- ホーム
- တိုကုတေးဂိနိုး 介護 အလုပ်ကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
အကယ်၍ သင်က 2021မှာကျောင်းပြီးမယ့် ကျောင်းသားတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ခက်ခဲနေသူ၊ဂျပန်စာအရည်အချင်း Level N4 , N3 သာရှိပြီးတခြားအရည်အချင်းနှင့် သက်ဆိုင်တဲ့လက်မှတ်များလည်းမကိုင်ဆောင်ထားသူ၊သို့သော် ကျောင်းပြီးလျှင် ဂျပန်မှာဘဲ ဆက်လက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားသူဆိုရင်တော့ဂျပန်မှာ ဆက်လက်နေထိုင်ဖို့ နည်းလမ်းဖြစ်တဲ့ 特定技能 ဗီဇာသို့ပြောင်းပြီး အလုပ်လုပ်ဖို့အကြံပေးချင်ပါတယ်၊၊
特定技能(တိုခုတေးဂိနိုးဗီဇာ)ဖြင့် အလုပ်လုပ်ကိုင် နိုင်တဲ့အလုပ်အကြောင်းတွေမပြောခင်မှာ ပထမဆုံး 特定技能ဗီဇာအကြောင်းနှင့် ပတ်သက်ပြီးပြော ပြချင်ပါတယ်၊၊
特定技能 ဆိုတာဘာလဲ
特定技能 (တိုခုတေးဂိနိုး) ဗီဇာဆိုတာ ဂျပန်နိုင်ငံရဲ့ အခြေခံအလုပ်သမားမလုံလောက်မှုပြဿနာကိုဖြေရှင်းရန်အတွက် နိုင်ငံတကာမှအလုပ်သမားတွေကိုခေါ်ယူရန် ဂျပန်အစိုးရမှ 2019ခုနှစ် 4လပိုင်းတွင် အသစ်ပြဌာန်းလိုက်တဲ့ ဗီဇာတစ်မျိုးဖြစ်ပါတယ်၊၊အရှေ့တောင်အာရှရဲ့ ဖွံဖြိုးဆဲနိုင်ငံမှအလုပ်သမားတွေကို အဓိထားခေါ်ယူတဲ့ visa အမျိုးအစားတစ်မျိုးလည်းဖြစ်ပြီး ဗီဇာသက်တမ်း ၅နှစ် ရှိပါတယ်၊၊
ဘယ်လိုအလုပ်အမျိုးအစားတွေရှိလဲ?
တိုခုတေးဂိနိုး ဗီဇာဖြင့် လုပ်ကိုင်နိုင်တဲ့ အလုပ်အမျိုးအစား 14မျိုးရှိပြီး
1. 介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)
2. 外食業(စားသောက်ဆိုင်လုပ်ငန်း)
3. 宿泊業(ဟိုတယ်လုပ်ငန်း)
4. 建設(ဆောက်လုပ်ရေးလုပ်ငန်း)
5. ビルクリーニング業(အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း)
6. 飲食料品製造業(စားသောက်ကုန်ထုပ်လုပ်ရေးလုပ်ငန်း)
7. 造船・舶用工業 (သင်္ဘောတည်ဆောက်ရေးလုပ်ငန်း)
8. 自動車整備 (ကားတပ်ဆင်ရေးလုပ်ငန်း)
9. 航空 (လေယဉ်လုပ်ငန်း)
10. 農業 (လယ်ယာလုပ်ငန်း)
11. 漁業 (ရေထွက်လုပ်ငန်း)
12. 素形材産業 (သတ္တုလုပ်ငန်း)
13. 産業機械製造業 (စက်မှုကုန်ထုတ်လုပ်ငန်း)
14. 電気・電子情報関連産業 (လျှပ်စစ်နှင့် ဓါတ်အားလုပ်ငန်း)
တို့ ဖြစ်ပါတယ်။
လုပ်သားလိုအပ်ချက် များသည့် လုပ်ငန်းတွေမှာ လုပ်ကိုင်ရန်အတွက် အဓိထားခေါ်ယူတဲ့ ဗီဇာ အမျိုးအစားဖြစ်ပါတယ်၊၊
ထို့ပြင်နံပါတ် ၁၊ ၂၊၃၊၅၊၆၊ ၉၊၁၁ လုပ်ငန်းများသာ ဂျပန်တွင် စာမေးပွဲ ကျင်းပနေပြီး၊ အပတ်တိုင်း ၊ရက်တိုင်းနီးပါးလိုလို စာမေးပွဲဖြေလို့ ရတဲ့ လုပ်ငန်းသည်လည်း 介護業(ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း)သာ ဖြစ်ပါတယ်။
ဘယ်လုပ်ငန်းအမျိုးအစားကအလုပ်ရနိုင်ဖို့လွယ်ကူသလဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ ဂျပန်မှာ စာမေးပွဲ ကျင်းပနေတဲ့ နံပါတ် ၁၊ ၂၊၃၊၅၊၆၊ ၉၊၁၁ လုပ်ငန်းများကတော့ ဂျပန်နိုင်ငံမှာ တိုကုတေးဂိနိုးဗီဇာဖြင့် အလုပ်လုပ်လို့ ရတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီနှစ်မှာတော့ COVID-19အခြေအနေကြောင့် စားသောက်ကုန်လုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းအများစုက ပုံမှန်မလည်ပတ်နိုင်တဲ့အတွက်ဒီအလုပ်တွေနဲ့ 特定技能ဗီဇာပြောင်းပြီးအလုပ်လုပ်မယ်ဆိုရင် လတ်တလောမှာ အလုပ်ရဖို့ ကြန့်ကြာနိုင်ပါတယ်၊၊
ဂျပန်စာအရည်းအချင်း N4 , N3 အဆင့်ရှိပြီး ဂျပန်မှာဆက်လက်နေထိုင်ရန် ဘယ်လိုအလုပ်ဖြစ်ဖြစ်လုပ်မယ်လို့စဥ်းစားနေသူဆိုရင်တော့ လစာလည်းကောင်းတဲ့အပြင် ယခုလက်ရှိမှာ အလုပ်ရဖို့သေချာတဲ့ 介護(ဘိုးဘွားစောင့်ရောက်ရေးအလုပ်)ကို လုပ်ပါလို့အကြံပေးချင်ပါတယ်၊၊
အကယ်၍ သင်က ဂျပန်စာ N1၊ N2 လက်မှတ်နှင့် အခြားDiploma လက်မှတ်တွေရှိထားတဲ့သူတစ်ယောက်ဆိုရင်တော့ မိမိစိတ်ဝင်စားတဲ့အလုပ်ရတဲ့အထိ ကြိုးစားပြီးရှာဖွေဖို့အကြံပေးချင်ပါတယ်၊၊သို့သော် ကာဗာ(အရံ) အနေဖြင့် တိုကုတေဂိနိုးနှင့်ပတ်သက်တဲ့ စာမေးပွဲကိုတော့ ဖြေထားစေလိုပါတယ်။ဘာလို့လဲ ဆိုတော့ အလုပ်ရှာရ ခက်ခဲ တာ အားလုံးလည်း သိမယ် ထင်ပါတယ်။
ဘာကြောင့်介護အလုပ်ကိုရွေးချယ်သင့်သလဲ?
ကိုဗစ်ကာလမှတောင် အလုပ်သမားလိုအပ်ချက်အများဆုံးလုပ်ငန်းသည် ဘိုးဘွားစောက်ရှောက်ရေး (ကိုင်းဂေါ့) လုပ်ငန်းဖြစ်ပြီး ၊ လက်ရှိမှာ အလုပ်သမားလိုအပ်ချက်၆သောင်းဉီးရေ ဖြင့် လူသားအရင်းအမြစ်လိုအပ်ချက် အများဆုံးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ထို့ပြင် လစာကောင်းခြင်း၊ ခံစာခွင့်ရှိများစွာရှိခြင်း၊ အလုပ်နေရာရွေးချယ်နိုင်ခြင်း၊အလုပ်ရရန်လွယ်ကူခြင်း များရှိသည့်အပြင် အ လုပ်သက်တမ်း 3နှစ်ပြည့်လျှင် ဂျပန်အစိုးရမှ သတ်မှတ်ထားတဲ့ 介護福祉士試験ပွဲဖြေဆိုနိုင်ပြီး 介護福祉士လက်မှတ်ရရှိပါက ကိုင်းဂေါ့ ဆန်းမွန်းပညာရှင်အဖြစ်
ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်အလုပ်လုပ်နိုင်ခြင်း စသည့်အချက်များစွာတွေကြောင့် 介護အလုပ်ကိုရွေးချယ်သင့်ပါတယ်၊၊
特定技能介護အလုပ်အတွက်ဘာတွေလိုအပ်သလဲ?
ဗီဇာတင်ဖို့ JLPT N4 လက်မှတ်ကိုင်ဆောင်ထားပြီး ဂျပန်အစိုးရမှသတ်မှတ်ထားတဲ့介護スキル評価テストစာမေးပွဲအောင်မြင်ထားသူဖြစ်ပါက တိုကုတေးဂိနိုးဗီဇာဖြင့် အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

介護အလုပ်လုပ်ရန် မဆုံးဖြစ်ရသေးပေမယ့်介護အလုပ်ကိုစိတ်ဝင်စားသူ၊ 介護スキル評価テストစာမေးပွဲဖြေထားချင်သူများ၊စာမေးပွဲဖြေ ဖောင်တင်ရန်အခက်အခဲရှိသူ၊介護ပတ်သတ်တဲ့ စာတွေကိုဘယ်လိုလေ့လာရမယ်မသိတဲ့သူတွေအတွက် ကျွန်မတို့ကုမ္ပဏီမှ 介護စာမေးပွဲအတွက်စာသင်ပေးခြင်း၊ အလုပ်ရှာပေးခြင်းကို အခမဲ့လုပ်ဆောင်ပေးနေတဲ့အတွက် စိတ်၀င်စားသူများ ဘေးမှာ ဖော်ပြထားတဲ့ QR code မှတဆင့် ဖောင်ဖြည့်ပြီး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်၊၊
Knowledge Sharing အနေနဲ့ဝေမျှခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD