- ホーム
- ဂျပန်တွင် အလုပ်ပြောင်းလျှင် သတိထားရမည့်အချက် အပိုင်း၂။
ဂျပန်တွင် အလုပ်ပြောင်းလျှင် သတိထားရမည့်အချက် အပိုင်း၂။
ဂျပန်တွင်အလုပ်တခုမှ တခုသို့ ပြောင်းလျှင်ပြင်ဆင်ရသည့်စာရွက်များ ၊သတိပြုရမည့် အချက်များစွာ ရှိပါတယ် ။
ထိုအထဲမှ ဂျပန်မှာဆက်လက်နေထိုင်မည့်သူများအတွက် အရေးကြီးသည့် အချက်တချက်ကို သေချာ မဖြစ်နေလုပ်ဖို့ အကြံပေးလိုပါတယ်။
ထိုအချက်သည်
၁။အလုပ်ထွက်ပြီးပါက ဂျပန်လဝက တွင် 届出 အလုပ်ပြောင်းမည့် စာရွက် မဖြစ်မနေတင်ပါ။
ဂျပန်မှာ အလုပ်ဗီဇာ ရရှိထားပြီး အလုပ်ပြောင်းပါက ပြောင်းလို့ရသော်လည်း ဂျပန်တွင် တရားဝင် အလုပ်ဗီဇာဖြင့်နေထိုင်နေသောကြောင့် မဖြစ်မနေ အလုပ်ထွက်ပြီး ၁၄ရက်အတွင်းတွင် မိမိအလုပ်ထွက်ကြောင်း၊အလုပ်ပြောင်းကြောင်း အကြောင်းကြားစာ 転職届け出 ကို မိမိကိုယ်တိုင် သွားတင်ရန်လိုအပ်ပါသည်။
၂။届け出ဆိုတာဘာလဲ။
အိမ်တနေရာမှ တနေရာသို့ ပြောင်းလျှင် ရပ်ကွက်ရုံးတွင် ထွက်စာ၊ နောက်ရပ်ကွက်တွင် စာရင်းသွင်းစာ လုပ်သလိုမျိုး ၊ အလုပ် ဗီဇာပေးခဲ့သည့် လဝက တွင် အလုပ်ပြောင်းကြောင်း ၊အလုပ်ထွက်/ပြောင်း ကြောင်းအကြောင်းကြားစာ တင်ရသည့် သဘောဖြစ်ပါသည်၊။
၃။転職届け出 မတင်လျှင် ဘာဖြစ် နိုင်ပါသလဲ။
မတင်လျှင် မိမိဗီဇာ သက်တမ်းကုန်၍ ဗီဇာ သက်တမ်းထပ်တိုးသည့် အခါ ဗီဇာကြန့်ကြာခြင်း၊ ဗီဇာ မရနိုင်ခြင်း၊ ထုချေလွှာ ရေးရခြင်း၊ မလုပ်တတ် ပါက ရှေ့နေ ငှားရ၍ ပိုက်ဆံကုန် ခြင်းများ ဖြစ်နိုင်ပါသည်။
၄။転職届け出ကို ဘယ်လိုတင်ရသလဲ။
အွန်လိုင်းမှ လည်းတင်လို့ ရပေမယ့် အကောင်းဆုံးကတော့ လဝက သို့ သွား၍ 受付တွင်အလုပ် ပြောင်း/ထွက် သောကြောင့် 届け出 တင်ချင်ပါတယ်ပြောလျှင် လဝက မှ တာဝန်ခံမှ ဖောင်စာရွက် ထုတ်ပေးပါလိမ့်မည်။ လူစောင့်စရာလည်းမလိုပါ။ ထိုဖောင်တွင်မိမိ ကုမ္ပဏီ နာမည်၊ ကုမ္ပဏီ လုပ်ငန်းနံပါတ်၊ နေရာ၊စီအီးအို နာမည်များနှင့် အလုပ်ထွက်/ပြောင်းရသည့် အကြောင်းရင်းကို ၁ကြောင်းလောက် ရေးရပါမည်။ မိမိ နိုင်ငံခြားသားကဒ် နံပါတ်၊ နာမည်တွေရေးရမည် ဖြစ်ပါသည်။
သတိပြုရန်မှာ အလုပ်ထွက်ပြီး အလုပ်မရသေးသူများလည်း အလုပ်ထွက်ပြီး ၁၄ရက်အတွင်း အကြောင်းရမှာ ဖြစ်သလို၊ အလုပ်အသစ် ရထားပြီးမှ အလုပ်ထွက်သူများလည်း အလုပ်ထွက်ပြီး ၁၄ရက်အတွင်းတွင် အကြောင်းကြားရမှာ ဖြစ်ပါတယ်။
အလုပ်သစ်ရရှိပြီးသူများမှာ အလုပ်သစ်လိပ်စာ ၊ကုမ္ပဏီနာမည် အသစ် စသည်များကိုပါ တခါထဲ ရေးရမည်ဖြစ်ပါသည်။ထို့ကြောင့် လဝကတွင် မိမိ အလုပ်ထွက်ပြီးအလုပ်သစ် ရရှိပြီး၊ အခု မှ အလုပ်ရှာမှာ စသည်ကို သေချာ ပြောပါ။ဖောင်စာရွက် မတူသောကြောင့်ပါ။
အသေးစိတ်ကို အောက်ဖော်ပြပါ လဝက ဝက်ဆိုဒ်တွင် သေချာ ကြည့်ပါ။

ဂျပန်ရောက်မြန်မာလူမျိုးများအတွက်အလုပ်ခေါ်စာများနှင့်Information တွေတင်ပေးနေတဲ့အပြင် အလုပ်နဲ့ပတ်သတ်ပြီး Knowledge နှင့်ဆွေးနွေးတိုင်ပင်အကြံပေးတာမျိုးပြုလုပ်ပေးနေတဲ့ MingalaValue Web site နှင့်Japan-Myanmar Jobs & Knowledge Page မှာRegisterလုပ်ထားပြီးလည်းInformationတွေကိုလည်းစုဆောင်းထားနိုင်ပါတယ်။
Credit
ရေးသားသူ : Khine Zin Kyaw
Mingalavalue.jp
Facebook:Japan Myanmar Job & Knowledge
株式会社アルバイトタイムス 外国人採用支援サービス
copyright 2019 ARBEIT-TIMES CO.,LTD