ယ်တဲ့အခါ သတိထားဖို့လိုအပ်ပါတယ်၊၊
လိုအပ်တဲ့ တံဆိပ်ခေါင်းကို စာတိုက်ဝန်ထမ်းအားမေးပြီး ကပ်ပါ။
လိပ်စာရေးတဲ့အခါမှာလည်း စာအိတ်အရှေ့ဘက်မျက်နှာစာတွင် ကုမ္ပဏီရဲ့ လိပ်စာ၊ ကုမ္ပဏီနာမည်နှင့် ဌာန နာမည်စသည်တို့ကို အစဥ်လိုက်縦書き(ဒေါင်လိုက်ရေးနည်း)ဖြင့်ရေးပေးရပါမယ်၊၊
ရေးနည်းအသေးစိတ်ကတော့
၁။စာတိုက်နံပါတ်ကိုတော့切手(တံဆိတ်ခေါင်း)ရဲ့ဘေးမှာ横書き(ဘေးတိုက်ရေးနည်း) ဖြင့်ရေးရပါမယ်၊၊
၂။စာတိုက်နံပါတ်ရေးပြီးတဲ့အခါ တစ်ကြောင်းခြားပြီး စာအိတ်ရဲ့ ညာဘက်ထောင့်မှ ကပ်ပြီး ဒေါင်လိုက်ရေးနည်းဖြင့် လိပ်စာတွေကို အရင်ရေးရပါမယ်၊၊ အဆောက်အဉီးနာမည်ရှိရင် ဘေးမှ တကြောင်းသတ်သတ် အဆောက်အဉီးနာမည်နဲ့ အထပ်ကို ရေးရပါမယ်။
၃။ စာအိတ် အလယ်နားလောက်တွင် ကုမ္ပဏီနာမည်၊ ပေးပိုလိုတဲ့ ဌာန၊ ပေးပို့ လိုသူအမည်တွေကို တကြောင်းခြင်းစီ ဒေါင်လိုက်ရေးနည်းဖြင့် စာလုံးကြီးကြီရေးပေးရပါမယ်၊၊နားမလည်ရင် ပုံကို သေချာကြည့်ပါ။
၃။ စာအိတ်ရဲ့ မျက်နှာပြင် ညာဘက် အောက်ဘက်ခြမ်းမှာ 応募書類最中(おうぼしょるいさいちゅう)ဆိုပြီး စာရွက်စာတမ်း ပါ၀င်ကြောင်းရေးပေးဖို့လိုအပ်ပါတယ်၊၊
စာအိတ်အနောက်ဘက်တွင် ပေးပို့သူရဲ့ စာတိုက် အမှတ်၊ အိမ်လိပ်စာ၊ နာမည်ကို ရေးပေးရပါမယ်၊၊
ရေးနည်းအသေးစိတ်ကတော့
၁။ စာအိတ်ရဲ့ ဘယ်ဘက်ဒေါင့် ကပ်ပြီး စာအိတ်ရဲ့ အလယ်လောက်ကစပြီး ပုံပါအတိုင်း မိမိ စာတိုက်နံပါတ်ကို 横書き(ဘေးတိုက်ရေးနည်း) ဖြင့်ရေးရပါမယ်၊၊
၂။ထို့နောက် မိမိလိပ်စာကို 縦書き(ဒေါင်လိုက်ရေးနည်း)ဖြင့်ရေးပေးရပါမယ်။
၃။ပြီးနောက် နောက်တကြောင်းမိမိ နာမည်ကို လည်း 縦書き(ဒေါင်လိုက်ရေးနည်း)ဖြင့်ရေးပေးရပါမယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ စာတိုက်မှတဆင့် အလုပ်လျှောက်လွှာတွေကို ပေးပို့တဲ့ အခါ သတိထားရမည့် လိပ်စာရေးနည်းဖြစ်ပါတယ်၊၊
Knowledge Sharing အနေနဲ့ မျှေ၀ခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD