ဂျပန်တက္ကသိုလ်ကျောင်းသားဘဝပထမနှစ်ရဲ့အတွေ့အကြုံ အပိုင်း၂ | 日本で働きたいミャンマー人材向け求人サイト「MingalaValue(ミンガラバリュ)」

転職サポート

大学(だいがく)တက္ကသိုလ် နှင့် 専門学校(せんもんがっこう)ကောလိပ်ရဲ့ ကွာခြားချက်တွေကို‌ပြောရမယ်ဆိုရင် တက္ကသိုလ်ကတော့ ၂နှစ်အတွင်းမှာ သက်ဆိုင်ရာဘာသာရပ်တစ်ခုထဲကိုပဲ ကျွမ်းကျင်အောင်သင်ကြားရတယ်။ ဥပမာ ကွန်ပျူတာကောလိပ်ဆိုရင် ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပညာရပ်တွေပဲ သင်ကြားရတာမျိုး။ တက္ကသိုလ်ကျတော့ ၄နှစ်ကြီးများတောင် ဆိုပေမယ့် အဲဒီ၄နှစ်နဲ့တန်အောင် သက်ဆိုင်ရာအဓိကဘာသာရပ်အပြင် လက်တွေ့မှာအသုံးချလို့ရနိုင်မယ့် ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ ဥပမာ စီးပွားရေးတက္ကသိုလ်ဆိုပေမယ့် ကွန်ပျူတာ၊ ဘာသာစကား၊ လူမှုဆက်ဆံရေးတွေနဲ့ဆိုင်တဲ့ စသဖြင့် တကယ့်လုပ်ငန်းခွင်ဝင်တဲ့အခါကျရင် လိုအပ်တဲ့ skill တွေကို ၄နှစ်ဆိုတဲ့အချိန် အတောအတွင်းမှာ လေ့လာသင်ယူရတယ်။

  ၄နှစ်တက္ကသိုလ် တက်တော့မယ်ဆိုလျှင် တကယ့်ကိုအရေးကြီးတဲ့ အချက်တွေကတော့ ၄နှစ်အတွင်းဘွဲ့ယူနိုင်ဖို့အတွက် ဘာတွေကိုသတိထားပြီး ဘယ်လိုဘာသာရပ်တွေကို ယူရမယ်ဆိုတာကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ အဲဒီအတွက်ကြောင့် ပထမနှစ်မှာသိထားဖို့လိုအပ်တဲ့ စကားလုံးခေါ်အဝေါ်လေးတွေနဲ့ အရေးပါပုံအချက်များကို ဗဟုသုတအဖြစ် ဝေမျှလိုက်မယ်နော်...

単位 (たんい)ဆိုတာဘာလဲ???


単位(たんい)ဆိုတာ မြန်မာလိုပြောရင် credit point လို့ပြောလို့ရမယ်ထင်တယ်။ သူက ၄နှစ်တာအတွင်း ဘယ်လောက် 単位(たんい)ရရင် ဘွဲ့ယူလို့ရတယ်/မရဘူးဆိုတာကို ဆုံးဖြတ်ပေးတယ်။ ‌ကျောင်းအပေါ်မူတည်ပြီး 単位(たんい)ပမာဏမတူတာတွေရှိတယ်။ ဥပမာ အခုညီမတက်နေတဲ့‌တက္ကသိုလ်ဆိုရင် ၄နှစ်အတွင်းမှာ ၁၃၄ 単位(たんい)မရရင် ဘွဲ့မရနိုင်ပါဘူး။ အဲအခါကျရင် စာသင်နှစ်တစ်နှစ်စာကို ငွေပေးချေပြီး တစ်နှစ်ဖြစ်စေ/ နှစ်တစ်ဝက်ဖြစ်စေ ကျောင်းပြန်တက်ရပါတယ်။

必修科目 (ひっしゅうかもく)မယူမနေရဘာသာ နဲ့ 選択科目 (せんたくかもく)ရွေးလို့ရတဲ့ဘာသာ ရဲ့ကွာခြားချက်က???


必修科目မယူမနေရဘာသာရပ်ဆိုတာကတော့ Main Subject ဖြစ်တယ်။ ဥပမာစီးပွား‌ရေးတက္ကသိုလ်ဆိုရင် စီးပွားရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကိုတော့ သက်မှတ်ထားတဲ့ 単位(たんい)အလိုက်ယူရတယ်။ Main Subject ဖြစ်တဲ့အတွက်ကြောင့် ကိုယ်လေ့လာမယ့်ဘာသာရပ်ကို ပိုပြီးအသေးစိတ် လေ့လာနိုင်တယ်။ အဲဒီအတွက်ကြောင့် ကျောင်းတော်တော်များများမှာတော့ Main Subject တွေကို ပထမနှစ်မှာယူခိုင်းတာများတယ်။ 選択科目ရွေးလို့ရတဲ့ဘာသာ ဆိုတာကတော့ အပေါ်မှာရေးထားတဲ့အတိုင်း အဓိကဘာသာရပ်အပြင် လက်တွေ့မှာအသုံးချလို့ရနိုမယ့် ဘာသာရပ်ကိုဆိုလိုတယ်။ ၁၃၄単位ရဖို့အတွက် Main Subject တွေမှာယူလို့ရသလောက်ယူပြီးရင် ရွေးလို့ရတဲ့ဘာသာတွေကိုလဲ ယူမှရပါမယ်။

တစ်နှစ်ကို単位ဘယ်နှမှတ်ယူလို့ရမလဲ?


အာ...ငါကတော့ စာကိုအရမ်းလုပ်နိုင်တဲ့အတွက် ပထမနှစ်မှာများများယူလိုက်မယ် ဆိုတဲ့သူများအတွက်လဲ ဘရိတ်လေးအုပ်စေချင်ပါတယ်။ အကြောင်းကတော့ ၁နှစ်မှာ first semester နဲ့ second semester ရှိပါတယ်။ semester တစ်ခုမှာမှ အများဆုံး ၂၀/၂၂ 単位လောက်ပဲယူခွင့်ရှိပါတယ် (ဒါကလဲကျောင်းအလိုက် ကွာခြားနိုင်ပါတယ်)။ စာကြိုးစားတဲ့သူတွေကတော့ semester တစ်ခုကို ပုံမှန် ၂၀ 単位လောက်ယူထားရင် ၄နှစ်မြောက်မှာ အလုပ်ရှာဖို့အချိန်ကို အများကြီးသုံးလို့ရပါတယ်။ ပထမနှစ်/ဒုတိယနှစ်/တတိယနှစ် ၃နှစ်ကို ပုံမှန်ကြိုးစားရင် တတိယနှစ်ပြီးတဲ့အချိန်ကျရင်တော့ ၁၂၆/၁၂၈ 単位လောက်ယူထားနိုင်တယ်ဆိုရင်တော့ ‌၄နှစ်မြောက်မှာ အဓိကဘာသာရပ် ゼミ ဆိုတာလောက်ပဲ ၁ပတ်ကို၁ကြိမ် ကျောင်းတက်ပြီး ကျန်တဲ့ရက်တွေကိုတော့ 就職活動 အလုပ်ရှာဖို့အတွက် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ပါတယ်။

တက္ကသိုလ်မှာ စာမေးပွဲဖြေပြီးရင် result တွေကိုဘယ်လိုသတ်မှတ်မလဲ???း


တက္ကသိုလ်မှာ တစ်ဘာသာရဲ့ result တွေကို S or A+ ,A,B,C,D,F 評価 (ひょうか)နဲ့သတ်မှတ်တယ်။ ဒါကလဲ ကျောင်းအပေါ်မူလိုက်ပြီး ကျောင်း၁ကျောင်းနဲ့၁ကျောင်း သက်မှတ်ပုံချင်း မတူတာတွေရှိတယ်။ ညီမတို့ကျောင်းမှာတော့
S or A+က100~90မှတ်ရပြီး အတန်းချိန် 100% ပြည့်ရင် Sရနိုင်တယ်။ (Pass)
Aက89~80မှတ်ရတဲ့သူ။မဆိုးဘူး တော်တယ်လို့ပြောရမယ်။ (Pass)
Bက 79~70မှတ်ရတဲ့သူ အောင်တယ်။(Pass)
Cက 69~60 မှတ်ရတဲ့သူ report မကောင်းတာတို့ စာမေးပွဲဖြေလို့မရတာတို့ ဆိုရင်Cရတယ်။  Cက အောင်နိုင်ချေရှိသေးတယ်။(Pass)
Dကတော့50~0မှတ်။ ဒါကတော့ report တွေသေချာမထပ်ရင်၊ စာမေးပွဲဖြေလို့မရရင် Dရပါတယ်။ (Fail)
F ကတော့ တစ်ဘာသာကို အတန်း ၅ချိန်ပျက်ခွင့်ရှိတယ်လို့ သတ်မှတ်ထားရင် ၅ကြိမ်ထက်ကျော်ပြီး ၆ကြိမ်အတန်းပျက်ထားတဲ့သူဆိုရင်တော့ report ဘယ်လောက်ကောင်းကောင်း၊ စာမေးပွဲအမှတ်ဘယ်လောက်များများ လုံးဝကို Fဖြစ်သွားပြီး လုံးဝကိုမစစ်ပေးပါဘူးနော်။ ကျပါတယ်။(Fail)
ဒီလောက်ဆိုရင်တော့ တက္ကသိုလ်ပထမနှစ်အတွက် အမှတ်ယူပုံယူနည်းတွေ သတိထားရမယ့်အချက်တွေကို ဗဟုသုတအနေနဲ့မျှဝေပေးပြီး နောက်အခါကျရင်တော့ ゼミ、サークル ဆိုတာတွေနဲ့ပတ်သက်တာလေးတွေကို မျှဝေပေးမှာမို့လို့ စောင့်ပြီးအားပေးကြပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်။ မိမိရဲ့ အတွေ့အကြုံတွေကို Knowledge Sharing အနေနဲ့မျှဝေတာဖြစ်တဲ့အတွက် မေးမြန်းချင်တာ၊ သိချင်တာရှိရင် messenger မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်၊၊
‌‌ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Kyi Yadanar Oo
Mingalavalue.jp
Facebook:Japan Myanmar Jobs & Knowledge
株式会社アルバイトタイムス 外国人採用支援サービス

MingalaValue(ミンガラバリュ)とは

日本で働きたいミャンマー人材向けの就職・転職サイトになります。
掲載されている求人は全て、当社が求人企業と人材紹介サービス契約の上で取り扱っており、まずはこのサイトを通じて当社に応募・相談いただき、就職・転職のサポートをさせていただきます。
また、求人情報だけでなく、ミャンマー国籍のみなさんが、日本においてより良い就職・転職、スキルアップ、生活、をサポートできるよう様々なお役立ち情報を提供していきます。
「MingalaValue(ミンガラバリュ)」とは、ミャンマー語で「こんにちは」を意味する「Mingalaba(ミンガラバー)」と、「価値」の「Value(バリュー)」を組み合わせた、新しい価値との出会い、新しい自分の発見、輝かしい未来、といった意味合いに加え、その言葉の重なりに、ミャンマーと日本の架け橋となる思いを込めています。
「MingalaValue(ミンガラバリュ)」は、ミャンマー国籍のみなさんの日本での生活を全力で応援します!