- ホーム
- ဂျပန်လူမျိုးတွေရဲ့မင်္ဂလာပွဲသို့ တက်ရောက်သည့်အခါ သတိထားသင့်သည့်အချက်များ
ဂျပန်နိုင်ငံဟာ ရိုးရာအစဥ်အလာ၊ယဥ်ကျေးမှု၊အမှုအကျင့်နှင့် ပတ်သက်ပြီး အရမ်းကိုအလေးထားတဲ့နိုင်ငံဖြစ်ပါတယ်၊၊ ဒါ့ ကြောင့်ဒီတစ်ပတ်မှာတော့ဂျပန်နိုင်ငံတွင်နေထိုင်တဲ့သူတွေအနေနဲ့ဂျပန်လူမျိုးအသိမိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ရန် ဖိတ်ကြားခြင်းခံတဲ့အခါ သိထားသင့်တဲ့ ဂျပန်နိုင်ငံရဲ့ မင်္ဂလာပွဲယဥ်ကျေးမှုနှင့်ပတ်သက်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်၊၊
သူငယ်ချင်း၊အသိမိတ်ဆွေတစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲသို့တက်ရောက်ရန်ဖိတ်ကြားခံရတဲ့အခါ ဘာလက်ဖွဲ့ရင်ကောင်းမလဲ၊ ဘယ်လိုအဝတ်အစားဝတ်ရမလဲ စသည်ဖြင့် အရမ်းကိုစဥ်းစားရပါတယ်၊၊ဒါပေမယ့်ဂျပန်လူမျိုးတစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲကို သွားမယ်ဆိုရင်တော့ ဘာလက်ဖွဲ့ရမယ်ဆိုတာ သီးသန့်စဥ်းစားစရာမလိုပါဘူး၊၊ ဂျပန်လူမျိုးအများစုက မင်္ဂလာလက်ဖွဲ့နေနဲ့ငွေသားကိုသာလျှင် အဓိကလက်ဖွဲ့ လေ့ရှိပါတယ်၊၊ ။
မင်္ဂလာဖိတ်စာ လက်ခံရရှိတဲ့အခါ
ဂျပန်နိုင်ငံမှာ မင်္ဂလာပွဲတက်ရောက်ရန် ဖိတ်စာကို စာတိုက်(သို့)SNS မှတဆင့် ဖိတ်ကြားလေ့ရှိပါတယ်၊၊ အသိမိတ်ဆွေ တစ်ယောက်ယောက်ထံမှမင်္ဂလာပွဲတက်ရောက်ရန် ဖိတ်စာလက်ခံရရှိတဲ့အခါ ပထမဆုံးလုပ်ရမယ့်အချက်ကမင်္ဂလာပွဲတက်ရောက်နိုင်ပါက တက်ရောက်မည်ဖြစ်ကြောင်းနှင့်မတက်ရောက်နိုင်ပါကလည်း မတက်ရောက်နိုင်တဲ့အကြောင်း အကြောင်းပြန်ရန်လိုအပ်ပါတယ်၊၊ မင်္ဂလာပွဲတက်ရောက်လာမယ့်သူအရေအတွက်အပေါ်မူတည်ပြီး အစားသောက်တွေနှင့် နေရာထိုင်ခင်းကို ပြင်ဆင်ရမှာဖြစ်တဲ့အတွက် မင်္ဂလာဖိတ်စာရရှိတဲ့တစ်ပတ်အတွင်းအကြောင်းပြန်ဖို့လိုအပ်ပါတယ်၊၊ မင်္ဂလာဖိတ်စာကို SNS မှတဆင့် ဖိတ်ကြားထားတယ်ဆိုရင်တော့ တက်ရောက်မည့်အကြောင်း(သို့)မတက်ရောက်နိုင်ငံကြောင််း အဆင်ပြေသလို အကြောင်းပြန်ပေမယ့် စာတိုက်မှတဆင့် ရောက်လာခဲ့ရင်တော့ စာတိုက်မှတဆင့်ပြန်လည်အကြောင်းပြန်ဖို့လိုအပ်ပါတယ်၊၊
အကြောင်းပြန်စာရေးတဲ့အခါ သတိထားရမည့်အချက်
စာတိုက်မှ မင်္ဂလာဖိတ်စာလက်ခံရရှိတဲ့အခါ သတိရမယ့်အချက်ကတော့ တက်ရောက်(သို့)ပျက်ကွက်ကို ဖုန်း(သို့)အီးမေးလ်မှတဆင့် အကြောင်းပြန်ခြင်းဟာ ဂျပန်မှာတော့ ယဉ်ကျေးမှုမရှိဘူးလို့သတ်မှတ်ပါတယ်၊၊ စာတိုက်မှာတဆင့်လက်ခံရရှိခဲ့ရင် စာတိုက်မှတဆင့် ပြန်ပို့ပေးရန်လိုအပ်ပါတယ်၊၊ မင်္ဂလာဖိတ်စာနှင့်အတူ တွဲပါလာတဲ့ အကြောင်းပြန်စာ စာရွက်မှာ နာမည်၊လိပ်စာနှင့်အတူမင်္ဂလာပွဲကို တက်ရောက်မည့်ဆိုပါက တက်ရောက်နေရာကို ဝိုင်းပေးပြီး ပျက်ကွက်နေရာကို မျဉ်းနှစ်ကြောင်းခြစ်ပေးရပါတယ်၊၊ အကယ်၍ မတက်ရောက်နိုင်ရင်လည်း ပျက်ကွက်နေရာကို ဝိုင်းပေးပြီး တက်ရောက်ရောက်နေရာမှာ မျဉ်းနှစ်ကြောင်းဖြင့် ခြစ်ပြီး စာတိုက်မှတဆင့် တစ်ပတ်အတွင် ပို့ပေးရပါမယ်၊၊
ဝတ်စားဆင်ယင်မှု
ဂျပန်လူမျိုးတွေဟာ မင်္ဂလာပွဲတက်ရောက်တဲ့အခါ သတိုးသမီးနှင့် သတိုးသားရဲ့ အဝတ်အစားနှင့် တူညီနိုင်တဲ့အဖြူရောင်၊ပန်းရောင် စတဲ့အဝတ်အစားဝတ်ဆင်မှုကိုလုံးဝရှောင်ရှားလေ့ရှိပါတယ်၊၊ ဒါ့အပြင် မင်္ဂလာပွဲ ကျင်းပတဲ့ အချိန်နှင့်နေရာ(ဥပမာ- ဘုရားကျောင်းတွင် ကျင်းပခြင်း၊ ညဘက်တွင်ကျင်းပခြင်း စသည်ဖြင့် နေရာနှင့်အချိန်အပေါ်မူတည်ပြီး ဝတ်စားဆင်ယင်မှု သတ်မှတ်ချက်တွေရှိပါတယ်၊၊ဂျပန်လူမျိုးတွေဟာ မင်္ဂလာပွဲတက်ရောက်တဲ့အခါ လုံခြုံစွာ ဝတ်စားလေ့ရှိပြီး သတို့သားသတို့သမီးနီးပါး ထင်ပေါ်နိုင်စေမယ့် အဝတ်အစားမျိူူး ၊ အရောင်တောက် လွန်းတဲ့အဝတ်အစား ၊တိုလွန်း ကျပ်လွန်းပြီး အတွင်းသားတွေထိမြင်နိုင်တဲ့ ဝတ်စားဆင်ယင်ခြင်းကိုလည်း ရှောင်ရှားလေ့ရှိပါတယ် ၊၊ မင်္ဂလာပွဲတက်ရောက်သူတွေဟာ Formal ဖြစ်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိပါတယ်၊၊
မင်္ဂလာလက်ဖွဲ့
နောက်ထပ်သတိထားရမယ့်အချက်ကတော့ မင်္ဂလာလက်ဖွဲ့ဖြစ်ပါတယ်၊၊ ဂျပန်နိုင်ငံမှာတော့ မင်္ဂလာပွဲတက်ရောက်တဲ့အခါ မင်္ဂလာဆောင်သူနှင့် ရင်းနှီးမှုအပေါ်မူတည်ပြီး မင်္ဂလက်ဖွဲ့ငွေကို အခုလို သတ်မှတ်ထားလည်းရှိပါတယ်၊၊
သူငယ်ချင်း 30000円
အထက်လူကြီး 30,000円~50,000円
ဆရာ 30,000円~50,000円
ဆွေမျိုး 30,000円~100,000円
ဆိုပြီးသတ်မှတ်ထားပါတယ်၊၊ လက်ဖွဲ့ငွေအပေါ်မှာမူတည်ပြီး စာအိတ်အရောင်လည်း ကွာခြားတဲ့အတွက် သတိထားသင့်ပါတယ်၊၊အထူးသဖြင့် စုံ ဂဏန်း လက်ဖွဲ့ငွေကို မဖွဲ့ကြပါဘူး။ အဓိပ္ပါယ်က ခွဲလို့ ရတဲ့ နံပါတ်မျိုးတွေဖြစ်လို့ပါ။ ဒါ့အပြင် ကွဲလွယ်တဲ့ ဖန်ခွက် ၊ ပန်းကန်ခွက်ယောက်တွေကိုလည်း သိပ်လက်မဖွဲ့ကြပါဘူး။
ဒါတွေကတော့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်တဲ့အခါ မဖြစ်မနေသတိထားသင့်တဲ့အချက်အခြေခံအချက်တွေဘဲဖြစ်ပါတယ်၊၊ Knowledge Sharing အနေနဲ့ဝေမျှခြင်းဖြစ်တဲ့အတွက် မေးမြန်းချက်၊ အကြံပေးချက်တွေရှိရင် Comment မှတဆင့် အကြံပေးမေးမြန်းနိုင်ပါတယ်၊၊

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD