- ホーム
- ဂျပန်နိုင်ငံတွင်ကျောင်းပြီးသည်အထိ အလုပ်မရခဲ့လျှင် ဘာဆက်လုပ်သင့်သလဲ?
လက်ရှိအချိန်မှာတော့ Covid-19 အခြေနေကြောင့် ဂျပန်နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာရှိတဲ့စီးပွားရေးလုပ်ငန်းအများစုကစီးပွားရေးကျဆင်းခြင်းဒဏ်ကိုပြင်းစွာခံစားနေရပြီးလုပ်ငန်းများကို ပုံမှန်အတိုင်းလည်ပတ်ရန်ကြိုးစားနေရတဲ့အတွက် လုပ်ငန်းအများစုက အလုပ်သမားသစ်ခေါ်ယူခြင်းကိုရပ်တန့်ထားကြပါတယ်၊၊ဒါ့ကြောင့်ဂျပန်နိုင်ငံတွင်2021ခုနှစ် 3လပိုင်းတွင် ဘွဲ့ယူပြီး4လပိုင်းတွင်အလုပ်၀င်နိုင်ရန်ကြိုးစားနေတဲ့ကျောင်းသူ၊ကျောင်းသားသူတွေအတွက်ယခင်နှစ်တွေထက်အလုပ်ရှာရန်အရမ်းကိုခက်ခဲလာပါတယ်၊၊
ဂျပန်လူမျိုးကျောင်းသားတစ်ယောက်အနေနဲ့နောက်ဆုံးနှစ်စာသင်နှစ်ကုန်သည်အထိ အလုပ်မရခဲ့လျှင်ပြဿနာမရှိနိုင်ပေမယ့်ဂျပန်မှာကျောင်းတက်နေတဲ့နိုင်ငံခြားကျောင်းသားကျောင်းသူ၊ကျောင်းပြီးလျှင်ဂျပန်နိုင်ငံမှာဘဲဆက်လက်အလုပ်လုပ်ရန်ရန်ရည်ရွယ်ထားသူတွေအနေနဲ့ကျောင်းပြီးသည်အထိကုမ္ပဏီတစ်ခုခုထံမှအလုပ်ခန့်စာမရခဲ့လျှင်ဂျပန်မှာဆက်လက်နေထိုင်ရန်ခက်ခဲလာနိုင်ပါတယ်၊၊ဒါကြောင့်ဒီတစ်ပတ်မှာတော့ 2021 မှာကျောင်းပီးမဲ့ကျောင်းသူကျောင်းသားတွေအတွက်ကျောင်းပြီးတဲ့အထိအလုပ်မရခဲ့ရင်ဘာဆက်လုပ်သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး Knowledge sharing လေးလုပ်ချင်ပါတယ်၊၊
အလုပ်ရှာရန် အသင့်တော်ဆုံးအချိန်
ဂျပန်နိုင်ငံမှာတော့ကျောင်းသူကျောင်းသားအများစုကပုံမှန်အားဖြင့်နောက်ဆုံးနှစ် First Semester စတက်ပြီဆိုတာနဲ့就職活動(အလုပ်ရှာရန်)အတွက် ပြင်ဆင်မှုတွေလေ့ရှိပါတယ်၊၊ကိုယ်စိတ်စားတဲ့လုပ်ငန်း၊ကုမ္ပဏီတွေမှာInternshipဆင်းခြင်း၊ ကုမ္ပဏီတွေရဲ့ Seminar၊説明会တက်ရောက်ခြင်းနှင့် အလုပ်အတွက် အင်တာဗျူးတွေဖြေခြင်းတွေကိုပြုလုပ်ပြီး နောက်ဆုံးနှစ်စာသင်နှစ်မကုန်ခင် အလုပ်ကြိုတင်ရထားရန်အတွက်အသည်းအသည်ကြိုးစားကြရပါတယ်၊၊ ဂျပန်ကျောင်းသားအများစုကတော့ နောက်ဆုံးနှစ်စာသင်နှစ်အစောပိုင်း4လပိုင်းနှင့်5လပိုင်းကတည်းက 就職活動(အလုပ်ရှာဖွေခြင်း)ကို စတင်လေ့ရှိပြီး၊နိုင်ငံခြားကျောင်းသားကျောင်းသူအများစုကတော့ 8လပိုင်နှင့် 9လပိုင်းမှ 就職活動(အလုပ်ရှာဖွေခြင်း)ကိုပြုလုပ်လေ့ရှိပါတယ်၊၊ဒီနှစ်မှာတော့Covid-19 ရအခြေနေကြောင့် အလုပ်ရှာဖို့ ခက်ခဲနေပြီးကျောင်းမပြီးခင်ကုမ္ပဏီထံမှ အလုပ်ကြိုတင်ခန့်အပ်စာရနိုင်ဖို့ ခက်ခဲပါတယ်၊၊အကယ်၍ 10လပိုင်း၊11လပိုင်းရောက်တဲ့အထိ အလုပ်ကြိုတင်ခန့်အပ်စာ တစ်ခုမှ မရရှိခဲ့သေးရင် ဂျပန်မှာဆက်လက်နေထိုင်ဖို့ အတွက်အခြားနည်းလမ်းတွေကိုလည်းစဥ်းစားထားဖို့အကြံပေးချင်ပါတယ်၊၊
ကျောင်းမှဆရာ၊ဆရာမများနှင့်ဆွေးနွေးတိုင်ပင်ခြင်း
10လပိုင်း၊11လပိုင်းရောက်သည်အထိ ကုမ္ပဏီတစ်ခုခုထံမှ内定通知書(အလုပ်ကြိုတင်ခန့်စာ)တစ်ခုမှမရသေးလျှင် အရင်ဆုံးကျောင်း ကျောင်းကဆရာဆရာမတွေနှင့်ဘာတွေဆက်လုပ်သင့်တယ်ဆိုတာကို ဆွေးနွေးဖို့လိုအပ်ပါတယ်၊၊တက္ကသိုလ်နှင့်ကောလိပ်ကျောင်းအများစုကတော့ကျောင်းပြီးတဲ့အထိ အလုပ်ရှာမရသေးတဲ့ ကျောင်းသားကျောင်းသူတွေကို ဂျပန်မှာဘဲဆက်လက်နေထိုင်ပြီး အလုပ်ရှာနိုင်ရန် 特定活動ビザ(とくていかつどう)လျှောက်ထားရန်ထောက်ခံစာ ရေးပေ'လေ့ရှိပါတယ်၊၊Visaသက်တမ်း၆လရှိပြီး၆လအတွင်းအလုပ်မရခဲ့လျှင်နောက်တစ်ကြိမ်ထပ်ပြီး ၆လသက်တမ်းတိုးနိုင်ပါတယ်၊၊ 特定活動ビザသက်တမ်း 6လနှစ်ကြိမ်ကုန်သည်အထိ အလုပ်မရခဲ့ရင်တော့ သက်တမ်းထပ်တိုးလို့မရတော့အတွက် ဂျပန်မှာဆက်နေထိုင်လို့မရတော့ပါဘူး။ကျောင်းတွေလည်း ကျောင်းသားတိုင်းကို 特定活動ビザလျှောက်ရန် ထောက်ခံစာမပေးတဲ့ကျောင်းတွေလည်းရှိတဲ့အပြင်၊特定活動ビザအတွက် လုံးဝထောက်ခံစာမပေးတဲ့ကျောင်းတွေလည်းရှိတဲ့အတွက် အလုပ်မရခဲ့လျှင် 特定活動ビザ
လျှောက်လို့ရနိုင်မရနိုင် မိမိကျောင်းမှဆရာ။ဆရာမတွေကိုသေချာမေးမြန်းထားဖို့လိုအပ်ပါတယ်၊၊
ကျောင်းဆက်တက်ခြင်း
နောက်တခုက အဆင့်မြင့် ပညာဆက်လက်သင်ယူခြင်းပါ။
အကယ်၍ သင်က မြန်မာနိုင်ငံတွင် ဘွဲ့ တခုမှ မရသေးတဲ့သူ (သို့မဟုတ်) အဆင့်မြင့်ပညာဘွဲ့လွန် တက်ရောက်ရန် စိတ်ဝင်စားသူ ဆိုရင် ဒီအခြေအနေမှ အလုပ်ရှာဖို့ ခက်ခဲနေရင် ကျောင်းဆက်တက်ဖို့ အကြံပေးချင်ပါတယ်။ ကိုဗစ် ကြောင့် လတ်တလောမှာ အလုပ်ရှာရန်ခက်ခဲပြီး သင်လုပ်ချင်တဲ့ ဝါသနာပါတဲ့အလုပ်တခုကို ရနိုင်ရန် ခက်ခဲနိုင်ပါတယ်။ ကိုယ်စိတ်ဝင်စားမှု မရှိတဲ့ အလုပ် ၊ ကိုယ့်အတွက် တက်လမ်းမရှိတဲ့ အလုပ်တခုမှာ အချိန်ကုန်ဆုံးသွားတာထက်စာရင် ကျောင်းဆက်တက်ပြီး ကိုယ်စိတ်ဝင်စးတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူရင်းကိုယ့်မှာ လိုအပ်နေတဲ့ အရည်အချင်းတွေကို တိုးတက်အောင် ကြိုးစားသင့်တယ် လို့ မြင်ပါတယ်။
တိုခုတေးဂိနော ဗီဇာဖြင့်အလုပ်လုပ်ကိုင်ခြင်း
အကယ်၍ သင်ကဂျပန်စာအရည်အချင်းနှင့်သက်ဆိုင်တဲ့လက်မှတ်ကိုင်ဆောင်ထားခြင်းမရှိသူ၊ကျောင်းဆက်တက်ဖို့ကိုလည်းစိတ်၀င်စားခြင်းမရှိသူ၊ ဂျပန်မှာဆက်လက်နေထိုင်ရန်ဘယ်အလုပ်မျိုးမဆိုလုပ်ကိုင်နိုင်သူဆိုရင်ကျောင်းပြီးတဲ့အထိ အလုပ်မရခဲ့ရင်တော့ 特定技能ビザသို့ပြောင်းပြီး အလုပ်လုပ်ဖို့အကြံပေးချင်ပါတယ်၊၊ အချို့ကျောင်းတွေက ကျောင်းသားတိုင်းကို 特定活動ビザမထုတ်ပေးပါဘူး၊၊ ကျောင်းခေါ်ချိန်ပြည့်မှီပြီး 活動ကောင်းမွန်စွာပြုလုပ်ထားတဲ့သူတွေကိုသာ 特定活動ビザထုတ်ပေးလေ့ရှိပါတယ်၊၊ ဒါကြောင့် ကျောင်းပြီးတဲ့အထိ အလုပ်မရသေးတဲ့အပြင် 活動တွေ ကောင်းစွာမလုပ်ထားဘူးဆိုရင်တော့ အလုပ်ရဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့ တိုခုတေးဂိနော ဗီဇာဖြင့် အလုပ်ရှာဖွေသင့်ကြောင်းအကြံပေးချင်ပါတယ်၊၊
နောက်အပတ်တွေမှာလည်းတိုခုတေးဂိနော ဗီဇာဖြင့် ဘယ်လိုအလုပ်တွေလုပ်ကိုင်နိုင်သလဲ၊ဘယ်လိုအလုပ်တွေလုပ်သင့်လဲဆိုတာနှင့်ပတ်သတ်ပြီးပြေပြပေးမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ဖတ်ရှုပေးကြပါလို့ပြောချင်ပါတယ်၊၊Knowledge Sharing အနေနဲ့ဝေမျှခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD