- ホーム
- ကုမ္ပဏီမိတ်ဆက် SEMINAR သွားရင် သတိထား ရမယ့် အချက်များ အပိုင်း၁။
ဂျပန်နိုင်ငံမှာ Seminar တွေ説明会 တွေသွားတဲ့အခါ မသွားခင်မှာ ဘယ်လိုအချက်တွေပြင်ဆင်သင့်လဲ
သွားတဲ့အခါမှာရော ဘယ်လိုအချက်တွေကို သတိ ထားသင့်လဲဆိုတာနှင့် ပတ်သတ်ပြီး Knowledge Sharing လေးလုပ်ချင်ပါတယ်။
ကုမ္ပဏီ မိတ်ဆက် Seminar申し込み(လျှောက်လွှာတင်)ခြင်း
ပထမဆုံးအနေနဲ့ Seminar သွားတော့မယ်ဆိုရင် ကိုယ်တက်မဲ့ Seminarကို online သို့ emailကတဆင့်
申し込み(လျှောက်လွှာတင်)ရပါတယ်။申し込み လုပ်တဲ့အခါ လျှောက်လွှာတင်ပြီးရင် ရပြီ ဆိုပြီးဒီအတိုင်းထားလို့ မရပါဘူး။
Seminar အများစုက လူဦးရေ ကန့်သတ်ထားတဲ့အတွက် ကိုယ့်ရဲ့ လျှောက်လွှာကို လက်ခံရဲ့လား၊ ငြင်းပယ်ခံရတာလားဆိုတဲ့
တဖက်က ပြန်လာတဲ့ mail ကို သေချာစစ်သင့်ပါတယ်။
ကိုယ့်ရဲ့လျှောက်လွှာကို လက်ခံလိုက်ပြီ ဆိုတော့မှ seminar လုပ်မဲ့နေရာ၊အချိန်တွေကိုသေချာ 確認 ပြန်လုပ်ပြီး လုပ်ပြီး လမ်းကြောင်းရှာထားဖို့ကလည်း အရေးကြီးပါတယ်။
မိမိသွားမည့်စီမီနာ နေရာရှာထားခြင်း
ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာ၊ သွားနေကျနေရာမဟုတ်တဲ့နေရာတစ်ခုကို သွားရမှာဖြစ်တဲ့အတွက် ရထားမှားစီးမိတာ၊
လမ်းပျောက်တာ၊ရထားတွေနောက်ကျတာတွေကြုံရတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အချိန်မမှီတာနောက်ကျတာမျိုးတွေမဖြစ်အောင် seminar သွားတဲ့ အခါ ရထား လမ်းကြောင်းတွေကို အနည်းဆုံး 2 ways လောက်ရှာထားပြီး အိမ်ကနေထွက်တဲ့အခါ ကြိုတင်စောစောလေးထွက်သင့်ပါတယ်။
ဥပမာ-Seminar ကနေ့ခင်း ၁၂ နာရီမှာစမယ်ဆိုရင် seminar မစခင်၁၅ မိနစ်ကြိုရောက်ရမှာဖြစ်တဲ့အ
တွက် ၁၁း၄၅ အရောက်သွားရပါတယ်၊၊ ဒါကြောင့် အိမ်ကနေ seminar 会場ရောက်တဲ့အထိ ရထားစီး၊
လမ်းလျှောက်တဲ့ လိုအပ်တဲ့ ကြာချိန်ထက်မိနစ် ၃၀ လောက်ကြိုတင်ပြီးသွားသင့်ပါတယ်။
မိမိသွားမည့်Company ရဲ့Informationတွေကို သေချာလေ့လာထားခြင်း
နောက်ထပ် ကြိုတင်ပြင်ဆင်သင့်တဲ့ အရေးကြီးတဲ့ အချက်ကတော့ ကိုယ်သွားတက်တဲ့ Seminarလုပ်မဲ့ Company ရဲ့
Informationတွေကို သေချာလေ့လာထားဖို့ လိုပါတယ်။ Information တွေကိုလေ့လာတဲ့အခါ Company ရဲ့ website
ကိုသွားပြီး လေ့လာနိုင်ပါတယ်။ website ရဲ့HPမှာ CEO(社長) ကဘယ်လို massage တွေပေးထားလဲ၊ company ရဲ့ missionကဘာလဲ၊ဘယ်နိုင်ငံမှာရုံးခွဲတွေရှိလဲ၊ခုလက်ရှိဘယ်လိုProjects တွေလုပ်နေလဲ၊ဘယ်လိုလူမျိုးတွေကို ဦးစားပေး
အလုပ်ခန့်နေလဲ စတဲ့ companyရဲ့information တွေကိုသေချာလေ့လာထားမှ seminar နားထောင်တဲ့အခါ ကိုယ်အတွက်အဆင် ပြေနိုင်ပါတယ်။ ဒါတွေကတော့ မသွားခင်ရက်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်ပါ။
နောက်တပတ်မှ Seminar တကယ်သွားတဲ့နေ့မှာ၊ Seminar တကယ်တက်ရောက်နားထောင်နေတဲ့ အချိန်မှာ ဘယ်လို
အရာတွေကို သတိထားသင့်လဲ ဆိုတာနှင့် ပတ်သတ်ပြီး knowledge sharing လေးထပ်လုပ်ပေးပါ့မယ်။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
Alley Par Dawh
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD