- ホーム
- အလုပ်ရှာဖွေနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်သိထားသင့်တဲ့ SNS ကျင့်၀တ်များ
ဒီနေ့ခေတ် လူငယ်အများစုက SNS (Social Networking Service) ဖြစ်တဲ့ Facebook, Twitter,Instagram မှာကိုယ့်ရဲ့ နေ့စဥ် Lifestyle, Activities, အတွေးအမြင်၊ ခံယူချက် နှင့်ပတ်သက်ပြီးတစ်ယောက်နှင့်တစ်ယောက် Sharing လုပ်ခြင်း၊ အကြံပေးခြင်း တွေကိုတွင်ကျယ်စွာပြုလုပ်လာကြပါတယ်၊၊ကိုယ်ရေးကိုယ်တာကိစ္စအတွက်သော်လည်းကောင်း၊လုပ်ငန်း၊စီးပွားရေးအတွက်သော်လည်းကောင်း SNS တွေကို အသုံးပြုတဲ့အခါမှာ SNS ရဲ့ အသုံး၀င်မှုနှင့်အားသာချက်၊ ကောင်းကျိုးတွေအများကြီးရှိသလိုတစ်ဖက်မှာလည်း SNS အသုံးပြုသူတွေအနေနဲ့ လိုက်နာသင့်တဲ့ ကျင့်၀တ်တွေကို သတိမထားမိတဲ့အခါ SNS အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်၊၊
ဒါကြောင့်ဒီတစ်ပတ်မှာတော့ဂျပန်မှာအလုပ်ရှာဖွေနေတဲ့ကျောင်းသားကျောင်းသူတွေ(သို့)ကုမ္ပဏီတစ်ခုခုမှာတာ၀န်ထမ်းဆောင်နေတဲ့၀န်ထမ်းတစ်ယောက်အနေနဲ့ SNS အသုံးပြုတဲ့အခါ သတိထားသင့်တဲ့အချက်တွေနှင့် ပတ်သက်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
အလုပ်နှင့်သက်ဆိုင်တဲ့ Information တွေကို SNS တွင်တင်ခြင်း
လူငယ်အများစုကတော့ ကိုယ့်ရဲ့ နေ့စဥ် activities တွေကို ဓာတ်ပုံရိုက်ပြီး SNS မှာ တစ်ယောက်နှင့် တစ်ယောက်မျှေ၀လေ့ရှိပါတယ်၊၊ကျောင်းသားဘ၀မှာ ကိုယ့်ရဲ့လုပ်ရှားမှုတိုင်းကို SNS မှာတင်တာပြဿနာမရှိနိုင်ပေမယ့်ကျောင်းပြီးလို့ အလုပ်စ၀င်မယ့်ကျောင်းသားကျောင်းသူတွေအနေနဲ့ကုမ္ပဏီတစ်ခုခုရဲ့၀န်ထမ်း (社会人) ဖြစ်လာတဲ့အခါမှာတော့ အလုပ်နှင့်ပတ်သက်တဲ့ Activities တွေကို SNS မှာတင်ခြင်းကို သတိထားဖို့လိုအပ်လာပါတယ်၊၊ကိုယ့်ရဲ့ ခံစားချက်၊အတွေးအမြင်တွေကို တစ်ယောက်နှင့်တစ်ယောက် sharing လုပ်တတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုပေမယ့်အလုပ်နှင့်ပတ်သက်တဲ့အကြောင်းအရာတွေကို SNS မှာ Sharing လုပ်ခြင်း Post တင်ခြင်းကိုအထူးသတိထားသင့်ပါတယ်၊၊အကြောင်းအမျိုးမျိုးကြောင့် မိမိထံမှ Information ပေါက်ကြားသွားနိုင်ခြင်းအပြင်ကိုယ့်ရဲ့အလုပ်ကိုထိခိုက်တာမျိုးတွေအထိ ဖြစ်လာနိုင်တဲ့အတွက် Post တစ်ခုတင်တိုင်းသတိထားဖို့လိုအပ်ပါတယ်၊၊
ကုမ္ပဏီနာမည်(သို့) Logo ပါသောဓာတ်ပုံတင်ခြင်း
ကိုယ့်ရဲ့နေ့စဥ်လှုပ်ရှားမှုနှင့် အောင်မြင်မှုသေးသေးလေးတွေကအစ SNS မှာမှတ်တမ်းတင် Sharing လုပ်ခြင်းကို ကြိုက်နှစ်ကြတဲ့သူတွေအနေနဲ့
အထူးသဖြင့် 就職活動 (အလုပ်ရှာဖွေခြင်း)ပြုလုပ်နေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ကုမ္ပဏီထံမှ အလုပ်ကြိုတင်ခန့်စာ( 内定通知書)တွေကို ကိုယ့်ရဲ့ Personal SNS မှာတင်ခြင်းကိုအထူးသတိထားသင့်ပါတယ်၊၊ Companyရဲ့ နာမည်(သို့) Logo စတဲ့ ကုမ္ပဏီနှင့် သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ပါ၀င်နိုင်တဲ့ဓာတ်ပုံ၊အကြောင်းအရာတွေနှင့် Activities တွေကိုကိုယ့်ရဲ့ Personal SNS မှာ Post တင်ခြင်းဟာ Business Manner အရ မလုပ်သင့်တဲ့ အပြုအမူတွေဖြစ်တဲ့အပြင် အကယ်၍ တင်မယ်ဆိုရင်လည်း ကုမ္ပဏီရဲ့ ခွင့်ပြုချက်ယူပြီးမှတင်သင့်ပါတယ်၊၊
ခွင့်ပြုချက်တောင်းခံခြင်း
Personal SNS မှာ အလုပ်နှင့်ပတ်သက်တဲ့ Activities တွေနှင့် Group (သို့) အတွဲလိုက် ဓာတ်ပုံတင်တဲ့အခါ တဖက်လူရဲ့ ခွင့်ပြုချက်ကိုအရင်မေးသင့်ပါတယ်၊၊ Social Media မှာဓာတ်ပုံတင်ခြင်းကိုကြိုက်နှစ်သက်ကြတဲ့သူတွေရှိသလို တချို့လူတွေက မိမိရဲ့ဓာတ်ပုံတွေနှင့်လှုပ်ရှားမှုတွေကို SNS မှာ တင်တာမကြိုက်တဲ့
သူတွေလည်းရှိပါတယ်၊၊တစ်ဖက်လူရဲ့ ခွင့်ပြုချက်မယူဘဲတင်လိုက်မိတဲ့ ဓာတ်ပုံတစ်ပုံကြောင့်သူတစ်ပါးရဲ့ Privacy ကို ထိခိုက်စေနိုင်တဲ့အပြင်၊ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက်အများနှင့် တွဲရိုက်တဲ့ ဓာတ်ပုံတွေကို SNS မှာတင်တဲ့အခါတစ်ဖက်လူရဲ့ ခွင့်ပြုချက်ကို တောင်းဖို့လိုပါတယ်၊၊
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ဂျပန်မှာ အလုပ်ရှာနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ SNS အသုံးပြုတဲ့အခါမှာ သတိထားသင့်တဲ့အကြောင်းဖြစ်ပါတယ်၊၊ Knowledge Sharing အနေနဲ့ မျှဝေခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိခဲ့လျှင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD