ဂျပန်တက္ကသိုလ်ကျောင်းသားဘဝပထမနှစ်ရဲ့အတွေ့အကြုံ အပိုင်း၁ | 日本で働きたいミャンマー人材向け求人サイト「MingalaValue(ミンガラバリュ)」

転職サポート

အားလုံးသိကြတဲ့အတိုင်းပဲ တက္ကသိုလ်ပထမနှစ်ဆိုရင်တော့ မိမိဘဝရဲ့လမ်းတစ်ဆစ်ချိုးမှာ fresher ဆိုစိတ်လေးတွေနဲ့ ကျောင်းသားဘဝအသစ် သူငယ်ချင်းအသစ်တွေရတော့မှာဆိုတော့ စိတ်လှုပ်ရှားစရာကောင်းနေတာတော့အမှန်ပဲ။ သိုပေမယ့် ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့် စိတ်လှုပ်ရှားနေရာကနေ စိတ်ဖိစီးစရာတွေအဖြစ် ပြောင်းမသွားရအောင် ကျောင်းဝင်ဝင်စအချိန်မှာ သတိထားရမယ့် အချက်များကို ဗဟုသုတအဖြစ် ဝေမျှလိုက်မယ်နော်...

入学式 (にゅうがくしき) ကျောင်းဝင်ခွင့်အခမ်းအနား


ဂျပန်မှာရှိတဲ့ကျောင်းတွေကတော့ နှစ်တစ်နှစ်ရဲ့အစကို ၄လပိုင်းပထမအပတ်လောက်ကနေစပြီး ကျောင်းဝင်ခွင့်အခမ်းအနားတွေလုပ်လေ့ရှိပါတယ်။ 入学式 (ကျောင်းဝင်ခွင့်အခမ်းအနား) ကိုတော့ သေချာပေါက် Suite ဝတ်ကိုဝတ်သွားရပါမယ်။ အခမ်းအနားမှာတော့ ကျောင်းအုပ်ကြီးက ခုမှဝင်မယ့်ကျောင်းသား/သူတွေကို ကျောင်းဝင်ခွင့်အောင်တဲ့အတွက် ဂုဏ်ယူကြောင်းတွေ ၊ ကျောင်းရဲ့ အထွေထွေစည်းကမ်းတွေ၊ ရပ်တည်ချက်တွေကိုပြောပြပါတယ်။ ကျောင်းရဲ့အုပ်ချုပ်ရေးပိုင်းမှာရှိတဲ့ဆရာ/မတွေကလည်း ကိုယ့်ကိုကိုယ်မိတ်ဆက်ကြတယ်။ နည်းနည်းတော့ ပျင်းစရာကောင်းပေမယ့် ဆရာ/မတွေရဲ့မိန့်ခွန်းပြီးရင်တော့ စီနီယာအစ်ကို/အစ်မတွေက သက်ဆိုင်ရာ 部活/ サークル(activities)တွေအလိုက် ဖျော်ဖြေရေးတွေလုပ်ကြတယ်။ ကျောင်းသားသစ်တွေကတော့ ဖျော်ဖြေပေးတဲ့စီနီယာချောချောလေးတွေကိုကြည့်ပြီး ဘယ်サークルကိုဝင်မယ်ဆိုပြီး ဆုံးဖြတ်လေ့ရှိတဲ့အတွက် 入学式 (ကျောင်းဝင်ခွင့်အခမ်းအနား) မှာဖျော်ဖြေရေးအချိန်ကတော့ ကျောင်းသားသစ်တွေအတွက် အရမ်းကို အရေးပါတယ်လို့ပြောနိုင်ပါတယ်။ ဒါ့အပြင် အခမ်းအနားပွဲပြီးသွားရင်တော့ သူငယ်ချင်း၊မိဘတွေနှင့် ဓါတ်ပုံစုရိုက်တာမျိုးတွေရှိတယ်။

オリエンテーション(Orientation)ဆိုတာဘာလဲ


Orientation ဆိုတာကတော့ ကျောင်းရဲ့ အချိန်ဇယားတွေ၊ ကျောင်းBus ရှိလျှင် Busရဲ့အချိန်ဇယားတွေ၊ စာကြည့်တိုက်အသုံးပြုပုံအသုံးပြုနည်းတွေ၊ 単位 (たんい)ယူပုံယူနည်း စတာတွေကိုရှင်းပြပေးပါတယ်။ 単位 (たんい)အကြောင်းကိုတော့ နောက်ပိုင်းမှာဆက်လက်ရှင်းပြပေးပါမယ်။ Orientation ကိုဂျပန်တွေနဲ့နိုင်ငံခြားသားကျောင်းသားတွေကို ခွဲပြီးလုပ်တဲ့‌ကျောင်းတွေလဲ ရှိတဲ့အတွက်ကြောင့် ‌ကျောင်းကပို့လာမယ့် စာရွက်မှာရေးထားတဲ့အချိန်/နေရာ စတဲ့အချက်တွေကိုသေချာကြည့်ပြီးမှသွားစေချင်ပါတယ်။ Orientation မှာပုံနှိပ်စာအုပ်ရောင်းတဲ့ရက်တွေကိုလဲပြောပြပေတယ်။ နိုင်ငံခြားသားတွေကိုတော့ ပုံနှိပ်စာအုပ်စျေးလျှော့ပေးတဲ့ကျောင်းတွေလဲရှိတဲ့အတွက်ကြောင့် သေချာချာလိုက်နားထောင်ဖို့တိုက်တွန်းချင်ပါတယ်။

健康診断 (けんこうしんだん) ကျန်းမာရေးစစ်ဆေးခြင်း


ဂျပန်မှာရှိတဲ့ တက္ကသိုလ်/ကောလိပ် တော်တော်များများမှာတော့ ကျောင်းစာသင်နှစ်တစ်နှစ်မစခင်မှာ ကျန်းမာရေးကို အလကားစစ်ဆေးပေးလေ့ရှိပါတယ်။ အများအားဖြင့်တော့ အရပ်အမြင့်/အလေးချိန်၊ သွေးပေါင်ချိန် / ဓာတ်မှန်/ အမြင်အာရုံကောင်းမကောင်း/ ဆီးကနေ (သကြား၊ ပရိုတင်း)ဓါတ်အနည်းအများ စသဖြင့် စစ်ဆေးပေးလေ့ရှိပါတယ်။ ကျောင်းကအလကားစစ်ပေးတဲ့အချိန်မှာ မသွားနိုင်ဘူးဆိုရင်တော့ ကျောင်းရဲ့ထောက်ခံချက်စာရွက်ကိုယူပြီး အပြင်ဆေးရုံမှာ ကိုယ့်အစီအစဥ်နဲ့ကိုယ်စစ်မယ်ဆိုရင် ယန်း၁သောင်းလောက် ကုန်ကျနိုင်တဲ့အတွက်ကြောင့် ကျောင်းကစစ်ပေးတဲ့အချိန်မှာစစ်နိုင်ဖို့ အကြံပေးချင်ပါတယ်။ ကျန်ရှိနေသေးတဲ့ တက္ကသိုလ်ပထမနှစ်ရဲ့ အတွေ့အကြုံများကိုလည်း နောက်နေ့တွေမှာလည်း ဗဟုသုတအနေဖြင့် မျှဝေပေးမှာဖြစ်သောကြောင့် စောင့်မျှော်အားပေးကြပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်။
မိမိရဲ့ အတွေ့အကြုံတွေကို Knowledge Sharing အနေနဲ့မျှဝေတာဖြစ်တဲ့အတွက် မေးမြန်းချင်တာ၊ သိချင်တာရှိရင် messenger မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်၊၊
‌‌ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Kyi Yadanar Oo
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス

MingalaValue(ミンガラバリュ)とは

日本で働きたいミャンマー人材向けの就職・転職サイトになります。
掲載されている求人は全て、当社が求人企業と人材紹介サービス契約の上で取り扱っており、まずはこのサイトを通じて当社に応募・相談いただき、就職・転職のサポートをさせていただきます。
また、求人情報だけでなく、ミャンマー国籍のみなさんが、日本においてより良い就職・転職、スキルアップ、生活、をサポートできるよう様々なお役立ち情報を提供していきます。
「MingalaValue(ミンガラバリュ)」とは、ミャンマー語で「こんにちは」を意味する「Mingalaba(ミンガラバー)」と、「価値」の「Value(バリュー)」を組み合わせた、新しい価値との出会い、新しい自分の発見、輝かしい未来、といった意味合いに加え、その言葉の重なりに、ミャンマーと日本の架け橋となる思いを込めています。
「MingalaValue(ミンガラバリュ)」は、ミャンマー国籍のみなさんの日本での生活を全力で応援します!