- ホーム
- ဂျပန်တွင် အလုပ်ပြောင်းလျှင် သတိထားရမည့်အချက် အပိုင်း၁။
ဂျပန်တွင် အလုပ်ပြောင်းလျှင် သတိထားရမည့်အချက်
ဂျပန်တွင်အလုပ်တခုမှ တခုသို့ ပြောင်းလျှင်ပြင်ဆင်ရသည့်စာရွက်များ ၊သတိပြုရမည့် အချက်များစွာ ရှိပါတယ် ။
ထိုအထဲမှ ယခု ကာလ တွင် အရေးကြီးသည့် အချက်တချက်ကို သေချာ မဖြစ်နေလုပ်ဖို့ အကြံပေးလိုပါတယ်။
ထိုအချက်သည်
၁။အလုပ်ကျန်းမာရေးးအာမခံကဒ်(社会保険)အကြောင်းပါ။
အခုကာလ မှာ အလုပ်ကနေ ရပ်စဲခံရတာတွေ၊ Project တွေမရှိတော့လို့ စာချုပ်ထပ်မချုပ်တာတွေ၊မိမိသဘောဆန္ဒအလျှောက် အလုပ်ထွက် တာ စသည်ဖြင့် အလုပ်က ထွက်သည့်သူများ ရှိနေပါတယ် ။ထိုသို့အလုပ်ထွက်ရသည့်အခါ အလုပ်မှရထားသည့် ကျန်းမာရေးးအာမခံကဒ် 社会保険 ကို အလုပ်ရှင် (သို့ )HR ထံ မဖြစ်မနေ ပြန်ပေးခဲ့ရပါတယ်။ တချို့ကုမ္ပဏီတွေဆို စောစီးစွာဖြင့် ကျန်းမာရေး အာမခံကဒ်တွေကို ပြန်လည် သိမ်းဆည်းကြပါတယ်။
၂။ထိုအခါ ရပ်ကွက်ရုံးတွင် 国民健康保険(နိုင်ငံသား ကျန်းမာရေး ကဒ်)ကို ချက်ချင်းလုပ်ပါ။
အလုပ်ထွက်စေတာ ဖြစ်ဖြစ်၊ အလုပ်တခုမှ တခု ပြောင်းတဲ့ အခါ ကြားထဲမှာ နားနေရမယ့်ကာလ ရှိပါကလည်း ရပ်ကွက်ရုံးသွားပြီး 国民健康保険カードလုပ်ထားပါ။ 国民健康保険(နိုင်ငံသား ကျန်းမာရေး ကဒ်)သည် ဗီဇာရှိသည့် မည်သူမဆို လုပ်လို့ ရသည် ကျန်းမာရေးအာမခံကဒ်ဖြစ်ပါတယ်။
၃။လုပ်ပုံ လုပ်နည်း
ရပ်ကွက်ရုံးသွားပြီး မိမိ အလုပ်ထွက်စာ (သို့) အလုပ်ထွက်မည့်အကြောင်းHRနဲ့ အပြန် အလှန်လုပ်ထားတဲ့ မေးလ်ရှိပါက ရပ်ကွက်ရုံးကို ပြပါ။
ထိုအရာများမရှိပါက ရပ်ကွက်ရုံးမှ သင့်၏ ကုမ္ပဏီ HRဖုန်းနံပါတ် တောင်းပြီး ရုံးသို့ Confirm ပါလိမ့်မယ်။Confirm လုပ်ပြီးတာနဲ့ချက်ချင်း 国民健康保険カードကို လုပ်ပေးပါလိမ့်မယ်။
၄။ 国民健康保険 ကဒ်ကို ချက်ချင်းလုပ်စေလိုသည့် အကြောင်းအရင်း
အလုပ်ထွက်သည့်အခါ 社会保険カードက ပြန်ထားခဲ့ရတာပါ။အဲ့ဒီအတွက်သင့်မှာ ကျန်းမာရေးအာမခံကဒ် မရှိတော့ပါဘူး။
ကျန်းမာရေးအာမခံ ကဒ်မရှိ အခုလိုကာလမှာ ဖျားနာခဲ့သည်ရှိသော် ဆေးရုံ၊ဆေးခန်းသွားခဲ့ရလျှင် ကုသစာရိတ်၁၀၀ ရာခိုင်နှုန်း မိမိမှပေးရမှာဖြစ်ပါတယ်။
ထို့ကြောင့် အလုပ်ထွက်ပြီး အလုပ်အသစ်ထပ်မရသေးဘဲရှာနေစဉ် ကာလ၊(သို့)အလုပ်သစ်ရပြီးအလုပ်ဝင်ဖို့ စောင့်နေရတဲ့ကာလ ရှိပါက 国民健康保険カード ကျန်းမာရေးကဒ်ကိုလုပ်ထားပါ။
အလုပ်အသစ်မှ 社会保険カードအသစ်ထပ်ရမှ 国民健康保険カード ကိုရပ်ကွက်ရုံးမှာသွားပြန်ဖျက်ပါ။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
ရေးသားသူ : Khine Zin Kyaw
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD