- ホーム
- SNS အသုံးပြုသူများအနေနဲ့ သိထားသင့်သည့် ကျင့်ဝတ်များ
ဒီနေ့ခေတ်မှာလူငယ်တစ်ယောက်အနေနဲ့ SNS ကို ကောင်းမွန်စွာမသုံးတတ်လျှင်(သို့)SNS တစ်မျိုးမျိုးကို အသုံးမပြုလျှင် ဒီခေတ်ရဲ့ Society မှာ
အောင်မြင်စွာရပ်တည်ဖို့မဖြစ်နိုင်လောက်အောင် SNS ဟာ ကျွန်ုပ်တို့ရဲ့နေ့စဥ်ဘဝတွေအတွက်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပါတယ်၊၊
သင်အသုံးပြုနေတဲ့ Social Media Account ကို ဝင်ကြည့်လိုက်တာနဲ့ သင်ဟာဘယ်လိုလူလဲဆိုတာ အလွယ်တကူသတ်မှတ်သွားနိုင်တဲ့ဒီခေတ်ရဲ့ Societyမှာ သင်တင်လိုက်တဲ့ Posts၊(သို့)shareလိုက်တဲ့အကြောင်းအရာတစ်ခုကြောင့် သင့်ရဲ့ Image(သို့)Personal lifeကိုထိခိုက်နိုင်တဲ့အကြောင်း
အရာမျိုးတွေမဖြစ်ရအောင် SNS အသုံးပြုသူတွေအနေနဲ့ သိထားသင့်တဲ့ ကျင့်ဝတ်တွေနှင့်ပတ်သက်ပြီး Sharing လေးလုပ်ချင်ပါတယ်၊၊
သူတစ်ပါးအား ဝေဖန် ရှုံ့ချသည့် အကြောင်းအရာများတင်ခြင်း
Social Media ဆိုတာလူမျိုး၊ဘာသာစကား၊ အယူအဆ၊အတွေးအခေါ်တွေ မတူညီတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံးအသုံးပြုနေကြတဲ့ Public Platform တစ်ခုဖြစ်ပါတယ်၊၊သင်နှင့် သဘောထားချင်းတိုက်ဆိုင်သူ၊ အယူအဆ၊ အတွေးအမြင် တူတဲ့သူတွေလည်းရှိနိုင်သလို၊မတူကွဲပြားတဲ့သူ
တွေလည်းရှိပါတယ်၊၊ ဒါ့ကြောင့်Social Mediaတွေမှာ မိမိကြိုက်နှစ်သက်ရာ အကြောင်းအရာတွေကိုလွတ်လပ်စွာမျှဝေနိုင်တယ်ဆိုပေမယ့် စည်းကျော်ပြီး သူတစ်ပါးရဲ့ Privacy တွေအထိ ရှုံ့ချအပြစ်တင်ခြင်း၊ အခြားသူတစ်ယောက်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို မှန်တယ်၊မှားတယ် ဝင်ရောက်ဆုံးဖြတ်ပေးခြင်းမျိုးတွေ မလုပ်သင့်ပါဘူး၊၊ လူတိုင်းမှာမတူကွဲပြားတဲ့ ယုံကြည်ကိုးကွယ်မှု၊ ခံယူချက်တွေနှင့်အတွေးအမြင်တွေရှိနေနိုင်ပြီး
သူတစ်ပါးရဲ့ခံယူချက်တွေကိုလည်း လေးစားတတ်ဖို့လိုအပ်ပါတယ်၊၊ ဒါ့ကြောင့် သူတစ်ပါးကိုရှုံ့ချတဲ့အကြောင်းအရာတွေကို SNS မှာတင်ခြင်းအားဖြင့် သင့်ကိုအလွယ်တကူ အထင်သေးသွားစေနိုင်သလို လေးစားမှုတွေလည်းလျှော့နည်းသွားနိုင်ပါတယ်၊၊ပါတယ်၊၊
အလုပ်နှင့်ပတ်သက်ပြီး အကြောင်းအရာများတင်ခြင်း
အချို့တွေက Social Media ကို သူတစ်ပါးဝေဖန်တိုက်ခိုက်ဖို့၊ မကောင်းပြောဖို့၊ ရန်ဖြစ်ဖို့ သက်သက် အသုံးပြနေကြတဲ့ သူတွေလည်းရှိပါတယ်၊၊ အကယ်၍ သင်က ကုမ္ပဏီတစ်ခုခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆိုင်ရင်တော့ လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များတင်ခြင်း၊
မိမိခံစားချက်အား မကောင်းသည့် အမြင်ဖြင့် တင်ခြင်း၊လုပ်ဖော်ကိုင်ဖက်တွေကို တိုက်ခိုက်တဲ့ အကြောင်းအရာတွေကို Social Media တင်ခြင်းတွေမလုပ်သင့်ပါဘူး၊၊သင် တင်လိုက်အကြောင်းအရာတစ်ခုခုကြောင့် အလုပ်ကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ရဲ့အထက်လူကြီး(သို့)သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သိသွားတဲ့အခါမှာအလုပ်မှာအဆင်မပြေတာတွေဖြစ်နိုင်တဲ့အပြင် အလုပ်ထုတ်ခံရတဲအထိပါဖြစ်နိုင်ပါတယ်၊၊ ဒါ့အပြင် Social Mediaအမှာ အလုပ်နှင့်ပတ်သက်ပြီး ပြောတတ်တဲ့အတွက်ကြောင့်အလုပ်သစ်တွေရှာတဲ့အခါမှာလည်းခက်ခဲနိုင်ပါတယ်၊၊
ရေလာမြောင်းပေးပို့စ်များတင်ခြင်း
ဒီနေ့ခေတ်မှာ Social Media ကိုလူကောင်းလူဆိုးမခွဲခြား လူတိုင်းနီးပါအသုံးပြုနေတဲ့အပြင်သင့်ရဲ့ Friend Lists ထဲမှာဘယ်လိုလူမျိုးတွေရှိတယ်ဆိုတာ
အားလုံးကိုသင်မသိနိုင်ပါဘူး၊၊အကယ်၍သင်က မိန်းကလေးတစ်ယောက်ဆိုရင်တော့ SNS မှာရေလာမြောင်းပေး သဘောသက်ရောက်သွားစေနိုင်တဲ့
အကြောင်းအရာမျိုးတွေ မတင်သင့်ပါဘူး၊၊ သင့်ရဲ့ Friend Lists မှာ သင်ရဲ့ အထက်လူကြီး၊ ဆရာသမားတွေနှင့် မိဘဆွေမျိုးတွေရှိနေနိုင်တဲ့အတွက်သူတို့ကို လေးစာတဲ့အနေနဲ့သော်လည်းကောင်း၊ မိမိကိုသူတစ်ပါးအထင်သေးစေနိုင်တဲ့ ပို့စ်မျိုး၊ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့ ပို့စ်မျိုးကို Social Mediaတင်ခြင်းကိုသတိထားသင့်ပါတယ်၊၊ နိုင်ငံခြားသား သူငယ်ချင်း၊မိတ်ဆွေ များရှိနိုင်သည့် အတွက် Culture မတူသည့် အခါ အမြင်လည်း မတူနိုင်ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း နည်းပညာမြင့်မားမှုကြောင့် Translate ဖြင့် ဖတ်လို့ ရနိုင်သည့် အတွက် ၇၀ရာခိုင်နှုန်းက အဓိပ္ပါယ်ကို သိနိုင်ပါတယ်။
ဒီအချက်တွေက လူ့ဘောင် အဖွဲ့အစည်းတွေမှာ အလုပ်လုပ်တဲ့အခါ သတိထားရမယ့် အချက်တွေဘဲ ဖြစ်ပါတယ်။
မိမိရဲ့ အတွေးအမြင်တွေကို Knowledge Sharing အနေနဲ့ဝေမျှခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD