- ホーム
- ဂျပန်တွင် အလုပ်ပြောင်းလျှင် အလုပ်ထွက်ပြီးမှ ရှာသင့်သလား။မထွက်ခင် အလုပ်ရှာပြီးမှ ပြောင်းသင့်သလား။
ဂျပန်တွင် အလုပ်ပြောင်းလျှင် အလုပ်ထွက်ပြီးမှ ရှာသင့်သလား။မထွက်ခင် အလုပ်ရှာပြီးမှ ပြောင်းသင့်သလား။
အလုပ်လာရှာတဲ့ မောင်ငယ်ညီမငယ်တွေ တော် တော်မေးခြင်းခံရတဲ့မေးခွန်းဖြစ်ပါတယ်။
အလုပ်ရှာမယ့်သူတွေနေရာက ခံစားပြီးပြောရရင် အလုပ်မထွက်ခင် အလုပ်ကြိုရှာပါ။ အလုပ်ခန့်စာ ရပြီးမှ အလုပ်ထွက်ဖို့ အလုပ်ကို ပြောပါလို့ပြောပါမယ်။
အရင်ဆုံးပြောချင်တာ
၁။အလုပ်ဗီဇာအကြောင်းပါ။
အလုပ်ထွက်ပြီးအလုပ်ရှာပါက လဝက ဥပဒေ အရ ၃ လ အတွင်းအလုပ်ရအောင် မဖြစ်မနေ ရှာရပါမယ်။ အကယ်၍ ၃လအတွင်း အလုပ်မရခဲ့သည် ရှိသော် အလုပ်ဗီဇာ ပယ်ဖျက် ပြီး အလုပ်ရှာ ဗီဇာကို၃လသာ ရနိုင်မည် ဟု လဝက ဥပဒေမှာပါပါတယ်။လဝကအား အကြောင်းမကြားဘဲနေလျှင် တချိန် လဝကမှာ ဗီဇာတိုးလျှင်ဖြစ်ဖြစ် ၊ လဝက အားအကြောင်းမကြားဘဲ အလုပ်မရမရှိခင် ကာလာကြား မိမိရဲ့ 生活 အတွက် အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်ရှိသော် အလုပ်ဗီဇာနှင့် အချိန်ပိုင်းအလုပ်လုပ်နေသည်ဆိုပြီး ပြသနာ ဖြစ်ခဲ့လျှင် အလုပ်ဗီဇာ ပယ်ဖျက်ခံရနိုင်ပါသည်။
ထို့ကြောင့် အလုပ်ပြောင်းချင်ပါက မိမိအလုပ်မထွက်ခင် အရင် အလုပ်ရအောင်ရှာပါ။အလုပ်ထွက်ပြီး၃လအတွင်း အလုပ်ရအောင်ရှာနိုင်တယ်ဆိုပါက ကိစ္စမရှိပါဘူး။
၂။အင်တာဗျုးတွင် အလုပ်ဝင်မည့်ကာလ ညှိနှိုင်းပါ။
ဥပမာ -အင်တာဗျုးသည် ၈လပိုင်း အစဖြစ်ပါက အင်တာဗျုးအောင်လျှင် အလုပ်ခန့်စာရမှာသည် ၈လပိုင်း လ လယ်လောက်ဖြစ်နိုင်ပါသည်။ထိုအခါ မိမိ လက်ရှိလုပ်နေသော အလုပ်သည် ၁ လ ကြိုပြောပါ ထွက်လို့ရနိုင်သည် ဆိုပါက အတိုးအလျှော့ ၁လခွဲလောက် ၁၀လ ပိုင်းလောက် ဝင်နိုင်သည်ဖြစ်ဖြစ် ပြောပါ။
အကယ်၍ မိမိအလုပ် သည် ၃လ လောက်ကြိုပြောမှ ရမည် ဆိုပါက အင်တာဗျူးတွင် တခါထဲ ညှိပါ။ အခု ပရောဂျက်သည် အရေးကြီးပြီး မိမိ မရှိပါက တခြားသူတွေအား အနှောက်အယှက်ဖြစ်နိုင်ကြောင်း။ အဲ့ဒီအတွက် သူတပါးအား 迷惑 အနှောင့်အယှက် မ ပေးချင်ကြောင်းသေချာ အင်တာဗျုးတွင် ပြောပါ ။ ထို့အတွက် အလုပ်ဝင်နိုင်သော ကာလသည် အလုပ်ခန့်စာ ရပြီး နောက်၃လ အကြာတွင် ဝင်နိုင်သည်ဟု ပြောပါ။
အလုပ်ပြောင်းသည့်အခါ အလုပ်ရှင်များသည် ၆လ လောက် စောင့်ပေးသော အလုပ်ရှင်များမရှိပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့လုပ်ငန်းသည်လည်း လူလိုနေ၍ အလုပ်ခေါ်နေခြင်းဖြစ်တဲ့အတွက် ၆လ လောက် အကြာကြီး ၉၅ရာခိုင်နှုန်းသောလုပ်ငန်းရှင်များ က မစောင့်ပေးကြပါ။
အများဆုံးစောင့်ပေးကာလသည် ၃လ သာဖြစ်ပါသည်။
ထို့ကြောင့် နောက်ဆုံးပြောချင်တာကတော့ အကုန် save ဖြစ်အောင်အလုပ်မထွက်ဘဲ အလုပ်အရင်ရှာပါလို့ဘဲ ပြောချင်ပါတယ်။
အလုပ်တဖက် ၊အလုပ်ရှာရတာ တဖက် ပင်ပန်းတာတော့ရှိပါမယ်။ဒါပေမယ့်အလုပ် ပြောင်းချင်ပါက ကြိုးစားရုံကလွှဲ၍ မရှိပါ။
၃။ အင်တာဗျုးအချိန်ကို ညှိကြည့်ပါ
ဥပမာ -လုံးဝလွတ်လွတ်ကျွတ်ကျွတ်ဗျုးနိုင်မည့် အလုပ်ပြီးချိန်များဖြစ်သည့် ည ရး၀၀ နောက်ပိုင်း အင်တာဗျုးနိုင်သည်။(သို့) စနေ ၊တနင်္ဂနွေများ အင်တာဗျုးပေးပါသလားဆိုတာမျိုး အရင်ညှိကြည့်ပါ။
မရပါက နေ့ဝက်ခွင့်ယူတာ ၊ နည်းနည်းစောပြန်လို့ရမယ့် ရက်ကို ညှိပြီး အင်တာဗျုး အချိန်များကိုညှိပါ လို့ဘဲ ပြောချင်ပါတယ်။
နယ်က သူများအတွက် အလုပ်ပြောင်းတဲ့ အခါ အလုပ်ရှာနည်းနှင့်
အလုပ်ပြောင်းတဲ့ အခါ အင်တာဗျုးမှာ ဖြေပုံဖြေနည်းများနှင့် ကောင်းမွန်တဲ့ နှုတ်ဆက်ခွဲခွါနည်းများကို လည်းထပ်ရေးပေးသွားပါမယ်။
မိမိတို့၏ အတွေ့အကြုံများလည်း ဝင်ရောက်ဆွေးနွေးပေးကြပါနော်။
ကျေးဇူးတင်ပါတယ်။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
ရေးသားသူ : Khine Zin Kyaw
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD